နီဂါရာဂွာအာဏာရှင်အစိုးရမှကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါးအားပြည်နှင်ဒဏ်ပေး

နီဂါရာဂွာအာဏာရှင်အစိုးရမှကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါးအားပြည်နှင်ဒဏ်ပေး

အာဏာရှင်နီဂါရာဂွာအစိုးရမှ နီဂါရာဂွာကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါးအားပြည်နင်ဒဏ်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သောစနေနေ့က ရောမရှိစိန့်မေရီမေဂျာဘာစီးလီကာဘုရားကျောင်း၌စု ပေါင်းမစ္ဆားပူဇော်ခဲ့၍ဖြစ်သည်။

ယခုကဲ့သို့ ပြည်နင်ဒဏ်ပေးခံလိုက်ရသော ကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါး၏ဓာတ်ပုံများကို သတင်းထောက် Israel González Espinoza က လူမှုကွန်ရက်၌တင်ထားသည်။ မစ္ဆားပူဇော်နေသောအဆိုပါ ရဟန်းတော်များသည် ပန်းရောင်မစ္ဆား၀တ်ရုံများကိုယ်စီရုံထားကြသည်။ ထိုပုံကိုစပိန်သတင်းထောက် Rodrigo Moreno ကမှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ဤကက်သလစ်ဘုန်းတော်ကြီး (၁၂) ပါးသည် အာဏာရှင်နီဂါရာဂွာအစိုးရအားအတိုက်အခံပြုလုပ်ခဲ့ကြသည်။ အာဏာရှင်အစိုးရမှဖမ်းဆီးခံထားခဲ့ရာမှ ဗာတီကန်နှင့်အာဏာရှင်အစိုးရတို့စပ်ကြားညှိနှိုင်းပြီး ပြီးခဲ့သောအောက်တိုဘာလက ဗာတီကန်သို့ကယ်ထုတ်ထားခဲ့သောရဟန်းတော်များဖြစ်ကြသည်။

နီဂါရာဂွာ အစိုးရပြုတ်ကျရေး၊ အာဏာသိမ်းရန်အားပေးအားမြေက်ိုလုပ်ဆောင်ခဲ့သည်ဟူသောစွပ်စွဲချက်ဖြင့်ကက်သလစ်ဘာသာရေးခေင်းဆောင်များကိုဆက်တိုက်ဖမ်းဆီးလာခဲ့သည်။ မကြာမီက ယခုကဲ့သို့မတရားစွပ်စွဲချက်မျိုးဖြင့်ပြည်ပြေးနေရသော ကက်သလစ်ဘုန်းတော်ကြီးများအပေါ်ပြည်သူတို့၏ထင်မြင်ချက်ကိုစစ်တမ်းကောက်ယူရာတွင် (၄၉) ရာခိုင်နှုန်း၏ဖြေကြားချက်မှာ ဘုန်းတော်ကြီးများသည်အပြစ်မရှိဟူ၍ဖြစ် ပြီး (၅၉) ရာခိုင်နှုန်းမှာ အဆိုပါဘုန်းတော်ကြီးများသည် နီဂါရာဂွာနိုင်ငံသားဖြစ်၍ တိုင်းပြည်သို့ပြန်လာခွင့်ရှိသည်။ သာသနာအမှုများကိုလွတ်လပ်စွာထမ်းဆောင်ခွင့်ရှိသည်ဟုဖြေကြားခဲ့ကြသည်။

(၂၀၂၃) အပြည်ပြည်ဆိုင်ရာဘာသာရေးလွတ်လပ်ခွင့်နှင့်စပ်လျင်း၍ ကုလ၏နှစ်ပတ်လည်အစီရင်ခံစာ၌ နီဂါရာဂွာအာဏာရှင်အစိုးရသည် ကက်သလစ်သာသနာတော်ကြီးအားပစ်မှတ်ထား၍တိုက်ခိုက်ဖိနှိပ်နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် နီဂါရာဂွာကက်သလစ်သာသနာတော်ကြီးအနေဖြင့် ဒီမိုကရေစီစနစ်ထွန်းကားရေးကိုလိုလားသောပြည်သူများကိုအားပေးထောက်ခံခဲ့သောကြောင့်ဖြစ် သည်။ ကက်သလစ်ဘုန်းတော်ကြီးအချို့သည်လည်း အစုအဖွဲ့ဖွဲ့၍လှုပ်ရှားခြင်းမပြုသော်လည်း အာဏာရှင်အစိုးရ၏လူ့အခွင့်အရေးချိုးဖောက်မှုကိုဆန့်ကျင်ကြောင်းထုတ်ဖော်ခဲ့ကြသည်။ (၂၀၁၈) မှစ၍ အာဏာရှင်အစိုးရကိုအားပေးထောက်ခံသောအဖွဲ့သည် ဘုရား၀တ်ပြုသည့်လူအုပ်ကြီးများ၊ အစီအစဉ်များ၊ ဘုရားကျောင်းများအား စနစ်တကျနှောက်ယှက်၊ ခြိမ်းခြောက်၊ ဖျက်ဆီးမှုများကိုလုပ်ဆောင်လာခဲ့သည်။

အထူးသဖြင့် ကက်သလစ်ဘုန်းတော်ကြီးများအားပစ်မှတ်ထား၍ ပြစ်မှုအမျိုးမျိုးဆင်ကာဂုဏ်သိက္ခာညှိုးနွမ်း အောင်စွပ်စွဲခြင်း၊ မတရားစီရင်ဖမ်းဆီးထိန်းသိမ်းခြင်း၊ အသက်ကိုခြိမ်းခြောက်ခြင်း၊ ပြည်နင်ဒဏ်ပေခြင်း၊ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုများကိုလည်းပြုလုပ်လာခဲ့သည်။ ယခုနှစ်အစောပိုင်းကလည်း နီဂါရာဂွာအာဏာရှင်အစိုးရသည် နိုင်ငံရေးအကျဉ်းသား (၂၂၂) အား အမေရိကားသို့ပြည်နင်ဒဏ်ပို့ခဲ့သည်။ ၄င်းတို့အနက် ဆရာတော် Rolando Álvarez မှာမူ သူ၏နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကိုဆုံးရှုံးမခံ။ သူ၏သိုးများ နှင့်မခွဲမခွာဘဲ ထောင်ဒဏ် (၂၆) ကျခံကာဆက်လက်တိုက်ပွဲ၀င်လျှက်ရှိသည်။ နီဂါရာဂွာ၏ အာဏာရှင်အစိုးရကိုဦးဆောင်နေသူမှာ Daniel Ortega ဖြစ်ပြီး သူ၏ဇနီးမှာဒုသမ္မတရာထူးကိုခံယူထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/36VYJ

 

Add new comment

1 + 1 =