ပုပ်ဖရန်စစ်က (၂၀၁၉) ပါစကားတနဂ်နွေနေ့မစ္ဆားပူဇော်နေစဉ် ဗုံးဖောက်ခွဲခဲ့မှုကို ထပ်မံစုံစမ်းဖော်ထုတ် ပေးရန် သီရိလက်ာအစိုးရအားတောင်းဆိုလိုက်

ပုပ်ဖရန်စစ်က (၂၀၁၉) ပါစကားတနဂ်နွေနေ့မစ္ဆားပူဇော်နေစဉ် ဗုံးဖောက်ခွဲခဲ့မှုကို ထပ်မံစုံစမ်းဖော်ထုတ် ပေးရန် သီရိလက်ာအစိုးရအားတောင်းဆိုလိုက်

ပုပ်ဖရန်စစ်က (၂၀၁၉) ပါစကားတနဂ်နွေနေ့မစ္ဆားပူဇော်နေစဉ် ဗုံးဖောက်ခွဲခဲ့မှုကို ထပ်မံစုံစမ်းဖော်ထုတ် ပေးရန် သီရိလက်ာအစိုးရအားတောင်းဆိုလိုက်

            သီရိလက်ာ၏ကာဒီနယ် Malcolm Ranjith ကသီရိလက်ာမှအခြားသောဆရာတော် (၁၀) ပါးနှင့် အတူ စိန့်ပီတာ ဘာစီးလီကာဘုရားကျောင်းတော်ကြီး၌ မစ္ဆားတရားပူဇော်ခဲ့သည်။ မစ္ဆားပူဇော်ပြီးနောက် ရဟန်းမင်းကြီးက ဆရာတော် ကြီးတို့၏အဖွဲ့အားလာရောက်နှုတ်ဆက်ခဲ့သည်။ ထိုသို့နှုတ်ဆက်ရင်း အမှန်တရား ကိုတိုက်ခိုက်ခဲ့ကြသောသူတို့ကို တ ရားမျှတစွာဖော်ထုတ် အရေးယူပေးရန် တောင်း ဆိုခဲ့သည်။

            ရဟန်းမင်းကြီးက ‘ကျွန်ုပ်အနေဖြင့် သင်တို့နိုင်ငံ၏အစိုးရအား မတောင်းဆိုဘဲဤအမှုကိုအဆုံး မသတ်စေလိုပါ။ အမှန်တရားကိုချစ်၍ သင်တို့၏ပြည်သူကိုချစ်သောကြောင် ကျေးဇူးပြု၍ ထိုမတရား မှုကိုကျူးလွန်ရာ၌တာ၀န်ရှိသူတို့ အား ရှင်းလင်းစွာဖော်ထုတ်ပေးစေလိုသည်။ သို့မှသာ သင်တို့၏ ဩတ္တပ္ပစိတ် (လိပ်ပြာ) သည်လည်းလည်းကောင်း၊ သင် တို့၏နိုင်ငံသည်လည်းကောင်း ငြိမ်းချမ်း မည်ဖြစ် သည်’ ဟုမိန့်ကြားခဲ့သည်။

            ယခုရဟန်းမင်းကြီးညွှန်းဆိုသောအကြောင်းအရာကား (၂၀၁၉) ခုနှစ် ပါစကားတနဂ်နွေနေ့၌ အကြမ်းဖက်အုပ်စု က ပါစကားမစ္ဆားတရားပူဇော်နေချိန်တွင် ဗုံးဖောက်ခွဲခဲ့၍ဘုရား ၀တ်ပြုသူများ အသက်ဆုံးရှုံးခဲ့ရသည်။ ထိုအမှုနှင့်ပတ် သက်၍ ISIS အဖွဲ့နှင့်အချိပ်အဆက်ရှိသောသူ (၂၅) ဦးကိုစုံစမ်းစစ်ဆေး လျှက်ရှိသည်။ သို့သော်ပွင့်လင်းမြင်သာမှုမရှိ သောကြောင့် ဗုံးပေါက်ကွဲမှုတွင် အသက် ဆုံးရှုံးသွား ခဲ့သောဘာသာတူတို့၏မိသားစုက အစိုးရအား ပွင့်လင်းမြင်သာမှုကို ဆက်လက် တောင်း ဆိုနေကြသည်။ အစိုးရအနေဖြင့် ယခုကဲ့သို့တိုက်ခိုက်မည့်အစီအစဉ်ကို တင်ကြိုသိထားခဲ့သော်လည်း လုံခြုံမှုတင်းကြပ်၍ ကာကွယ်ရန်ပျက်ကွက်ခဲ့သည်ဟုလည်းမိသားစု၀င်များကဆိုပါသည်။

