ပိုလန်နိုင်ငံမှ Czestochowa မယ်တော်အားလူထောင်သောင်းချီဖူးခဲ့ကြ

ပိုလန်နိုင်ငံမှ Czestochowa မယ်တော်အားလူထောင်သောင်းချီဖူးခဲ့ကြ

နှစ်စဉ် Czestochowa မယ်တော်ကို ပိုလန်နိုင်ငံနှင့်နီးစပ်ရာနိုင်ငံများမှဘုရားဖူးထောင်သောင်းချီလာရောက်လေ့ရှိသည်။ Czestochowa မယ်တော်သည် ပိုလန်နိုင်ငံမှဖြစ်သည်။ ယခုနှစ်လည်း ဘုရားဖူး (၈၅၀၀၀) ကျော်လာရောက်ဖူးခဲ့ကြသည်။ ယခင်နှစ်က ဘုရားဖူး (၂) သန်းကျော်လာရောက်ခဲ့သည်။

ယခုနှစ်မယ်တော့်ပွဲမစ္ဆားတရား၌ Gniezno ဂိုဏ်းချုပ်သာသနာ၏သာသနာပိုင် Wojciech Polak ကမစ္ဆားတရားကိုဦးဆောင်ပူဇော်ခဲ့သည်။ သူ၏ဩ၀ါဒ၌ ယေဇူးသခင်သည် ကာနာမြို့လက်ထပ်ပွဲ၌ရေမှစ ပျစ်ရည်သို့ပြောင်းလဲပေးခဲ့သည့် သံယောဟန်ဧ၀ံဂေလိကျမ်းအခန်းကြီး (၂) မှအကြောင်းအရာကိုကြောရိုးထားဟောကြားခဲ့သည်။ သူ၏ထောက်ရူချက်ကား လူသားတို့၏ဆာငတ်မှုကားချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ လူသားများဆာငတ်သော ချစ်ခြင်းမေတ္တာကားနေ့စဉ်ထိတွေ့ခံစားရသောချစ်ခြင်းမျိုးမဟုတ်ကြောင်း၊ ထိုချစ်ခြင်းဇောက်မနက်ဘဲခံစားချက်၊ စိတ်လှုပ်ရှားမှုအပေါ်တည်မှီနေသည့်ရွှေမှုံန်ကြဲသောချစ်ခြင်းမျှသာဖြစ် ကြောင်း၊ အားလုံးပါ၀င်သောချစ်ခြင်းမဟုတ်ကြောင်း၊ အနှစ်အကာရှိပြီး လေးနက်သောချစ်ခြင်းကား ဘုရား သခင်တစ်ပါးတည်းသာပေးစွမ်းကြောင်း၊ အမိမယ်တော်၏ဆုတောင်းပေးခြင်းဖြင့် သွေ့ခြောက်နေခဲ့သောအိုးများသည် သန့်ရှင်းသော၀ိညာဉ်တော်၏ကျေးဇူးတော်၌ ဘုရားသခင်၏ချစ်ခြင်းမီးများဖြင့်ပြန်လည်တောက်‌လောင်လာစေခဲ့၊ ပြန်လည်စိုပြေပြည့်လျှံလာစေခဲ့ကြောင်း၊ ချစ်ခြင်းမေတ္တာ၏လမ်းညွှန်ထိန်း ကျောင်းမှုကိုခံယူသူများသည် မိမိတို့၏ညီအစ်ကိုမောင်နှမတို့အားမထိခိုက်စေကြောင်းဟောကြားခဲ့သည်။

ဗာတီကန်သတင်းဌာနနှင့်ဗာတီကန်ရေဒီယိုဌာန၏မေးမြန်းချက်၌ Pozna ၏ဂိုဏ်းချုပ်ဆရာတော် Stanislaw Gdecki က Jasna Góra ရှိမယ်တော့်ပုံတော်၏သမိုင်းနှင့်စပ်လျင်း၍ တစ်နိုင်ငံလုံးအနေဖြင့်သာကြည်ညိုကြရုံမျှမဟုတ်ဘဲ ပိုလန်နိုင်ငံ၏ယဉ်ကျေးမှု၊ အမွေအနစ်အဖြစ်သတ်မှတ်ရသည့်အကြောင်းကိုရှင်းပြခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော် Stanislaw Gdecki သည် ပိုလန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်သည်။

Częstochowa မယ်တော်ဗိမာန်တော်အနေဖြင့်လည်း အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုအချိန်ပြည့်နီးပါးဖြည့်ဆည်းပေးနေသောနေရာဖြစ်သည်။ ရဟန်းမင်းကြီး စိန့် St. John Paul II ကဤဗိမာန်တော်သို့ပထ မအကြိမ်ကြွရောက်စဉ်က ‘အာပတ်ဖြေခြင်းစက္ကရာမင်တူး၏နက်နက်ချက်’ ကိုမိန့်ကြားခဲ့သည်။ ဤမယ် တော်ဗိမာန်တော်၌ နေ့စဉ်မစ္ဆားပူဇော်ခြင်းရှိသည်။ အံ့ဖွယ်တန်ခိုးအာနုဘော်၏မယ်တော်ဘုရားကျောင်း ဆောင်ငယ်သည်လည်း အလွန်အခရာကျသည်။

ဂိုဏ်းချုပ်ဆရာတော်က ဤမယ်တော့်ဗိမာန်တော်အား ကြည့်ရူစောင့်ရှောက်ပေးနေသော ‘ပေါ်လိုင်းဘုန်းတော်ကြီးများ’ (Pauline Fathers) တို့အားလည်း ၄င်းတို့ ၏အမှုတော်များအတွက်ကျေးဇူတင်ကြောင်း၊ အမိမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းခံခြင်းသည်လည်းသာသနာပြုအသက်တာ၌လွန်စွာအရေးကြီးကြောင်း၊ ပိုလန်လူမျိုးတို့၏၀ိညာဉ်သည် အခြားသူများထက် အမိမယ်တော်နှင့်ဆုံဆည်းခြင်းအားဖြင့်သာပို၍နိုးကြားလန်းဆန်းလာကြသည်။ ထို့အတူကျွန်ုပ်တို့၏ဘာသာရေးကြည်ညိုခြင်း၌လည်း လွန်စွာကြွယ်သော ဘာသာရေးအမွေအနစ်လည်းဖြစ်ကြောင်းဖြည့် စွက်ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/UkVG

Add new comment

1 + 0 =