နီဂါရာဂွါနိုင်ငံမှကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအားရဲများကထပ်မံဖမ်းဆီးထိန်းသိမ်းလိုက်

နီဂါရာဂွါနိုင်ငံမှကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအားရဲများကထပ်မံဖမ်းဆီးထိန်းသိမ်းလိုက်

နီဂါရာဂွါနိုင်ငံမှကက်သလစ်ဆရာတော်တစ်ပါးသည် အာဏာရှင်အစိုးရ Daniel Ortega ၏ဖမ်းဆီးထိန်းသိမ်းခံထားရသည့်အပြင် နှစ်ရှည်ထောင်ဒဏ်လည်းချမှတ်ခံထားရသည်။ Daniel Ortega ၏အာဏာရှင်အစိုးရသည် ကက်သလစ်သာသနာတော်ကြီးအား ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ယခုနှစ်၌ပိုမိုဆိုး၀ါးလာနေသည်။

ပြီးခဲ့သော ကြာသပတေး (အောက်တိုဘာ ၅) ညကလည်း နီဂါရာဂွါခရိုင်ထဲမှ Nueva Segovia မှ ‘ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရသောမယ်တော်’ ဘုရားကျောင်း၏ ဖာသာရ် Alvaro Toledo သည် အာဏာရှင်အစိုးရ၏သစ္စာခံရဲများ၏ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရသည်။ ယခုကဲ့သို့ အာဏာရှင်အစိုး ရ၏ဖမ်းဆီးထိန်းသိမ်းခံကက်သလစ်ဘုန်းတော်ကြီး (၁၂) ပင်ရှိလာပြီဖြစ်သည်။ ဖာသာရ်သည် သူ၏ ကျောင်းတိုက်၌ရှိနေစဉ် ရဲတို့၏အတင်းအဓမ္မဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အစိုးရထုတ်မဟုတ်သောသ တင်းစာတစ်စောင်ဖြစ်သည့် La Prensa ၌ဖော်ပြထားပြီး နောက်ဆက်တွဲသတင်းများလည်းထပ်မံမရရှိ သေးပေ။

သူ့အားထိန်းသိမ်းဖမ်းဆီးသွားသည်မှာ နာရီပေါင်းများစွာကြာပြီဖြစ်သည်။ သူ့အားဖမ်းဆီးရ ခြင်း၏အကြောင်းအရင်းမှာ အာဏာရှင်အစိုးရအနေဖြင့်ကက်သလစ်ဘုန်းတော်ကြီးများအားဖမ်ဆီးထိန်း သိမ်းထားခြင်းနှင့်စပ်လျင်း၍ ‌ကြာသပတေးနေ့ကသူ၏မစ္ဆားတရားဩ၀ါဒထဲ၌သာဓကပေးထည့်သွင်းဟောကြားခဲ့သောကြောင့်ဖြစ်သည်။ သာသနာအတွင်း အမှုတော်ထမ်းသောဘုန်းတော်ကြီးရှားပါးနေသည့် ကြားမှယခုကဲ့သို့ အကြောင်းမဲ့မတရားဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသောရ ဟန်းတော်များအားလည်းလွန်ပေးရန်လည်းပန်ကြားခဲ့သည်။ ဖမ်းဆီးခံထားရသောဘုန်းတော်ကြီးများမှာ ဖာသာရ် José Iván Centeno၊ Julio Ricardo Norori တို့လည်းပါ၀င်ပြီး ၄င်းတို့သည်ယခုလ အောက်တို ဘာ၌သာဖမ်းဆီးထိန်းသိမ်းခံထားရသူများဖြစ်ကြသည်။

