နဝမအကြိမ်မြောက် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ မိသားစုများတွေ့ဆုံပွဲကျင်းပခြင်း

နဝမအကြိမ်မြောက် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ မိသားစုများတွေ့ဆုံပွဲကျင်းပခြင်း

အာဗီအေမြန်မာ၊ ၂၄-၂-၂၀၂၄၊ မန္တလေးမြို့။

မန္တလေးကက်သလစ်သာသနာ သာမာန်လူပုဂ္ဂိုလ်များနှင့် မိသားစုများဘဝ၏အရေးပါမှုနှင့် ခိုင်မာသော ခရစ်ယာန် မိသားစု ဘဝကို ဘုရားသခင်၏အလိုတော်နှင့်အညီ တည်ဆောက်ရန် လမ်းညွန်ပေးမည့် မိသားစုများတွေ့ဆုံ ပွဲကို (၂၄.၂.၂၀၂၃)နေ့ ၊ နံနက် ၈းဝဝ မှ ၁၂းဝဝ ထိ မန္တလေးမြို့ ရွှေနှလုံးတော်ကာသီဒြယ်ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။

မန္တလေးကက်သလစ်သာသနာ သာမာန်လူပဂ္ဂိုလ်များနှင့် မိသားစုများတွေ့ဆုံပွဲ မစ္ဆားတရားတော်မြတ်ကို နံနက် ၈းဝဝ နာရီတွင်  မွန်ဆီညော် ပီတာစိန်လှိုင်ဉီး နှင့် ဖာသာရ် ပေါလ်သက်ခိုင်တို့မှ ဉီးဆောင် ပူဇော်ပေးခဲ့သည်။

မစ္ဆားတရားအတွင်း မွန်ဆီညော်မိန့်ကြားခဲ့သောမိသားစုနှင့်ဆိုင်သော တရားတော်မှာ

“မိသားစုအတွက်စုံလင်တဲ့စံနမူနာ ဘယ်မှာရှိသလဲလို့ရှာတဲ့အခါမှာ ယေဇူးမာရီယာား ဇူဇယ် သန့်ရှိသောအိမ်ထောင်စုမှာ ရှိပါတယ်။ သံဇူဇယ်၊ မယ်တော်မာရီယား၊ သားတော်ဘုရားတို့ဟာ မိသားစုဘဝအတွင်းမှာ မတူညီသောတာဝန်တွေကို အတူတကွထမ်းဆောင်ခဲ့ရင်း လူသားတွေရဲ့ကယ်တင်ခြင်းဆိုတဲ့ တူညီသောပန်းတိုင်ကို ချစ်ခြင်းမေတ္တာနှင့် ထမ်းဆောင်ခဲ့ကြတာတွေ့ရှိရပါတယ်။

ဝါတွင်းချိန်ကာလမှာ ဘုရားတရားကိုပိုပြီးအချိန်ပေးပါ ပိုပြီးတော့မှ ကြိုးစားအားထုတ်ဖို့ဖြစ်ပါတယ် မိသားစုများ အတူတကွစုရုံးပြီး ဘာသာရေးမှာ ပိုပြီးကြိုးစားကြဖို့ဖြစ်ပါတယ်။ ကျွန်ုပ်တို့ယနေ့ခေတ် သုံးနေကြတဲ့ ဖုန်းတွေဟာ မရှိမဖြစ်ဟုတ်ပါတယ် ဒါပေမဲ့လို့ ဖုန်းသုံးတာချင်းတူတူ လိုင်းသုံးတာချင်းတူတူ ဘာသာရေး၊ ဝိညာဉ်ရေးတွက် သုံးရင်ပိုပြီးမကောင်းဘူးလား လိုင်းပေါ်မှာ အပြစ်တင်ရန်ဖြစ်နေမဲ့အစား ကိုယ့်ရဲ့ဘာသာရေး၊ ဝိညာဉ်ရေးအတွက် ဒါမှမဟုတ် စိတ်ဓာတ်ခွန်အားဖြစ်စေမဲ့ အရာတွေမှာကျွန်ုပ်တို့သုံးရမှာဖြစ်ပါတယ်။ အွန်လိုင်းမှာ မစ္ဆားနာလို့ရတယ် အွန်လိုင်းကနေ ပုတီးစိပ်တဲ့နေရာမှာ ပါဝင်လို့ရတယ် အွန်လိုင်းကနေ ကိုယ်တော်မြတ်ဖူးတဲ့နေရတွေမှာ ပါဝင်လို့ရတယ် နယ်တကာလှည့်ပြီးသူများမကောင်းကြောင်းပြောမဲ့အစား ကိုယ်တော်မြတ်ကျောင်းဆောင်ကိုသွားပြီး ကိုယ်တော်မြတ် ဖူးတာပိုပြီးအကျိုးရှိပါတယ်။

