ပနားမားတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာလူငယ်ပွဲ​တော်သို့ မြန်မာပြည်မှ ဘုန်းတော်ကြီး နှစ်ပါး လူငယ် ရှစ်ဦး ပါဝင်ဆင်နွဲကြမည်

ပနားမားတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာလူငယ်ပွဲ​တော်သို့ မြန်မာပြည်မှ ဘုန်းတော်ကြီး နှစ်ပါး လူငယ် ရှစ်ဦး ပါဝင်ဆင်နွဲကြမည်

ပနားမားတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာလူငယ်ပွဲ​တော်သို့ မြန်မာပြည်မှ ဘုန်းတော်ကြီး နှစ်ပါး လူငယ် ရှစ်ဦး ပါဝင်ဆင်နွဲကြမည်

ဇန်နဝါရီ်လ ၁၆၊ ၂၀၁၉

ကျွပ်န်ု​ကဘုရားသခင်၏ ကျွန်မတည်း၊ ကျွန်မ၌ အမိန့်​တော်အတိုင်းဖြစ်ပါစေ ဟူသော မယ်တော်၏ စကားကို လူငယ်ပွဲ​တော် ခေါင်းစီးအဖြစ်ရွေချယ်ထားပြီး ဇန်နဝါရီလ ၂၂ မှ ၂၇ ထိ ပနားမားတွင်ကျင်းပမည့် ကမ္ဘာလူငယ်များ​​နေ့ပွဲ​တော်သို့ ကမ္ဘာ အနှံ့အပြားမှ လူငယ်များ တက်​​ရောက်​ရန်​ ပြင်​ဆင်​​​နေကြပါသည်။

ကမ္ဘာ့လူငယ်​ပွဲတော်​တွင်​ မြန်​မာနိုင်​ငံကိုယ်​စားပြုအနေနဲ့ လူငယ်​ကိုယ်​စားလှယ်​များဖြစ်​သော မန္တလေးသာသနာမှ ကိုဂျက်​စတင်​းစိုးသူရ၊ ကျိုင်​းတုံသာသနာမှ ကိုအန်​ဂျယ်​လို ထက်​ဖြိုးအောင်​၊ရန်​ကုန်​သာသနာမှ မခင်​ဖြိုးဝေ၊ ရန်​ကုန်​ရောက်​ ကချင်​လူငယ်​များအဖွဲ့မှ မမေရီလဗျဆိုင်​းပန်​၊ ဖယ်​ခုံသာသနာမှ ကိုအောင်​သိန်​း၊ လွိုင်​ကော်​သာသနာမှ မDefny၊ မော်​လမြိုင်​သာသနာမှ စောပိုင်​ဖြိုးနိုင်​ နှင်​့ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ လူငယ်​အတွင်​းရေးမှူး နော်​မေပန်​းချီစိုး စုစုပေါင်​း လူငယ် ​၈ဦးတို့သည်​ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ ကက်​သလစ်​လူငယ်​တာဝန်​ခံဘုန်​းတော်​ကြီး Fr. Joseph အယ်​ကော်​ထူး နှင်​့ ကျိုင်​းတုံလူငယ်​တာဝန်​ခံဘုန်​းတော်​ကြီး Fr.မာရီးနို မြင့်လွင် တို့မှ ဦးဆောင်​မူဖြင်​့ ၂၀၁၉ ဇန်နဝါရီ်လ ၁၆ ရက် မနက် ၁၁ နာရီခန့်က မြန်မာပြည်​မှ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

ဇန်နဝါရီ်လ ၂၃ ရက်နေ့တွင် ရဟန်းမင်းကြီး ပါဝင်မည်ဖြစ်ကြောင်း အစီစဉ်တွင်ဖော်ပြထားသည်။ ကမ္ဘာလူငယ်များပွဲ​တော်တွင် ရဟန်းမင်းကြီးပါဝင်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပါသည်။ ပနားမားတွင်ပြုလုပ်မည့် ကမ္ဘာလူငယ်များပွဲ​တော်တွင် ထောင်တွင်းမှာရှိသော၊ HIV ရောဂါကူးစက်ခံနေရသော လူငယ်များကို ရဟန်းမင်းကြီး သွားရောက်ကြည့်ရှု့မည့် အစီစဉ်များ နှင့် နှစ် လေးရာ သက်တမ်းရှိ ပြန်လည်ပြုပြင်ထားသော ပနားမား ကာသီဒြယ်​ ဘုရားကျောင်းတော်ကြီး သို့သွားရောက်လည်ပတ်ခြင်း၊ ဆရာ​တော်ကြီးများနှင့်တွေ့ဆုံခြင်းများပါ၀င်ကြောင်း၊ ယင်း ကမ္ဘာလူငယ်များပွဲ​တော်တွင် လူထုနှင့် ခုနှစ်ကြိမ် စကားမြွက်ကြားခြင်း၊ မစ္တားတရား ၂ ကြိမ်ဦးဆောင်ဟောကြားခြင်း နှင့် အာပတ်ဖြေနား​ထောင်ခြင်များ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

(၃၄)ကြိမ်​ ​မြောက်​ကမာ႓့လူငယ်​ပွဲ​တော်​ကြီးသို့ မြန်​မာပြည်​ ကိုယ်​စားပြု သွား​ရောက်​ပါဝင်​ကြမည်​့ ဘုန်​း​တော်​ကြီးများနှင်​့ လူငယ်​ များသည်​ ခရီးစဉ်​ အစအလယ်​အဆုံး အဆင်​​ပြေ​ချော​မွေ့စွာသွာ​း​ရောက်​ပါဝင်​နိုင်​ရန်​လည်​း​ကောင်​း ကျန်​းမာ​ရေး​ကောင်​းမွန်​ပြီး ပွဲ​တော်​အတွင်​း အ​ကောင်​းဆုံးပါဝင်​နိုင်​ကာ မြန်​မာပြည်​ကက်​သလစ်​လူငယ်​များတွက်​ လည်​း ရဟန်​းမင်​းကြီးထံမှ သတင်​းစကားများနှ​င်​့ အတူ ​ကောင်​းချီးမင်္ဂလာ များလည်​း ပြန်​လည်​သယ်​​ဆောင်​ လာနိုင်​ပါ​စေလို့ ဆန္ဒပြုရင်​း ကမ္ဘာ့လူငယ်​များ​နေ့ပွဲ​တော်​ကြီး ​အောင်​မြင်​စွာ ကျင်​းပနိုင်​​ရေးအတွက်​ ကျွနု်​ပ်​တို့လည်​း ဆု​တောင်​း​ခြင်​းအားဖြင်​့ ပါ၀င်အား​ပေးကြရန်​ တို က်​တွန်​းနှိုး​ဆော်​အပ်ပါသည်​။

#worldyouthday, #panama, #myanmaryouth, #peterkm

Photo credits to National Catholic Youth Commission of Myanmar

ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 0 =