ပုပ်ဖရန်စစ်၏ လက်ဘနွန်သို့ ကြွရောက်မည့် တမန်တော်ခရီးရက်ရွေ့ဆိုင်းလိုက်

ပုပ်ဖရန်စစ်၏ လက်ဘနွန်သို့ ကြွရောက်မည့် တမန်တော်ခရီးရက်ရွေ့ဆိုင်းလိုက်

ပုပ်ဖရန်စစ်၏ လက်ဘနွန်သို့ ကြွရောက်မည့် တမန်တော်ခရီးရက်ရွေ့ဆိုင်းလိုက်

          ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အစီအစဉ်အရ လာမည့်ဇွန်လ (၁၂-၁၃) ရက်နေ့၌ လေဘနွန်နိုင်ငံသို့ တမန်တော်ခရီးကြွ ရောက်ရန်ရှိသည်။ သို့သော် မမျှော်လင့်ထားသော သူ၏ဒူးဆစ် နာကျင်သည့်ဝေဒနာကြောင့် ခရီးရှည်သွားရန်အခြေအနေ မပေးသောကြောင့် ရွေ့ဆိုင်းလိုက်ရကြောင်း လက်ဘနွန်နိုင်ငံ၏ ခရီးသွား၀န်ကြီး Walid Nassar  က ပြောကြားခဲ့သည်။

ဗာတီကန်အနေဖြင့်မူ ခရီးစဉ်နှင့်စပ်လျင်း၍ မည်သည့်ကြေညာချက်မျှမထုတ်ပြန်သေးသကဲ့သို့ ရွေ့ဆိုင်းကြောင်းကိုလည်း အတည်မပြုသေးပေ။ သို့သော် ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ဘုရားဖူးများ နှင့်တွေ့ဆုံစဉ် ဘီတပ်လှည့်းဖြင့်လူထုကြားထွက်ပေါ် လာရသည်ကိုထောက်၍ ရဟန်းမင်းကြီး၏ ညာဘက်ဒူးဆစ်၏နာကျင်မှုကိုမှန်းဆနိုင်သည်ဟုဆိုပါသည်။

လက်ဘနွန်နိုင်ငံ သည် စီးပွားရေးအကြပ်တည်းကြီးနှင့်ကြုံနေရသကဲ့သို့ နိုင်ငံရေး အခြေအနေမှာ လည်းပဋိပက္ခများနှင့်ကြုံနေရသည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy : The Times of Isreal

 https://bit.ly/3soSDX6

Add new comment

2 + 0 =