ပုပ်ဖရန်စစ်မှကြီးမှူးဖွဲ့စည်းထားသောစပိန်အခြေဆိုက်အဖွဲ့စပိန်နိုင်ငံမှချီးမြှင့်သော လူ့အခွင့်အရေးဆုချီးမြှင့်ခံရ

ပုပ်ဖရန်စစ်မှကြီးမှူးဖွဲ့စည်းထားသောစပိန်အခြေဆိုက်အဖွဲ့စပိန်နိုင်ငံမှချီးမြှင့်သော လူ့အခွင့်အရေးဆုချီးမြှင့်ခံရ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ အစီအစဉ်ဖြင့်ဖွဲ့စည်းထားသော ‘brainchild’ Scholas Occurrentes’ဟုအမည်ပေးထားသည့် ပညာရှင်များအဖွဲ့သည် စပိန်နိုင်ငံ၊ Seville တက္ကသိုလ်မှ Juan Antonio Carrillo Salcedo ၏အမြင့်ဆုံးဆုဖြစ်သည့် လူ့အခွင့်အရေးဆုကိုဆွတ်ခူးရရှိထားသည်။

ချီးမြှင့်ရခြင်းမှာလူ့အခွင့်အရေးကိုကာကွယ်ရန်အားထုတ်လုပ်ဆောင်နေသောကြောင့်ဖြစ်သည်။ ဤဆုကိုနှစ်နှစ်တစ်ကြိမ်ချီးမြှင့်ပေးလျှက်ရှိရာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနယ်ပယ်များ၌ လူ့အခွင့်အ‌ရေးချိုးဖောက်ခံရမှုမှကာကွယ်ဖော်ထုတ်ပေးသောစွမ်းဆောင် ရှင်တစ်ဦးစီအားဖြစ်စေ၊ တစ်စုတစ်ဖွဲ့အနေဖြင့်ဖြစ်စေချီးမြှင့်သောဆုဖြစ်သည်။ ဤဆုများကို စပိန်ဘုရင်မ ဆိုဖီယာ၊ မြို့တော်၀န် Federico Zaragoza၊ Marcelino Oreja၊ Adela Cortina တို့ကအသီးသီးရရှိခဲ့ကြသည်။

ဆုချီးမြှင့်ရေးတာ၀န်ရှိအဖွဲ့၏သုံးသပ်ချက်၌ ဤအဖွဲ့အားဆုချီးမြှင့်ရခြင်းမှာ ကမ္ဘာတစ်၀ှမ်းမှလူငယ် များ၏ အခွင့်အရေးကိုကာကွယ်ပေးခြင်း၊ ဆန်းသစ်သော၊ လက်တွေ့ကျသောလုပ်ဆောင်မှုများ၊ လူငယ်များပိုမိုကောင်းမွန်ပြီး အဓိပ္ပါယ်ရှိစွာရှင်သန်နိုင်ရန်ကူညီပေးနေသောကြောင့်ဖြစ် ကြောင်း၊ ဤအဖွဲ့ကိုဖွဲ့စည်းတည် ထောင်ပြီးသည့်နောက်ပိုင်း ယဉ် ကျေးမှု၊ သက်၀င်ယုံကြည်မှုမတူသောနောက်ခံရှိသည့်လူငယ်များစွာတက်ရောက်နိုင်သောအစီအစဉ်များကို မိုဇမ်းဘစ်၊ အီရတ်နှင့်လာတင်းအမေရိကားနိုင်ငံများ၌တက္ကသိုလ်ပညာ၊ အားကစားကျောင်းများဖွင့်လှစ်၍ လုပ်ဆောင်ပေးလာခဲ့သည်။

ဟေတီနိုင်ငံမှပညာတော်သင်လူငယ်များသည် နေ့စဉ်နှင့်အမျှလူငယ်တို့၏ ဂုဏ်သိက္ခာအတွက်ပညာရေးဖြင့်ရယူရန်ကြိုးစားနေကြသည်။ Los Angeles၊ Miami၊ New York၊ Washington ၌ပညာတော်ရှင်များက လူငယ်များအနေဖြင့်အမုန်းတရား၊ ထိပ်တိုက်တွေ့ဆုံခြင်းမျိုးကိုအဓိပ္ပါယ်ရှိရှိ တွေ့ဆုံဆွေးနွေးတတ်ရန်ကိုသင်ကြားပေးလမ်းညွှန်ပေးနေသည်။ နေ့စဉ်နှင့်အမျှပညာရှင်များသည် ကလေးများ၊ လူငယ်များတို့၏ပြဿနာများဖြစ်ကြသော ဉာဏ်ရည်ပိုင်းဖွံ့ဖြိုးမှု၊ အဆုံး စီရင်လိုစိတ်၊ လုံခြုံမှုမရှိဟုခံစားရခြင်း၊ တစ်ခုခုကိုစွဲနေခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ အလွဲအသုံးချခံရခြင်း၊ ကလေးများအားလွိင်ပိုင်းအမြတ်ထုတ်ခြင်း၊ အကြမ်းဖက်မှုနှင့်အခြားသောဖြစ်ရပ်များစွာတို့ကိုရင်ဆိုင်နေကြရသည်။

