News

Monday, May 25, 2020

ပုပ်ဖရန်စစ်မှ တရုတ်ပြည်အား မယ်တော်ထံ ကိုးစားအပ်နှံကာဆုတောင်း

လူဉီးရေသိပ်သည်းတဲ့ ကမ္ဘာ့နိုင်ငံတခု ဖြစ်တဲ့ တရုတ်ပြည်ဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလင်းကျေးဇူးတော်ရရှိစေရန်ဆုတောင်းကြဘို့ တရုတ်ပြည်ကက်သလစ်ဘာသာ၀င်များအားအရှင်သူမြတ်က ဖိတ်ခေါ်ကာ၊ ကညာစင်မယ်တော်ထံ တနင်္ဂနွေနေ့က အပ်နှံဆုတောင်းပေးခဲ့ပါတယ်။

ချစ်လှစွာသော တရုတ်ပြည်မှ ကက်သလစ်ဘာသာ၀င်သားသမီးအပေါင်းတို့ သင်တို့ရဲ့ပူပင်သောက ဒုက္ခများစွာအတွက် ကမ္ဘာပေါ်ရှိ သာသနာတော်ကြီးတခုလုံးက အတူရှိလျှက်ဆုတောင်းပေးနေပါတယ်လို့ Regina Caeli မေတ္တာရွတ်ဆိုခြင်းအပြီး မေလ ၂၄ ရက်နေ့မှာ အရှင်သူမြတ်ကမြွက်ကြားခဲ့တာဖြစ်ပါတယ်။

Monday, May 25, 2020

စိန့်ပီတာ ရင်ပြင်တော်သို့ ဘုရားဖူးများပြန်လည်ဝင်ရောက်လာ

Monday, May 25, 2020

 ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးရှိသော်လည်းလူ့အသက်ကိုကာကွယ်ခြင်းလှုပ်ရှားမူကို အွန်လိုင်းမှပြုလုပ်

Saturday, May 23, 2020

မိမိတို့၏ သန့်ရှင်းသောအကျင့်ပုံစံဖြင့်ဘုရားသခင်ကိုသက်သေခံကြရန်ခရစ်ယာန် များအားပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှအားပေးတိုက်တွန်း

သခင်ခရစ်တော်၏ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းအခန်အနားကိုကျင်းပရန်ုပြင်ဆင်နေသော အချိန်ကာလ၌ မိမိတို့ကိုယ်ကို သခင်ခရစ်တော်ပတွက် သစ္စာရှိစွာဖြင့် ရက်ရောစွာပေးဆပ်ထားသော ခရစ်တော်၏နောက်လိုက်ကောင်းများဖြစ်ကြဖိုရန်နှင့် မိမိတို့၏သန့်ရှင်းသောအကျင့်ပုံစံဖြင့်ဘုရားသခင်ကိုသက်သေခံကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ လူထုပရိတ်သတ်များအား ပြောကြားရာ၌ တိုက်တွန်းအားပေးခဲ့သည်။

By Fr.Benedict Mayak SJ

Saturday, May 23, 2020

ဖန်ဆင်းခြင်းရဲ့ ထူးဆန်းအံ့ဩစရာကောင်းတဲ့အရာများသည် ကျွန်ုပ်တို့အား ဆုတောင်းဖို့်ရန် လမ်းဖွင့်ပေးသည်။

Saturday, May 23, 2020

ရဟန်းမင်းကြီး၏လမ်းညွှန်မူကိုခံယူသောလူ့အသက်ကိုစူးစမ်းလေ့လာသည့်ကျောင်းကလူအစားထိုး၍စက်ရုပ်များသုံးခြင်းကိုထောက်ခံကြောင်းပြော၊

