ပါပါး ဖရန်စစ်သည် ကြိမ်တုတ်သုံးပြီး ၂နာရီကြာ ကုသရေးလေ့ကျင့်ခန်း နေ့စဉ် လုပ်ဆောင်နေရ

ပါပါး ဖရန်စစ်သည် ကြိမ်တုတ်သုံးပြီး ၂နာရီကြာ ကုသရေးလေ့ကျင့်ခန်း နေ့စဉ် လုပ်ဆောင်နေရ

ပါပါး ဖရန်စစ်သည် ကြိမ်တုတ်သုံးပြီး ၂နာရီကြာ ကုသရေးလေ့ကျင့်ခန်း နေ့စဉ် လုပ်ဆောင်နေရ

ပါပါးဟာ ယခုအခါတွင် ကြိမ်တုတ်ချောင်းကို အသုံးပြု လျက်ရှိပြီး အခြေအနေ တိုးတက်လာသဖြင့် ယူကရိန်းဂရုဏာ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံရာတွင် မတ်တပ်ရပ်လျက် တွေ့ဆုံနိုင်ခဲ့ပါတယ်။

ပါပါးနဲ့ တွေ့ဆုံခဲ့ရသူ အာဂျင်တီးနား La Plata မှ ဂိုဏ်းချုပ်ဆရာတော် ကလည်း သူရဲ့ တွစ်တာအကောင့်မှာ ပါပါးရဲ့ဒူးက လေ့ကျင့်ခန်းကြောင့် အခြေနေတိုးတက်လာ နေကြောင်း ရေးသားထားပါတယ်။

St.Peter ကာသီဒြယ် ကိုအရိုက် အရာ မခံမီကပင် ဂိုဏ်းချုပ်ဆရာတော်ကြီး Victor Manuel Fernandez သည် Jorge Bergoglio ​၏ မိတ်ဆွေရင်းဖြစ်သည်။ သူဟာ ပါပါးရဲ့ theologian တယောက်ဖြစ်ပြီး Bergoglio ဟာ အာဂျင်တီးနားမှာ ရှိကြစဉ်အခါက သူရဲ့ ဆရာ ဖြစ်ခဲ့သူဖြစ်ကြောင်စး

ဤလအစ ပိုင်းမှာ ခံယူခဲ့ရတဲ့ ဆေးထိုးခြင်းတခုကြောင့်ပါပါးဟာ ပြန်လည် သက်သာလာခဲ့ခြင်းဖြစ်ပြီး ၊ မကြာခင်က လူထုတွေ့ဆုံပွဲတွေကို ရောက်လာရာမှာတော့ ပါပါးက ဘီးတပ်ထိုင်ခုံ ကို အသုံးပြုနေရပါတယ်။

ပါပါးရဲ့ လမ်းလျောက်သွားနိုင်မှု ပြသနာ အခက်ခဲဟာ လူထုပရိတ်သတ်ကို ဘယ်လို လက်ခံတွေ့ဆုံမည် ဆိုတဲ့အပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။

ပါပါး ဟာ အူမကြီးခွဲစိပ်မှုကို ယမန်နှစ်က ခံယူခဲ့ပြီး ပြန်လည် ကျန်းမာလာခဲ့ပါတယ်။ တင်ပဆုံရိုး အာရုံကြော ဆိုင်ရာ ရောဂါနဲ့ အဆစ်အမြစ်ယောင် ရောဂါဝေဒနာကိုလည်းပဲ ခံစားနေရသေးတယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း
https://bit.ly/3G4Z9HZ

Add new comment

11 + 9 =