နာဇီဂျာမဏီလက်ထက် ကက်သလစ်သာသနာတော်ကြီးမှကယ်တင်ပေးခဲ့သောဂျူးလူမျိုး (၃၂၀၀) ရှိခဲ့

နာဇီဂျာမဏီလက်ထက် ကက်သလစ်သာသနာတော်ကြီးမှကယ်တင်ပေးခဲ့သောဂျူးလူမျိုး (၃၂၀၀) ရှိခဲ့

နာဇီဂျာမဂီလက်ဇောင်းထက်ချိန် ရောမရှိ ကက်သလစ်ဘုရားကျောင်းများ၊ အဆောက်အဦးများ၊ အသင်းအဖွဲ့များ၌ အသက်ဘေးမှကင်းလွှတ်ရန်ခိုလှုံခဲ့ကြသောဂျူးလူမျိုး (၃၂၀၀) ရှိကြောင်း စာရင်းပြုစုနိုင်ခဲ့သည်။

ထုတ်ပြန်လာသောစာရင်းများကိုထောက်၍ ရောမရှိဂျူးအသင်းအဖွဲ့များနှင့်ဂျူးလူမျိုးအစုလိုက်အ ပြုံလိုက်သတ်ဖြတ်ခံရသည့်အရေးကိုစမ်းစစ်လေ့လာသောနိုင်ငံတကာအဖွဲ့ (the International Holocaust) ကလည်း ပျောက်ဆုံးဦးရေစာရင်းနှင့်ချိန်ညှိကြည့်ရာဖြစ်နိုင်ချေရှိသောစာရင်းအင်းဖြစ်နေ သည်ဟုရောမမြို့ရှိဂျူးအဖွဲ့အစည်း၏ တာ၀န်ခံ Claudio Procaccia ပြောကြားခဲ့သည်။

နာဇီဂျာမဏီရောမမြို့ကို၀င်စီးချိန်၌ ရောမမြို့၌မှီသင်းနေထိုင်နေသောဂျူးလူမျိုး (၂၀၀၀) ကိုဖမ်းဆီးသွားခဲ့သည်။ ထိုဖမ်းဆီးခံသွားခဲ့သောဂျူးလူမျိုးအချို့သည် လက်ရှိတရားဇရပ်၏ပတ်၀န်းကျင်း၌နေထိုင်ခဲ့ကြသူများဖြစ်သည်ဟု၄င်းကဆိုပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/UVI6

Add new comment

4 + 3 =