ပုပ်ဖရန်စစ်သည် သူ၏ဒူး‌ဝေဒနာကို နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်နှင့်ဆွေးနွေးတိုင်ပင်ခဲ့

ပုပ်ဖရန်စစ်သည် သူ၏ဒူး‌ဝေဒနာကို နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်နှင့်ဆွေးနွေးတိုင်ပင်ခဲ့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခင်ကိုလံဘီယာနိုင်ငံ၏သမ္မတလည်းဖြစ်ခဲ့သကဲ့သို့ (၂၀၁၆) ခုနှစ်၌နိုဘဲလ်ငြိမ်းချမ်းရေးဆုကိုလည်းပေးအပ်ခံခဲ့ရသောဆုရှင် Juan Manuel Santos နှင့်တွေ့ဆုံခဲ့သည်။

သမ္မတဟောင်းလည်းဖြစ်ပြီး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်က သူ၏သမ္မတသက်တမ်း၌ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၇) တွင်နိုင်ငံသို့တမန်တော်ခရီးကြွရောက်ခဲ့ခြင်းအတွက်လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့်စပ်လျင်း၍ ရဟန်းမင်းကြီး၏အားပေးထောက်ခံမှုအတွက်လည်းကောင်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ သမ္မတဟောင်း သို့မဟုတ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်မှရဟန်းမင်းကြီးအား ဘောလ်ပင်တစ်ချောင်းကိုလက်ဆောင်ပေးခဲ့သည်။

အဆိုပါဘောလ်ပင်အား ကာဘီနက်အမတ်တစ်ဦးမှဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကာ ထိုလက်ဆောင်အားလက်ခံရရှိခြင်းအတွက်ကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ ထိုဘောလ်ပင်ဖြင့်ပင် သဘောတူလက်မှတ်များကိုမှတ်မှတ်ရရရေးထိုးခဲ့ကြသည်။ ထို့အတူ နိုင်ငံ၏အင်တာနက်စစ်ပွဲအမြန်အဆုံးသတ်ပြီးဆုံးရေးကိုရှေ့ရှုသောစာအုပ်များနှင့်စပ်လျင်း၍လည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ရဟန်းမင်းကြီးကလည်း သမ္မတဟောင်းအား 'ထူးစ်မြို့မှစိန့်မာတင်း' ၏ဆင်းတုတော်ကိုလက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ခဲ့သည်။ စိန့်မာတင်းသည် ပြင်သစ်နိုင်ငံ၏မှေးရိုက်ချင်ဆီခဲလုမတတ်အေးသောဆောင်း၏အအေးဒဏ်ကိုမလုံမခြုံခံစားနေသောနွမ်းပါးသူတစ်ဦးအားသူ၏၀တ်ရုံတစ်ပိုင်းကိုဖြတ်၍ပေးခဲ့သူဖြစ်သည်။ ထို့အတူရဟန်းမင်းကြီးသည် သူရေးသားထုတ်‌ဝေခဲ့သောစာအုပ်များကိုလည်းလက်ဆောင် ပေးခဲ့သည်။ တွေ့ဆုံမှုအဆုံး၌ ရဟန်းမင်းကြီးသည် သူခံစားနေရသော ဒူးဒေါင်း‌ဝေဒနာအကြောင်းကို သမ္မတဟောင်းအားထုတ်ပြောခဲ့သည်။

အခြေအနေကိုမေးမြန်းကြည့်ရာ အတော်ကောင်းလာပြီဖြစ်ကြောင်း၊ လမ်းပင်လျှောက်နိုင်ပြီဖြစ်ကြောင်းအပြန်အလှန်ပြောဆိုကြပြီးနောက် ရင်းနှီးစွာနှုတ်ဆက်ပြီး သူ့အတွက်ဆုတောင်းပေးကြရန်ကိုလည်း မမေ့ မလျော့ တောင်းခံခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ZsZyMM

Add new comment

6 + 10 =