ပညာရှင်များသည် လူငယ်တို့၏ အခွင့်အရေးကိုဘာသာ၊ လူမျိုး၊ ဒေသ၊ စီးပွားရေးအခြေအနေများကိုမထောက်ဘဲ လက်တွေ့ကျသောလုပ်ဆောင် ချက်များဖြင့်ကာကွယ်ပေးလျှက်ရှိသည်။ အဓိပ္ပါယ်ရှိရှိ ကိုင်တွယ်ဖြေရှင်းခြင်းသည် မတူညီကွဲပြားမှုကိုစုစည်းနားလည်စေသည်ဟုယုံကြည်သော ကြောင့်ဖြစ်သည်။

‘Scholas Occurrentes’ ၏ဥက္ကဌဖြစ်သူ José María del Corral က ပညာတော်ရှင်များအနေဖြင့် အဓိပ္ပါယ် ရှိသောဘ၀တစ်ခုကိုပိုင်ဆိုင်ရန်မှာ လူ့အခွင့်အရေးအပြည့်အ၀ရှိခြင်းဖြစ်ကြောင်း၊ ဤလူ့ အခွင့်အရေးကိုအဘယ်သူမျှချိုးဖောက်မရကြောင်း၊ ဤပန်းတိုင်ကိုဆွတ်ခူးရန်မှာ ကျွန်ုပ်တို့အနေဖြင့် အခက်အခဲ၊ ပြဿနာများစွာကိရင်ဆိုင်ဖြေရှင်းနေကြရကြောင်းဖြေကြားခဲ့သည်။ ကျွန်ုပ်တို့ကိုင်တွယ်ဖြေရှင်းနေရသောအခက်အခဲများအနက် မိမိကိုယ်ကိုအဆုံးစီရင်လိုခြင်းကိုကာကွယ်နိုင်ရန်၊ လူငယ်တို့၏ဉာဏ်ရည်ဖွံ့ဖြိုးရေးစသည်တို့ကို နိုင်ငံပေါင်း (၃၀) တွင်လုပ်ဆောင်နေကြောင်း၊ ထို့အတူပါနားမားနိုင်ငံရှိမှုးယစ်ရာဇာဂိုဏ်းအဖွဲ့၊ နေပယ်မှ Camorra အဖွဲ့၊ ပေါ်တူဂီ၊ မက်ဆီကို၊ စပိန်နိုင်ငံတို့မှကလေးများအားပုံစံအမျိုးမျိုးဖြင့်အသုံးချခံရမှုတို့နှင့်ရင်ဆိုင်ဖြေရှင်းနေကြရသည်။ ၄င်းအပြင် ပညာတော်ရှင်လူငယ်များသည် ၄င်းတို့၏အ ချိန်၊ ၀ါသနာများကိုဆက်ကပ်၍ နေ့စဉ်ကမ္ဘာ့လူငယ်များထံသို့ရောက်ရှိနိုင်ရေးကြိုးစားအားထုတ်နေကြသည်။ ဤအဖွဲ့အစည်းကိုလည်းယုံကြည်စွာဖြင့်၄င်းတို့အား အပ်နှံထားသောကြောင့်လည်း ဤဆုကိုချီးမြှင့် ရခြင်းဖြစ်သည်။

ဤအဖွဲ့စပိန်သို့ရောက်ရှိလာခဲ့သည်မှာ (၂၀၁၅) ခုနှစ်ကဖြစ်သည်။ ထိုအချိန်ကစ၍ ဒေသန္တရသာသ နာနှင့်လက် တွဲ၍သက်၀င်ယုံကြည်မှုမတူသောဘာသာများနှင့်လည်းကောင်း၊ ပညရေး၀န်ကြီးနှင့်လည်းကောင်း၊ လူငယ်နှင့်လူမှုရေးရာ၀န်ကြီးဌာနနှင့်လည်း ကောင်းချိပ်ဆက်၍ အစီအစဉ်များစွာကိုမတူညီ သောဒေသ၊ နိုင်ငံများ၌ဖော်ဆောင်ခဲ့သည်။ ဥပမာအားဖြင့် ၄င်းတို့ဖော်ဆောင်နိုင်ခဲ့သောနိုင်ငံများမှာ မာဒရစ်၊ ကာတာလိုးနီးယား၊ ဂါလီးချီးယား၊ ဗာလန်ချီးယန်မိသားစု၊ အန်ဒါလူးစီးယား၊ ကန်တားဘရီယားတို့၌ဖြစ်သည်။

ပညာရှင်များသည် မာဒရစ်၊ ဂရန်နာဒါ၊ ဗာလန်းစီးယားနှင့်ဘာစီလိုးနားတို့၌ တက္ကသိုလ်ခွဲ များလည်းဖွင့်လှစ်နိုင်ခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/38YFQ

 

Add new comment

4 + 2 =