ပုပ်ဖရန်စစ် အာရှ ၃ နိုင်ငံနှင့် ပါပူအာနယူးဂီနီသို့ တမန်တော်ခရီးစဥ်ပြုမည်

ပုပ်ဖရန်စစ် အာရှ ၃ နိုင်ငံနှင့် ပါပူအာနယူးဂီနီသို့ တမန်တော်ခရီးစဥ်ပြုမည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် စက်တင်ဘာလ ၂ ရက်မှ ၁၃ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ၊ တီမောလက်စတေနိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ တမန်တော်လုပ်ငန်းဆိုင်ရာ ခရီးစဥ်ကို ပြုလုပ်မည် ဖြစ်ကြောင်း ဧပြီလ 12 ရက်နေ့တွင် ဗာတီကန် သတင်းတိုက်မှ ကြေညာလိုက်ပြီဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်အထိလည်းကောင်း၊ ပါပူအာနယူးဂီနီနိုင်ငံမိုရက်(စ်)ဘီနှင့် ဗာနီမိုသို့ စက်တင် ဘာလ ၆ ရက်မှ ၉ ရက်အထိလည်း ကောင်း၊ တီမောလက်စတေနိုင်ငံ ဒီလီမြို့သို့ စက်တင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့အထိ လည်းကောင်း စင်္ကာပူနိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ လည်ကောင်း တမန်တော်ကြီး ခရီးစဥ်အဖြစ် ကြွရောက်မည်ဖြစ်သည်။

ယခုခရီးစဥ်သည် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ ၄၃ ကြိမ်မြောက် နိုင်ငံရပ်ခြားသို့ တမန်တော်လုပ်ငန်းဆိုင်ရာ ခရီးစဥ် ဖြစ်ပါသည်။

 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Add new comment

8 + 11 =