နိုက်ဂျီးရီးယားမှ ကက်သလစ်သီလရှင် ၄ ပါး ပြန်ပေးဆွဲခံရ

နိုက်ဂျီးရီးယားမှ ကက်သလစ်သီလရှင် ၄ ပါး ပြန်ပေးဆွဲခံရ

နိုက်ဂျီးရီးယား Imo ပြည်နယ် ၊ The Sisters of Jesus the Saviour အသင်းဂိုဏ်းမှ ကက်သလစ်သီလရှင် ၄ ပါးဟာ တနင်္ဂနွေ နေ့က ပြန်ပေးဆွဲခံရတယ်လို့ ၎င်းတို့ရဲ့ အသင်းဂိုဏ်းကထုတ်ပြန်ခဲ့ပါတယ်။

"ကျွန်မတို့နှလုံးသားတွေပူလောင်နာကျင်ခံစားလျက်အသိပေးထုတ်ပြန်လိုပါတယ်။ ကျမတို့ချစ်ရတဲ့ စစ္စတာရ်များဖြစ်ကြတဲ့ Johannes Nwodo, Christabel Echemazu, Liberata Mbamalu and Benita Agu,” တို့ဟာ ဩဂုတ်လ ၂၁ ရက်နေ့ကပြန်ပေးဆွဲခံရပါတယ်လို့ " အသင်းရဲ့ အတွင်းရေးမှူး စစ္စတာရ်က ပြောကြားခဲ့ပါတယ်။

မစ္ဆားတရားတက်ရောက်ဘို့အသွား ဟိုင်းဝေးလမ်းမကြီးမှာ ဖမ်းဆီးခံရတာဖြစ်ကြောင်း၊ စစ္စတာရ်များရဲ့ လုံခြုံရေးနဲ့ အမြန်လွတ်မြောက်ရေးအတွက်ဆုတောင်းမေတ္တာကိုလည်း အဆိုပါပြောရေးဆိုခွင့်ရှိသူ စစ္စတာရ်မှတောင်းဆိုထားတာပါ။

နိုက်ဂျီးရီးယားဟာ ယခုနှစ်ပိုင်းတွေမှာ ဆိုရင် ခရစ်ယာန်တွေကို ပြန်ပေးဆွဲခြင်းတွေစိပ်လာနေ​ကြောင်း၊ အသင်းတော်ခေါင်းဆောင်များအနေနဲ့ မိမိတို့ရဲ့ အသင်းသားများလုံခြုံရေးအတွက် အထူးအလေးထားပေးကြရန်အခြေအနေဖြစ်ပြီး တိုင်းသူပြည်သားတို့၏လုံခြုံရေးကို အစိုးရအနေဖြင့် ဉီးစားပေးလုပ်ဆောင်နိုင်ရန်အတွက်ကိုလည်း ဆွေးနွေးသင့်​တယ်လို့ဆိုထားပါတယ်။

အာဗီအေဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3KfxF4H

Add new comment

3 + 6 =