ပိုလန်နိုင်ငံ ရိုက‌လောမြို့တွင်ပြုလုပ်သော လူငယ်တွေ့ဆုံပွဲသို့ ရဟန်းမင်းကြီး သတင်းစကားပေးပို့

ပိုလန်နိုင်ငံ ရိုက‌လောမြို့တွင်ပြုလုပ်သော လူငယ်တွေ့ဆုံပွဲ

ပိုလန်နိုင်ငံ ရိုက‌လောမြို့တွင်ပြုလုပ်သော လူငယ်တွေ့ဆုံပွဲသို့ ရဟန်းမင်းကြီး သတင်းစကားပေးပို့
ဒီဇင်ဘာလ ၂၇၊ ၂၀၁၉

ပိုလန်နိုင်ငံရိုက‌လောမြို့တွင် ဒီဇင်ဘာလ 28 ရက် 2019 ခုနှစ်မှ ဇန်နဝါရီလ 1 ရက် 2020 ထိ၊ တိုင်ဇေ အဖွဲ့အစည်းမှ ဦးစည်းပြီး ကျင်းပပြုလုပ်သော 42 ကြိမ်မြောက် ဥရောပလူငယ်များတွေ့ဆုံပွဲသို့ ရဟန်းမင်းကြီးမှသတင်းစကားပေးပို့ခဲ့ပါသည်။
ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန် ပေါလူး ၏နိုင်ငံတွင်ပြုလုပ်သော လူငယ်များတွေ့ဆုံပွဲသို့ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ပေးပို့သောသတင်းစကားတွင် တွေ့ဆုံပွဲ၏ရည်ရွယ်ချက်များဖြစ်သော အချင်းချင်းအပြန်အလှန်နားလည်ခြင်း၊ ငြိမ်းချမ်းရေး၊ ယုံကြည်ခြင်းအပေါ်မေးခွန်းများနှင့် လူအဖွဲ့စည်းအပေါ်ထားရှိသည့်စိတ်နေစိတ်ထားများကိုရည်ရွယ်ပြီး လူငယ်များနှင့်အတူဆုတောင်းခြင်း၌ရှိနေကြောင်းနှင့် ယင်းကဲ့သို့တွေ့ဆုံကြခြင်းကိုလည်းအားပေးကြောင်းဖော်ပြထားပါ။

ဗာတီကန်နိုင်ငံထွေထွေအတွင်းရေးမှူးချုပ် ရဟန်းမင်းအမတ် ကာဒီနယ် ပီရဲထရို ပါရိုလင်း မှလည်း ပိုလန်နိုင်ငံသည်ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတွင် အခက်အခဲအမျိုးမျိုးကိုကြံ့ကြံ့ခံကာ ယုံကြည်ခြင်း၌ခိုင်မာစွာအမြစ်စွဲထားသောနိုင်ငံဖြစ်ပါသည်။

ထို့အတွက်ကြောင့်လူငယ်များအနေနှင့် မိမိတို့ယုံကြည်ထားသည့်အတိုင်း ခေတ်စနစ်၏ပြောင်းလည်းလာမှုများ၊ စိန်ခေါ်မှုများကို မှန်ကန်သောနည်းလမ်းများဖြင့်တုံ့ပြန်ကာ၊ အဆင်းရဲဆုံးသောညီကိုမောင်နှမများကို ကူညီပေးခြင်းအားဖြင့် နှုတ်ကပတ်တော်ကိုအ‌ စေခံကြကာ ကျွနုပ်တို့အတူတကွနေထိုင်သောကမ္ဘာကြီးကို ပိုမိုသာယာလှပစေရေးလုပ်ဆောင်ရမည်ဖြစ်ကြောင်းအားပေးခဲ့ပြီး၊ ရဟန်းမင်းကြီး၏ကောင်းချီးမင်္ဂလာကို လူငယ်များအားပေးခဲ့ပါသည်။

https://bit.ly/39fQ4ey
#rvamyanmarservice
Credit to Vatican News

Add new comment

2 + 2 =