            သီရိလက်ာကာဒီနယ်ကလည်း ဤအမှုနှင့်ပတ်သက်၍ ISIS အဖွဲ့နှင့်ဘာသာရေး အစွန်းရောက် တို့နှင့်သာဆက် နွယ်ခြင်းမဟုတ်ဘဲ ခန်းစည်းနောက်ကွယ်၌ အစိုးရ၏ပူးပေါင်း ပါ၀င်မှုလည်းရှိနိုင် သည့် အရိပ်အယောင်များတွေ့နေရ သည်ဟုဆိုပါသည်။ ယခုသီရိလက်ာကက်သလစ်ဆရာတော်ကြီးများ ရောမ မြို့သို့လာရောက်ချိန်သည် သီရိလက်ာအစိုးရ ကပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှု မြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ့သမိုင်း၌ စီးပွား ရေးချွတ် ခြုံအကျဆုံး အခြေအနေသို့ရောက်ရှိသွားသောကြောင့်ဖြစ်သည်။

သီရိလက်ာနိုင်ငံရှိ ကက်သလစ် သာသနာ တော် ကြီးသည် အစိုးရအတွက်မနှစ်မြှိုစရာဖြစ်နေသည်။ ထို့ကြောင့် ဆရာတော် ကြီးများ အနေဖြင့် နိုင်ငံ အတွင်းကင်းပျောက် နေသောလူ့ အခွင့် အရေးများပြန်လည်ရှင်သန်လာစေရန်အတွက် ရဟန်းမင်းကြီးနှင့် ကုလ၏ အကူအညီကိုတောင်းခံခဲ့ သည်။ လက်ရှိ၌ နိုင်ငံအတွင်းမှမိသားစုအတော်များများသည် စားစရာ မရှိဖြစ်နေကြသည်။ ဆိုးဆိုး ၀ါး၀ါးနွမ်းပါးချို့တဲ့ နေကြသည်။ ဤအကြောင်းကိုလည်း တရား၀င် ထုတ် ဖော်ပြောလိုပါသည်။ နိုင်ငံတကာ၏အကူအညီကိုလည်းတောင်းခံ ရင်း လူ့အခွင့်အရေးကိုပင်မလေးစား၊ မလိုက်နာသော ကျွန်ုပ် တို့၏ အာဏာရှင်အစိုးရကိုမထောက်ခံရန်လည်းတောင်းဆို ပါသည်။ သီရိလက်ာနိုင်ငံမှ ကက်သလစ် ဆရာ တော်ကြီးများသည် ရဟန်းမင်းကြီး၏အားပေးနှစ်သိမ့်ပေးသည့်စကား၊ အ ကြံကောင်း ဉာဏ် ကောင်းများကိုကြားနာရယူပြီးနောက် (၂၀၁၉) ပါစကားတနဂ်နွေနေ့က ဗုံးပေါက်ကွဲမှုကို ပွင့်လင်းမြင် သာမှုရှိအောင်လုပ်ဆောင်ရန် အိမ်စာများရယူကာ မိမိတို့၏တိုင်းပြည်သို့ပြန်သွားကြတော့မည်ဖြစ်သည်။ ဤရာ ဇ၀တ်မှု ကြီးကိုမှန်ကန်စွာ၊ ပွင့်လင်းမြင်သာမှုရှိစွာဖော်ထုတ်နိုင်မှသာ မိသားစု၀င်ဆုံးရှုံး သွားသော သူတို့အား တရားမျှတခြင်း အောင်ကူညီပေးရာရောက်ပေမည်။  

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rWtfHL

 

Add new comment

1 + 13 =