ပုပ်ဖရန်စစ်သည် ဟန်ဂေရီ၀န်ကြီးချုပ်အားကျေးဇူးတင်ကြောင်းမိန့်ကြား

ပုပ်ဖရန်စစ်သည် ဟန်ဂေရီ၀န်ကြီးချုပ်အားကျေးဇူးတင်ကြောင်းမိန့်ကြား

ပုပ်ဖရန်စစ်သည် ဟန်ဂေရီ၀န်ကြီးချုပ်အားကျေးဇူးတင်ကြောင်းမိန့်ကြား

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် သူ့ထံလာရာက်ဖူးတွေ့သော ဟန်ဂေရီ၀န်ကြီးချုပ် Viktor Orbán အား ယူကရိန်းနိုင်ငံမှစစ်ရှောင်ထွက်ပြေးလာကြသောဒုက္ခသည် (၄၇၆၀၀၀) အား ဟန်ဂေရီနိုင်ငံ၌လက်ခံထားပေးသည့်အတွက် ကျေးဇူး တင်ကြောင်းမိန့်ကြားခဲ့သည်။

ယူကရိန်းစစ်ရှောင်များသည် ရုရှားနိုင်ငံ၏ကျူးကျော်စစ်ကိုခံရသည့်အချိန်မှစ၍ ဘေး လွတ်ရာသို့ရရာ နည်းလမ်းများဖြင့်နေ့စဉ်ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်။ ရဟန်းမင်းကြီးက ၀န်ကြီးချုပ်အား ဗာတီ ကန်၌ဆုံတွေ့ရသောကြောင့်၀မ်းသာပါကြောင်း၊ ဟန်ဂေရီနိုင်ငံသားများအနေဖြင့် ယူကရိန်းစစ်ပြေး ဒုက္ခသည်များအား လက်ခံပေးနေသည့်အကြောင်းများကိုတွေးတောနေကြောင်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးနှင့်၀န်ကြီးချုပ်တို့သည် ရယ်ရယ်မောမောဖြင့် လက်ဆောင်များကိုဖလှယ်ကြသည်။ ရဟန်းမင်းကြီးက ၀န်ကြီးချုပ်အား ကြေးဖြင့်သွန်းထားသော စိန့်မာတင်း၏ဆွဲပြားကိုပေးခဲ့သည်။ အဆိုပါဆွဲပြားပေါ်၌ စိန့်မာတင်းသည် အေးချမ်းသောဆောင်းရာသီ၌ အ၀တ်အစား မလုံမခြုံဖြင့် တုန်ရီမေးရိုက်နေသည်ကိုမြင်တွေ့လိုက်ရ၍ သူ၏အပေါ်ချုပ်အကျီကိုပိုင်း၍ပေးခဲ့သည့်ပုံပါရှိသည်။

(၂၀၂၂) ခုနှစ်အတွက် ငြိမ်းချမ်းရေးသတင်းစကားပါးထားသောစာအုပ်ကိုလည်းပေးခဲ့သည်။ ဤစာအုပ် သည် ရဟန်မင်းကြီးဖရန် စစ်၏ ရဟန်းမင်းကြီးအဖြစ်အမှုထမ်းရာတွင်အလွန်အခရာကျသော သတင်းစကားဖြစ်သည်။ ၀န်ကြီးချုပ်ကလည်း Bela Bartok ၏စာအုပ်ကိုလက်ဆောင်ပေးခဲ့သည်။ ဤစာရေးဆရာသည် ဟန်ဂေရီနိုင်ငံမှတေးရေးဆရာတစ်ဦးဖြစ်သည်။ ထို့ အတူ ဂန္ဓ၀င်မြောက်သော စာပေများကိုစုဆောင်းတတ်သူလည်းဖြစ်သည်။ ဤစာအုပ်၌ လွန်ခဲ့သော (၁၇၅၀) ခုနှစ်ကစာ များကိုလည်းစုစည်းထားပြီး၊ ထိုစုစည်းမှု၌ သန့်ရှင်းသောရက်သတ္တပတ်အတွက် ရဟန်းတော်များ ရွတ်ဖတ်ပူဇော်ရသော ဆုတောင်းမေတ္တာများကို အဂ်လိပ်နှင့်လာတင်းနှစ်ဘာသာပါရှိသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ၀န်ကြီးချုပ်နှင့်တူ လိုက်ပါလာကြသောကိုယ်စားလှယ်များအား သူ့အတွက်ဆုတောင်းပေးရန်၊ ကျွန်ုပ်ကိုဆန့်ကျင်ရန်ဆုမတောင်းပါနှင့်ဟု အရွန်းဖောက်ခဲ့သည်။ ယခုကဲ့သို့ ဗာတီကန်သို့လာရောက်လည်ပတ်သော ဟန်ဂေရီ၀န်ကြီးအားကျေးဇူးတင်ပြီး၊ ဟန်ဂေရီသို့ ထပ်မံကြွရောက်ရန်လှိုက်လှဲနွေးထွေးစွာဖိတ်ခေါ်သောကြောင့် ထပ်လောင်းကျေးဇူး တင်ကြောင်း မိန့်ကြားခဲ့ သည်။

ရဟန်းမင်းကြီးသည် ယခုနှစ်အတွင်း ကိုယ်တော်မြတ်ကွန်ဂရက်စ်ပိတ်ပွဲမစ္ဆားပူဇော်ရန် ဟန်ဂေရီသို့ တမန်တော် ခရီးတစ်ထောက်နားကြွရောက်ခဲ့ပြီဖြစ်သည်။ ရဟန်းမင်းကြီးနှင့်၀န်းကြီးချုပ် တို့၏ တွေ့ဆုံခြင်းသည် မိနစ် (၄၀) ခန့်ကြာ မြင့်ခဲ့သည်။ (report from Rome)

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3kuq9XD

 

Add new comment

6 + 3 =