နီဂါရဂွါမှကက်သလစ်သာသနာတော်ကြီးသည် (၂၀၂၃) တစ်နှစ်ပင်မကုန်ဆုံးမီ (၂၀၅) တိုက် ခိုက်ခံထားရသည်။ နီဂါရဂွါသည် ညဉ်းပမ်းနှိပ်စက်ခံနေရသောသာသနာဖြစ်နေကြောင်းဖြင့် အောက်တိုဘာ လ (၄) ရက်နေ့က ရှေ့နေလည်းဖြစ်ပြီး၊ သုတေသနပြုသူလည်းဖြစ်သည့် Martha Patricia Molina ကထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ကြေညာချက်၌ သာသနာပြု (၂၁၄) ပါးအနက် ရဟန်းမင်းကြီးကိုယ်စားလှယ်၊ ဆရာတော်များ၊ ရဟန်းတော်များ၊ ရသေ့များ၊ ဦးပဥ္စင်များနှင့်ရဟန်းလောင်းကိုရင်များလည်းထိန်းသိမ်းခံ ထားရသည့်အထဲပါပါသည်။ ဖန်းဆီးထိန်းသိမ်းခံထားရသည့် သာသနာပြုများအနေဖြင့် တိုက်ခိုက်ခံရ၊ သတ်ဖြတ်ရန်ခြိမ်းခြောက်ခံရ၊ မတရားစွပ်စွဲခံထားရ၊ မလုံမခြုံဖြစ်နေရ၊ တမန်တော်လုပ်ငန်းများမလုပ်နိုင်အောင်ပိတ်ပင်ခံထားရသည့်အဖြစ်မျိုးနှင့်ကြုံနေခဲ့ရသည်မှာ (၂၀၁၈) မှ (၂၀၂၃) ခုနှစ်အထိဖြစ်သည်။ ထိုအ ချိန်မှစ၍ ဘုန်းတော်ကြီး (၅၈) ပါးတို့သည် နီဂါရာဂွါ၌မိမိတို့၏သာသနာပြုလုပ်ငန်းများကိုမလုပ်ဆောင်နိုင် ကြတော့ပေ။

ဖြည့်စွပ်ပြောရမည်ဆိုပါလျှင် နိုင်ငံပေါင်း (၁၉) နိုင်ငံမှ သာသနာပြုများဖြစ်ကြသော ဆရာ တော်ကြီး (၂) ပါး၊ ဘုန်းတော်ကြီး (၁၄) ပါး၊ ဦးပဥ္စင်း (၁) ပါး၊ ရဟန်းလောင်းကိုရင် (၂) တို့သည်ထိန်းသိမ်းခံ ထားရသည်။ အထက်ကဖမ်းဆီးခံထားရသည့် သာသနာပြုအရေအတွက်နှင့်ဖိနှိပ်မှုများကိုစာထုတ်၍အသိ ပေးထားသော ရှေ့နေလည်းဖြစ်၊ သတင်းအချက်အလက်များရှာဖွေဖော်ထုတ်သူလည်းဖြစ်သော Molina ကပြန်ပေးဆွဲသည့်လုပ်ရပ်များသည် ဆက်လက်၍ဖြစ်ပွားနေကြောင်း၊ ပြည်တွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများကလည်း လက်ရှိဆိုးရွားနေသောအခြေအနေကို ဟန့်တားကာကွယ်နိုင်ဟန်မတွေ့ရသေးပေ။

Estel သာသနာကမူ သာသနာ၏အသံလွှင့်ဌာန Radio Fe ၏လူမွန်ကွန်ရက်မှ ‘ကက်သ လစ်ညီအစ်ကိုမောင်နှမအပေါင်းတို့ ဤစိတ်မကောင်းစရာသတင်းကိုမပြောချင်သော်လည်း အသိပေးရတော့မည်ဖြစ်ကြောင်း၊ ကြာသပတေးနေ့ည (၁၀း၃၀) အချိန် ဖာသာရ် Alvaro Toledo သည် သူ၏ကျောင်း တိုက်၌ရှိနေစဉ် ရဲများရောက်လာ၍ ဖမ်းဆီးထိန်းသိမ်းသွားကြောင်းအသိပေးအပ်ပါသည်’ ဟုရေးတင်အသိ ပေးထားသည်။ ဆုတောင်းခြင်း၌ ကျွန်ုပ်တို့၏ဘုန်းတော်ကြီးပြန်လည်လွတ်မြောက်ရေး ပေါင်းစည်းဆု တောင်းကြမည်ဟုလည်းမှတ်ချက်များ၌ရေးသားဆုတောင်းထားကြသည်။ Estel သာသနာတစ်ခုတည်း၌ ဘုန်းတော်ကြီး (၆) ပါး ထိန်းသိမ်းခံထားရသည်။ ၄င်းတို့အနက် သာသနာပိုင်ဆရာတော် Rolando José  Alvarez Lagos နှင့်ဆရာတော်မရှိခိုက် သာသနာအားတာ၀န်ယူဦးဆောင်ရသော သာသနာတာ၀န်ခံလည်း ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/ZKJu

Add new comment

2 + 14 =