ပုပ်ဖရန်စစ်က ရဟန်းမင်းကြီး (ငြိမ်း) ဘေးနေဒစ် (၁၆) အတွက်အထူးဆုတောင်းပေးရန်တောင်းဆို

ပုပ်ဖရန်စစ်က ရဟန်းမင်းကြီး (ငြိမ်း) ဘေးနေဒစ် (၁၆) အတွက်အထူးဆုတောင်းပေးရန်တောင်းဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယနေ့ ကမ္ဘာတစ်၀ှမ်းမှရောက်ရှိနေသောဘုရားဖူးများနှင့်တွေ့ဆုံဆုတောင်းစဉ်၌ ဆေးလ်မြို့မှစိန့်ဖရန်စစ်၏ပျံလွန်ခြင်းနှစ် (၄၀၀) ပြည့်နှစ်ပတ်လည်နေ့ကိုအမှတ်ရခဲ့သည်။

စိန့်ဖရန်စစ်အားဂုဏ်ပြုသောအားဖြင့် 'စာချွန်တော်' တစ်စောင်ကိုလည်းပုံနှိပ်ထုတ်‌ေ၀လိုက်ကြောင်းကိုလည်းအသိပေးကြေညာခဲ့သည်။ ထိုစာစောင်ကို 'Everything Belongs to Love' (အရာရာသည် ချစ်ခြင်းနှင့်သာဆိုင်သည်) ဟုခေါင်းစဉ်ပေးထားသည်။

'သန့်ရှင်းသောအမိသာသနာ၌ အရာရာသည်ချစ်ခြင်းနှင့်သာဆိုင်သည်။ ချစ်ခြင်း ၌ရှင်သန်သည်။ ချစ်ခြင်းဖြင့်ဆောင်ရွက်သည်။ ချစ်ခြင်းဖြင့်ဖြစ်လာသည်။ ကျွန်ုပ်တို့အားလုံး အလွန်လှပသော ဤချစ်ခြင်းလမ်းကိုလျှောက်လှမ်းနိုင်ကြပေမည်။

ယနေ့သည် ခရစ္စမတ်ပွဲပြီး တတိယနေ့ဖြစ်သည်။ ထို့ကြောင့်ရဟန်းမင်းကြီးသည်ခရစ္စမတ်အကြောင်းကိုထောက်ရှုခဲ့သည်။ အထူးသဖြင့် 'စားခွက်' ၏ပုံရိပ်ကိုရှင်းပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သံလုကာ သည် အနှစ်သာရပြည့်၀စွာတင်ပြသည်။ သိကြားတမန်တော်သည် ယေဇူးသခင်၏မွေးဖွားသန့်စင်ခြင်းသတင်းကိုကြေညာသောအခါ 'သွား၍ရှာဖွေကြလော့။ သင်တို့သိရှိနိုင်သောအမှတ်အသားသည်ကား အနှီးပတ်လျက်နွားစာခွက်၌ သိပ်ထားလျှက်ရှိသည်' ဟုဖြစ်သည်။

'စားခွက်' သည်သိသာထင်ရှားသောအမှတ်အသားဖြစ်သည်။ ယေဇူးသခင် ၏ပလ္လင်သည် 'စာခွက်လေလော၊ လမ်း ကြောင်းလေလော။ ဤအကြောင်းကိုသူ (ယေဇူးသခင်) ၏ဘ၀တစ်လျှောက်လုံး (သို့) နောက်ဆုံးကားတိုင်ပေါ်၌‌ဟောကြားခဲ့ သည်။ ဤသည်ကား ကျွန်ုပ်တို့ဘုရင်၏ ပလ္လင်ဖြစ်သည်။'

ထိုဆုတောင်း ခြင်းအဆုံးပိုင်း၌ ရဟန်း မင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အတွက် အထူးဆုတောင်းပေးရန်တောင်းခံပေးခဲ့သည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် တိတ်ဆိတ်ခြင်း၌ သာသနာတော်ကြီးကိုကူညီပံ့ပိုးပေးနေသည်။ ရဟန်းမင်းကြီးသည် အသည်းအသန်ဖြစ်နေသည်။ ဘုရားသခင်နှစ်သိမ့်ပေးရန်ဆုတောင်းပေးကြပါ။ သာသနာကိုချစ်သည့်သက်သေကိုအဆုံးတိုင်အောင်တည်ကြည်စေရန်ဆုတောင်းပေးကြပါ။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်း ကြီး ပေါလ် (၆) ၏ခန်းမကြီးမှမထွက်ခွာမီ ထိုခန်းမ၌ တည်ဆောက်ထားသောသူငယ် တော်အိမ်သို့သွား၍လည်း ဆုတောင်းခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3YTitB2

Add new comment

8 + 12 =