ပုပ်ဖရန်စစ်သည် သူငယ်တော်အိမ်များ၌အသုံးပြုရန် သူငယ်ယေဇူး၏ဆင်းတုတော်များကိုကောင်းကြီးပေး

ပုပ်ဖရန်စစ်သည် သူငယ်တော်အိမ်များ၌အသုံးပြုရန် သူငယ်ယေဇူး၏ဆင်းတုတော်များကိုကောင်းကြီးပေး

နှစ်စဉ် တတိယပတ်အာဒ်၀င်တူးတနဂ်နွေနေ့ရောက်ပြီဆိုလျှင် သူငယ်တော်အိမ်၌ဌာပနာမည့် သူငယ်တော်ယေဇူး၏ဆင်းတုတော်များကိုကောင်းကြီးပေးလေ့ရှိသည်။ ထိုအခမ်းအနားကိုအီတလီစကားဖြင့် 'bambinelli' ဟုခေါ်သည်။ ဤအစဉ်အလာကို ရဟန်းမင်းကြီးပေါလ် (၆) ကအစပြုခဲ့သည်။

ထိုအခမ်းအနား၌ရဟန်းမင်းကြီးဖရန်စစ်က သူငယ်တော်အိမ်ရှေ့၌ ဆုတောင်းကြရန် သင်တို့အားဖိတ်ခေါ်ပါသည်။ ဤသို့ဖြင့် သူငယ်တော်ယေဇူး၏ရောင်ခြည်တော်သည် ကမ္ဘာတစ်၀ှမ်းရှိကလေးသူငယ်များအား ငြိမ်သက်ခြင်းကောင်းကြီးဆောင်ယူလာပေးမည်။ အထူးသဖြင့် စစ်မီးလျှံများကြား၌တုန်လှုပ်ခြောက်ခြားဖွယ်နေ့ရက်များကိုမဖြစ်မနေရှင်သန်ဖြတ်သန်းနေရသော ယူကရိန်းမှကလေးများအတွက်ငြိမ်းချမ်းရေးဆောင်ယူလာပေးရန် အဘယ် ကြောင့်ဆိုသော် နေ့စဉ်လူ့အသက်သေကြေနေရာတွင် ကလေးသူငယ်များစွာလည်းအသက်ဆုံးရှုံးနေကြသည်။ သူငယ်တော်ယေဇူး၏ဆင်းတုတော်များကို ကျွန်ုပ်ကောင်းကြီးပေးရင်းအ ထက်ကဆိုခဲ့သောအခြေအနေ၌ရှိနေကြသော ကလေးများအားလည်းကောင်းကြီးပေးလိုက်ပါသည်ဟုမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3WANUOE

Add new comment

1 + 5 =