သို့သော်ကျင့်၀တ်များကိုလိုက်နာရမည်။ဤဆောင်းပါးကိုရေးသူမှာ ရဟန်းမင်းကြီး၏လမ်းညွှန်မူကိုခံယူလျှက်ရှိသောလူ့အသက်ကိုစူး စမ်းလေ့လာသည့်ကျောင်းမှဖြစ်သည်။ သူ၏ဆောင်းပါးကို သဘာ၀စက်ရုပ်၏စွမ်းဆောင်နိုင်မူ အမည်ရ သောဂျာနယ်၏ယခုနောက်ဆုံးထုတ်အတွဲတွင်ပါသည်။ သူ၏ဆောင်းပါးသည်စက်ပိုင်းဆိုင်ရာ လေ့လာ မှု၊ စက်ရုပ်နှင့်လူအစားထိုးစက်များအကြောင်းကိုအကျယ်တ၀င့်တင်ပြထားသည်။

 

ဘာသာပြန်ဆိုသူ ဖာသာရ်ကလဲမင့် အားတယ်

Photo credit: AFP o licensor

Thursday, May 21, 2020

သဘာ၀ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးဆက်သွယ်မူအသစ်ကိုပြုလုပ်ရန်အတွေးများရလာစေသည်။

Thursday, May 21, 2020

အားကစားသည် တံတားများကို တည်ဆောက်သည်ဟု လူငယ်အားကစားသမားများအား ပုပ်ဖရန်စစ် မြွက်ကြား

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက် အပတ်စဉ် လူထုပရိတ်သတ်နဲ့တွေ့ဆုံစဉ်မှာ We Run together ဟူသည့် နောက်တရက် အပြေးပြိုင်ပွဲ ဝင်ကြမည့် လူငယ်အားကစားသမားလေးများ ကိုလည်းအရှင်သူမြတ်ပုပ်ဖရန်စစ်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒီပြိုင်ပွဲအစီအစဉ်ကို ဗာတီကန်အားကစားဌာန မှ အီတလီ ဉပဒေ အဖွဲ့နှင့်ပူးပေါင်းကာ စီစဉ်ခြင်းဖြစ်ကြောင်း

We Run together ဟူသည့်အတိုင်း လူငယ်လေးများသည် ပြိုင်ကြခြင်းမဟုတ်ပဲ တခုခု ကို အတူတကွ လူပ်ဆောင်ခြင်းကိစ္စရပ်ဖြစ်ကြောင်း ဒီအစီအစဉ်အားဖြင့် အားကစားဟူသည်မှာဆိုသည်ကို ပြညွှန်ပေး​ကြောင်း

Thursday, May 21, 2020

တောင်အာရှကိုတိုက်ခတ်မယ့် ဆိုင်ကလုန်းမုန်တိုင်းအတွက် ကက်သလစ် အဖွဲ့အစည်းများပြင်ဆင်

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရိုက်ခတ်မယ့် ဆိုင်ကလုန်း မုန်တိုင်းအတွက်ကက်သလစ်အဖွဲ့အစည်း များစွာဟာ ထောင်သောင်းချီတဲ့ မုန်တိုင်းဘေးရှောင်ဒုက္ခသည်များအား ကူညီပေးရန် အသင့်ပြင်ထားကြပြီးဖြစ်ပါတယ်။

ကက်သလစ်မှ ဆက်ကပ် မည့်သူများစွာဟာ အစိုးရအဖွဲ့အစည်းများ နှင့်တခြား လူမှုအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီးဖြစ်တယ် အဓိကအချက်က လူတွေရဲ့ အသက်ကိုကယ်ဘို့ဖြစ်တယ် လို့ ကလကတ္တား ဂိုဏ်းချူပ်သာသနာမှ လူမှုလူပ်ငန်းဒါရိုက်တာ ဘုန်းတော်ကြီး Fr.Franklin Menezes ကဆိုပါတယ်။

Wednesday, May 20, 2020

  ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်၊ ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းခြင်း ရှိစေရန် ဆုတောင်းပေးတော်မူပါစေ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်၏ နှစ်တစ်ရာပြည့်မွေးနေ့အထိမ်းအမှတ်ကို အောက်မေ့သောအားဖြင့် ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းခြင်း ရှိစေရန် အရှင်မြတ်အား ကြားဝင်ဆုတောင်းပေးရန် ဆုတောင်းခဲ့လေသည်။

Please wait while the page is loading