ပုပ်ဖရန်စစ်သည် ထောင်ပေါင်းများစွာသော ပြင်သစ်တရားထောက်လူငယ်လေးများနှင့် တွေ့ဆုံကာ ဟာသ နှောခဲ့

ပုပ်ဖရန်စစ်သည် ထောင်ပေါင်းများစွာသော ပြင်သစ်တရားထောက်လူငယ်လေးများနှင့် တွေ့ဆုံကာ ဟာသ နှောခဲ့

ပုပ်ရဟန်းမင်ကြီး ဆဋ္ဌမ မြောက် ပေါလ်ခန်းမမှာ ပုပ်ဖရန်စစ်ဟာ ပြင်သစ်နိုင်ငံ ဘုရားဖူးခရီးသည်များထဲက တရားထောက် လူငယ် (၂၅၀၀) နဲ့ တွေ့ဆုံခဲ့ပြီး အခြားသူများရှေ့တွင် သူတို့ကိုယုံကြည်ခြင်းရဲ့သက်သေခံများအဖြစ် ခေါ်ဝေါ်ခဲ့ပါတယ်။

ပုပ်ဖရန်စစ်သည် အဆိုပါ တရားထောက် လူငယ်များအား "သင်တို့ဟာ သာသနာလုပ်ငန်းလုပ်ဆောင်ဖို့ရွေးချယ်ခဲ့ကြပြီး၊ သင်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ တစ်ခါတရံ သင်တို့ရဲ့ အနစ်နာခံမှုတွေနဲ့ သင်တို့ကိုယ်သင်တို့ တရားထောက်အဖြစ် ဆက်ကပ် အပ်နှံဖို့ လက်ခံခဲ့တဲ့အတွက် သင်တို့ကိုကျေးဇူးတင်ပါတယ်၊။ သင်တို့ရဲ့ တခြားသူငယ်ချင်းတော်တော်များများက တနင်္ဂနွေမနက်ခင်းမှာဆိုရင် ကစားမက်၊ အအိပ်မက်တဲ့အချိန်မှာ သင်တို့ကတော့ ယဇ် ပလ္လင်အရှေ့မှာရောက်ရှိနေကြပြီ" လို့လည်း ချီးကျူးစကား မြွက်ကြားခဲ့ပါ်တယ်။

"သင်တစ်ယောက်ထဲဖြစ်နေရင်တောင်မှ ဒါမှမဟုတ် သင်ကြီးပြင်း လာတဲ့အထိတိုင်အောင် ယဇ်ပလ္လင်တော်ရှေ့မှာ ဆက်ကပ်ဖို့ မရှက်ပါနဲ့။ သခင်ယေဇူးက မစ္ဆားတရားအတွင်းမှာ ကျွန်ုပ်တို့အတွက် မိမိအသက်ကို ပူဇော်နေတဲ့အချိန်အတွင်း သူ့ကိုအစေခံရခြင်းဟာဆိုရင်ဂုဏ်ယူစရာပါပဲ" ဆိုပြီး လည်းဆက်လက်မြွက်ကြားခဲ့ပါတယ်။

အွန်လိုင်းပေါ်က သူငယ်ချင်းအတုအယောင်ထက် ဒီလောကမှာ တကယ်ပဲ တွေ့ရှိပြီး ခင်မင်လို့ရတဲ့သူငယ်ချင်းအစစ်အမှန်တွေနဲ့ မိတ်ဆွေဖွဲ့ပြီး၊ သူတို့မိသားစုတွေနဲ့အတူ ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံလို့ရတဲ့ မိတ်ဆွေတွေကိုသာ ပေါင်းသင်းဖို့ ပုပ်ဖရန်စစ်က အားပေးခဲ့တယ်။

ပြင်သစ် သာသနာတိုက်နယ် ( ၅၁ ) နယ်မှ လာရောက်ကြတဲ့ လူငယ်ဘုရားဖူးတွေဟာ သူတို့ အိမ်မပြန်ခင် ရောမမြို့မှာ ရှိတဲ့ အထင်ကရနေရာအချို့ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

Photo courtey Vatican News
https://bit.ly/3x2sgII

Add new comment

4 + 0 =