ခုလိုဝါတွင်းအချိန်မှာ အခြားသောအရာတွေကိုသုံးနေမဲ့အစား ဖြုန်းနေမဲ့အစား ဘာသာရေးအတွက် ဝိညာဉ်ရေးအတွက် ပိုပြီးအကျိုးရှိမဲ့နေရာတွေကို ဉီးစားပေးကြဖို့  ဖိတ်ခေါ်ပါတယ်။ ဝါတွင်းအချိန်အခါဖြစ်တဲ့အတွက် ဒီအချက်(၅)ချက်ကို ကျင့်ကြံကြိုးစားကြဖို့ ကျွန်ုပ်အနေနဲ့ဖိတ်ခေါ်လိုပါတယ်။ (၁) ကားတိုင်လှည့်ခြင်း (၂) ခြိုးခြံခြင်း (၃) မိသားစုအတူတကွ ဆုတောင်းခြင်း (၄) အလှူဒါနပြုခြင်းနှင့် ဘာသာရေး ဝိညာဉ်ရေးအတွက် အချိန်ပိုပေးခြင်း ဖြစ်ပါတယ်။” မွန်ဆီညော်မှ မြွက်ကြားခဲ့ပါသည်။

ထို့အပြင် ဖာသာရ်ပေါလ်သက်ခိုင်မှလည်းမိဘနှင့် သားသမီးကြားထားရမဲ့စိတ်နေစိတ်ထားနှင့်သွန်သင်ရမည့်အချက် တွေကို ပြောကြားရာမှာ

“မိမိက လူကြီးနေရာ မိဘနေရာမှာရှိတယ်ဆိုရင် ကိုယ့်ရဲ့သားသမီးတွေအနာဂါတ်လှပဖို့ လိမ္မာတဲ့သားသမီးတွေလိုချင် တယ်ဆိုရင် မိမိကိုယ်၌က အရင်လိမ္မာပါ၊ သာငယ်သမီးငယ်တွေ ရန်ဖြစ်တာမလိုချင်ရင် မိဘနှစ်ပါကအရင် သင့်သင့် မြတ်မြတ်နေပါ ရန်မဖြစ်ပါနဲ့ ညီအစ်ကိုမောင်နှမ အချင်းချင်း စည်းစည်းလုံးလုံးနဲ့ နေတာမြင်ချင်ရင် မိမိတို့လူကြီးတွေ ကိုယ်၌က အချင်းချင်း စည်းစည်းလုံးလုံးနေပါ၊ တစ်ချိန်လုံခနခန ရန်ဖြစ်နေရင် ကိုယ့်ရဲ့ သားသမီးတွေလည်း မိမိလိုပဲ ဖြစ်လာမှာသေချာပါတယ်။

ဘာဖြစ်လို့လဲဆိုတော့သူတို့တွေက မိတ္တူတွေပါ မိမိတို့က မူရင်းတွေဖြစ်ပါတယ် ဒါကြောင့်ကိုယ့်ရဲ့သားသမီးလေးတွေ ကို ဘာသာရေးကိုင်းရှိုင်းတဲ့ လိမ္မာတဲ့ သာသမီးဖြစ်လာဖို့ မိဘတွေအနေလည်း နမူနာကောင်းများပြသသင်ပေးနိုင်တဲ့ သူတွေဖြစ်အောင်ကြိုးစားနေထိုင်ရမည်ဖြစ်တယ်။ ဒါကြောင့် ဒီနေ့မိသားစုတွေ တစ်ယောက်နှင့် တစ်ယောက် စုရုံးနိုင်ရအောင် တစ်ဉီးနှင့်တစ်ဉီး သစ္စာထားရှိခြင်းတွေ ချစ်ခြင်းမေတ္တာထားရှိခြင်းတွေ  မိမိတို့ကိုယ်၌က ကိုယ်နဲ့ နီးစပ်တဲ့ သူတွေကို စံနမူနာကောင်းတွေ ပေးနိုအောင် ကြိုးစားကြပါစို့” ဟုဖာသာရ်ပေါလ်သက်ခိုင်မှ မိန့်ကြားခဲ့ပါသည်။

မန္တလေးကက်သလစ်သာသနာ သာမာန်လူပဂ္ဂိုလ်များနှင့် မိသားစုများတွေ့ဆုံပွဲ မစ္ဆားတရားတော်မြတ်ကို နံနက် ၈းဝဝ နာရီတွင် မွန်ဆီညော် ပီတာစိန်လှိုင်ဉီး နှင့် ဖာသာရ် ပေါလ်သက်ခိုင်တို့မှ ဉီးဆောင် ပူဇော် ပေးခဲ့ပြီး ဘုရားကျောင်းအပြီး ၉း၃ဝနာရီ တွင် မိသားစုနှင့်ဆိုင်တဲ့ ပို့ချမှု၊ ပြန်လည် ဆွေး နွေး ခြင်း များကို ဖာသာရ် ပေါလ်သက်ခိုင်နှင့် ဆရာဉီးစိုးနိုင် တို့မှ ပို့ချပေးခဲ့သည်။

 

 

Add new comment

19 + 1 =