နီဂါရာဂွာနိုင်ငံမှရဟန်းမင်းကြီး၏ကိုယ်စားလှယ်ရုံးပိတ်သိမ်းလိုက်ရ

နီဂါရာဂွာနိုင်ငံမှရဟန်းမင်းကြီး၏ကိုယ်စားလှယ်ရုံးပိတ်သိမ်းလိုက်ရ

နီဂါရာဂွာနိုင်ငံမှရဟန်းမင်းကြီး၏ကိုယ်စားလှယ်ရုံးကိုစိတ်မကောင်းစွာပိတ်လိုက်ရပြီဖြစ့်ပါတယ်။ ယခုနိုင်ငံမှမထွက်ခွာမီ မတ်လ (၁၇) ရက်နေ့အထိ ရဟန်းမင်းကြီးကိုယ်စားလှယ်အဖြစ်ထမ်းဆောင်နေသူမှာ မွန်ဆီညှော် Marcel Mbaye Diouf ဖြစ်ပါသည်။

ရဟန်းမင်းကြီး၏ကိုယ်စားလှယ်သည် ကော်စတာရီနိုင်ငံသို့ပြောင်းရွေ့၍ရုံးခန်းဖွင့်လှစ်အမှုတော်ဆက်လက်ထမ်းဆောင်မည်ဖြစ်သည်။ ယခုကဲ့ သို့ရုံးတော်ကိုပိတ်လိုက်ရခြင်းမှာ မတ်လ (၁၀၊ ၂၀၂၃) ရက်နေ့က နီဂါရာဂွာအစိုးရ၏တောင်းဆိုချက်ကြောင့်ဖြစ်သည်။ ဗင်ရက်န္နာသဘောတူညီချက်အရ ရဟန်းမင်းကြီးကိုယ်စားလှယ်မရှိတော့သည့်အဆောင်အား အီတလီသမ္မတနိုင်ငံ၏လက်ထဲသို့ပြန်လည်လွဲအပ်ထားမည်ဖြစ်သည်။ မွန်ဆီညှော်သည် နီဂါရာဂွာနိုင်ငံမှမထွက်ခွာမီ နီဂါရာဂွာ၏ဥရောပသမဂ္ဂကိုယ်စားလှယ်၊ ဂျာမဏီသံအမတ်၊ ပြင်သစ်သံအ မတ်နှင့်အီတလီအသံအမတ်များလာရောက်နှုတ်ဆက်ခဲ့သည်။

နီဂါရာဂွာ၏သမ္မတ Daniel Ortega သည် ကက်သလစ်သာသနာအပေါ်ဖိနှိပ်မှုကိုတိုးမြှင့်လုပ် ဆောင်လာခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ ဗာတီကန်မှလည်း နီဂါရာဂွာအစိုးရ၏တောင်းဆိုချက် အတိုင်းလိုက်လျောကြောင်းကို ပြီးခဲ့သောစနေနေ့ကတရား၀င်သတင်းထုတ်ပြန်ခဲ့သည်။ နီဂါရာဂွာအစိုးရ သည်လည်း ဗာတီကန်နှင့်သံကင်းတမန်ကင်းဖြတ်တောက်သည့်သဘောဖြင့် နိုင်ငံ၏သံအမတ်ကိုလည်းဗာတီကန်မှပြန်ခေါ်ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် နီဂါရာဂွာအစိုးရ၏အုပ်ချုပ်မှုစနစ်ကိုဟစ်တလာ၏အာဏာရှင်စနစ်နှင့်နှိုင်းယှဉ်ခဲ့သည်။

နီဂါရာဂွာအစိုးရသည် (၂၀၁၈) ကအာဏာရှင်အစိုးရအားမလိုလား၍ဆန္ဒပြခဲ့ကြသောပြည်သူတို့အားအကြမ်းဖက်နှိမ်နင်းဖြိုခွင်းခဲ့သည်။ ဆန္ဒပြပွဲ၌ဦးဆောင်သောအတိုက်ခံများမှာကက်သလစ်ဘာသာ ၀င်များဖြစ်၍ ထိုအချိန်မှစအာဏာရှင်အစိုးရသည် ကက်သလစ်သာသနာတော်အားအငြိုးဖြင့်လက်တုန့်ပြန်နေခဲ့သည်။ သာသနာတော်ကြီးသည် အစိုးရနှင့်ပြည်သူပြန်လည်ရင် ကြားစေ့ရေးကိုနည်း လမ်းအစုံစုံဖြင့်ကြိုးစားအားထုတ်ခဲ့သည်။ အစိုးရကိုမလိုလားသောအရာရောက်သည့်လူထုခေါင်းဆောင်တို့ကိုလည်း ဖမ်းစီးခဲ့သည်။ ပြည်နင်ဒဏ်များပေးခဲ့သည်။ အာဏာရှင်အစိုးရသည် ကက်သလစ်ဘာသာရေး၏စည်တန်းလှည့် လည်ခြင်းကိုလူမြင်ကွင်း၌ပြုလုပ်ခွင့်ကိုလည်းပိတ်ပင်ခဲ့သည်။ အာဏာရှင်အစိုးရသည် မာသာရ်ထရေးဇာသီလရှင်အသင်းမှဖွင့်လှစ်ထားသော ကရုဏာရေးလုပ်ငန်းများကိုပိတ်သိမ်းခိုင်းပြီး ယခင်နှစ်က နိုင်ငံမှမောင်းထုတ်ခဲ့သည်။ ထို့နောက်ကော်စတာရီကာနိုင်ငံသို့ကူးသွားခဲ့ရသည်။

ထို့အတူပင်ယခင်နှစ်ကလည်း လူသိများလှသောဆရာတော် Rolando Vlvarez သည်လည်း တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ်ခံထားရသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်နှင့်အတူနိုင်ငံ ရေးခိုလုံခွင့်ပေးမည့် အမေရိကန်ပြည်ထောင်စုသို့ ပြည်နင်ဒဏ်ပို့မည့်လေယာဉ်ပေါ်သို့တက်ရောက်ရန်ငြင်းဆန်ခဲ့သည်။ ထို့ကြောင့်နိုင်ငံကူးစာအုပ်ပြန်လည်ရုတ်သိမ်းခြင်းခံထားရသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3TKlaTa

Add new comment

2 + 10 =