ပညာရှိမင်း (၃) ပါးရောမသို့ရောက်ရှိလာ

ပညာရှိမင်း (၃) ပါးရောမသို့ရောက်ရှိလာ

အမှန်ဆိုသော် ဧ၀ံဂေလိကျမ်းစာ၌ မင်းပညာရှိ (၃) ပါးဟုတိတိကျကျမ‌ဖော်ပြထားသော်လည်း သူငယ်တော်ယေဇူးအားကပ်လှူပူဇော်ခဲ့သည့်လက်ဆောင် (၃) မျိုးအပေါ်မှုတည်၍မင်းပညာ ရှိ (၃) ပါးဟုတွက်ဆခဲ့ဟန်တူပါသည်။

၄င်းတို့ယူဆောင်လာခဲ့ကြသောလက် ဆောင်များမှာ ရွှေ၊ လော်ဗန်၊ မီးရာတို့ဖြစ်ကြသည်။ (သံမာတေဦး ၂း၁၁ခ)

မင်း (၃) ပါးတို့၏အမည်များမှာ Gaspar (ဂက်စပါး), Melchior (မဲလ်ခေါ်) နှင့် Balthasar (ဘာလ်သာဆာ) တို့ဖြစ်ကြသည်။

ထိုမင်းပညာရှိ (၃) ပါးတို့သည် ပြီးခဲ့သောဗုဒ္ဓဟူးနေ့ကရဟန်းမင်းကြီးဖရန်စစ်၏ ဘုရားဖူးများနှင့်တွေ့ဆုံသည့်အခမ်းအနားသို့တက်ရောက်ရန်ဗာတီကန်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်ရောက်ရှိလာခဲ့သောမင်းပညာရှိ (၃) ပါးသည် ကျမ်းစာထဲမှမင်းပညာရှိများကဲ့သို့အရှေ့တိုင်းမှရောက်ရှိလာကြခြင်းမဟုတ်။ သူတို့သည် Puerto Rico ခရိုင်၊ Juana Díaz မြို့မှရောက်လာကြခြင်းဖြစ်သည်။

ထိုဒေသ၌မင်းပညာရှိပွဲနေ့ကိုစည်ကားစွာကျင်းပလာခဲ့သည်မှာယခုနှစ်ဆိုလျှင် (၁၃၉) ကြိမ်ရှိပြီဖြစ်သည်။

KING BALTASAR OF JUANA DIAZ
Juana Díaz မြို့မှပညာရှိမင်းဘာလ်သာဆာ

Juana Díaz မြို့၌ဤပွဲကိုစတင်ကျင်းပခဲ့သည်မှာ (၁၈၈၄) ခုဖြစ်ပြီး၊ စပိန်ဘုန်းတော် ကြီးတစ်ပါးကစတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ Puerto Rico ခရိုင်သည် ယခုထိတိုင်ထိုအစဉ်အလာကောင်းကိုမပြတ်ထိန်းသိမ်းကျင်းပလျှက်ရှိသည့်နိုင်ငံများအနက်တစ်ခုဖြစ်သည်။

ယခုကဲ့သို့လာရောက်ခြင်းသည်ချီတက်ပွဲသက်သက်မဟုတ်။ ကုလားအုတ်များဖြင့်ကျွန်းပေါ်ရှိ မြို့များသို့စီတန်းသွားလေ့ရှိသည်။ ထို့နောက်ရင်ပြင်တစ်ခုခု၌စုရပ်အဖြစ်သတ်မှတ်ပြီးအဆုံးသတ်လေ့ရှိသည်။ ထိုအဆုံးသတ်သည့်စုရပ်၌ မစ္ဆားတရားပူဇော်ခြင်းကိုလည်းစီစဉ်ထားသည်။ ထို့ကြောင့်လူမှုရေးသက်သက်၊ စီတန်းလှည့်လည်ခြင်းသက်သက်မဟုတ်ဘဲ ဘာသာရေးအငွေ့အသက်နှင့်အဓိပ္ပါယ်ကိုပေးပါသည်။

