ပုပ်ဖရန်စစ်မှ အသက်ရှူစက် အလုံး ၃၀ လျှူဒါန်း

ပုပ်ဖရန်စစ်မှ အသက်ရှူစက် အလုံး ၃၀ လျှူဒါန်း

ပုပ်ဖရန်စစ်မှ အသက်ရှူစက် အလုံး ၃၀ လျှူဒါန်း

ကိုရိုနာကပ်ဘေး အချိန်မှာ အထူးလိုအပ်နေတဲ့ အသက်ရှုစက် အလုံး ၃၀ ကို ပုပ်ရဟန်းမင်းကြီး၏ ဂရုဏာရေးရုံးမှ တဆင့် အရှင်သူမြတ် ပုပ်ဖရန်စစ် က ဆေးရုံ ၃၀ သို့ ဘာလျှုဒါန်းခဲ့တယ်လို့ ကြာသပတေးမှာ ဗာတီကန်သတင်းက ဖော်ပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဟာ အသက်ရှုလမ်း​ကြောင်းဆိုင်ရာ ဖျားနာခြင်း ဖြစ်ပြီး အီတလီအပါအ၀င် ကမ္ဘာပေါ်မှ ဆေးရုံများအတွက် အသက်ရှူစက်များဟာ မရှိမဖြစ်လိုအပ်လာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက အီတလီရဲ့ တရက် လူသေနုန်းဟာ ၆၀၀ ၊ ၇၀၀ ဉီးရေ ရှိ ကြောင်းနဲ့ အီတလီ မြောက်ပိုင်း ဒေသ Lombardy နယ်ဟာ သက်ကြီးရွယ်အို အများဆုံးရှိတဲ့နေရာမို့ အထိအနာဆုံးနေရာဖြစ်တယ်လို့ဆိုပါတယ်။
အီတလီမှာလည်း တခြားနိုင်ငံများနည်းတူ မစ္ဆားတရားများကျင်းပလို့ မရပဲ ပိတ်ထားရပါတယ်။ ပုပ်ရဟန်းမင်းကြီး ရဲ့ ဂရုဏာရေး ရုံးကတော့ အသက်ရှူစက် ဝေတာ အပြင် ဆင်းရဲသားများအတွက် အစားအစာ များလည်း ပုံမှန်ဝေငှပေးနေကြောင်းနဲ့ တာ၀နါခံ ကာဒီနယ်ကြီးဟာ ၂၀၀ လီတာ ရှိတဲ့ လတ်လတ်ဆတ်ဆတ်ဒိန်ချဉ် အိုးများကို ဆင်းရဲသားများကို အစားအသောက်ဝေငှပေးနေတဲ့ သူတော်စင် အသင်းဂိုဏ်းများသို့ ပို့ပေးခဲ့သည်ဆိုခြင်းကို CNA မှ သတင်းရရှိပါတယ်။

 

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: AsiaNews

 

https://bit.ly/2JkXyBa

 

Add new comment

12 + 1 =