ရပ်‌ေ၀းမှရောက်ရှိလာသော အဆိုပါမင်းပညာရှိတို့သည် ရဟန်းမင်းကြီးနှင့်တွေ့ဆုံနှုတ်ဆက်ခွင့်ရခဲ့သည်။ ရဟန်းမင်းကြီးကလည်း ဗာတီကန်ရင်ပြင်အနှံ့သွား၍ ပျော်ရွှင်ခြင်းကို‌ေ၀မျှရန်အားပေးခဲ့သည်။

KING MELCHIOR OF JUANA DÍAZ
JUANA DÍAZ မြို့မှဘုရင် MELCHIOR
၄င်းတို့အနေဖြင့်ရဟန်းမင်းကြီးနှင့်အတူဆုတောင်းခဲ့ရပြီး တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ၄င်းတို့သည် Puerto Rico အားကိုယ်စားပြုသောကိုယ်စားလှယ် (၇၆) ဉီးပါကြောင်း၊ အလွန်ကြီး မြတ်သောကောင်းချီးတော်ဖြစ်ကြောင်းရင်တွင်းစကားကိုပြောကြားခဲ့သည်။

KING GASPAR DE JUANA DÍAZ
JUANA DÍAZ မြို့မှဘုရင် GASPAR ၏ရင်တွင်းဖြစ်စကား

ရဟန်းမင်းကြီးနှင့်စကားပြောဆိုရချိန်၌ ရဟန်းမင်းကြီးသည်အလွန်ပျော်ရွှင်နေကြောင်း၊ မြို့အနှံ့ပတ်လျှောက်ရန်၊ သို့မှသာလူများမြင်တွေ့နိုင်မည်ဖြစ်ကြောင်းနှင့်ယခုကဲ့သို့ပြုလုပ် ခြင်းသည်လွန်စွာကောင်း သောလုပ်ရပ်တစ်ခုလည်းဖြစ်ကြောင်းပြောကြားခဲ့ကြောင်းဖြင့်ရင်ဖွင့်ပြောကြားခဲ့သည်။

Puerto Rico မှရောက်ရှိလာခဲ့သောမင်း (၃) ပါးတို့သည် ရောမမြို့၏လမ်းမများသို့သွားရောက်ကာ မြင်တွေ့သမျှသောပြည်သူတို့အားရင်းနှီးစွာနှုတ်ဆက်ခဲ့ကြသည်။ ဓာတ်ပုံများတွဲရိုက်ခဲ့ကြသည်။

မင်းသုံးပါးတို့၏အဖွဲ့၀င်တစ်ဦးဖြစ်သော ANTONIO ROMANO ကလည်း ယနေ့ရဟန်းမင်းကြီး၏ဘုရားဖူးများနှင့်တွေ့ဆုံဆုတောင်းသည့်အစီအစဉ်၌ပါ၀င်ရပြီး သူ၏ထောက်ရှုသင်ပြချက်များ၊ တိုက် တွန်းအားပေးမှုများကိုကြားနာခဲ့ရကြောင်း၊ သူ့အားလည်းရင်းနှီးစွာနှုတ်ဆက်ခွင့်ရခဲ့ကြောင်း၊ ရဟန်းမင်းကြီးအတွက်လည်းဆုတောင်းပေးကြောင်း၊ အထူးသဖြင့်ကျန်းမာစေကြောင်းနှင့်ခရစ္စမတ်ပွဲနှင့်မကြာခင်ရက်ပိုင်းကကျင်းပခဲ့သောသူ၏ (၈၆) နှစ်မြောက်မွေးနေ့အတွက်လည်းနှုတ်ဆက်ဆုတောင်းပေးခဲ့ကြောင်း၊ ရဟန်းမင်းကြီးအတွက်နေ့စဉ်ဆုတောင်းပေးလျှက်ရှိကြောင်း၊ ယနေ့မှစ၍ငြိမ်းချမ်းရေးအတွက်ပို၍ဆုတောင်းမည်ဖြစ် ကြောင်းပြောကြားနိုင်ခဲ့ကြောင်းပြောပါသည်။

အဆိုမင်းပညာရှိတို့သည် တီးလုံးသံစဉ္ များအကြားမြို့အနှံ့သွား၍ ခရစ္စမတ်ဆုတောင်းစာများကိုကောက်ယူခဲ့ကြသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy : Google images

https://bit.ly/3PVVGQX

Add new comment

14 + 1 =