နယူကလီးယားစွမ်းအင်ကို လူကိုသေကြေပျက်စီးစေသော စစ်ပွဲ​တွေမှာ အသုံးပြုခြင်းသည် ဒုစရိုက်ဆန်သော ကိုယ်ကျင့်တရားပျက်စီးမှုဖြစ်တယ်

ဟီရိုရှီးမား မြိုကိုဖျက်ဆီး ခဲ့သော အဏုမြူဗုံး

နယူကလီးယားစွမ်းအင်ကို လူကိုသေကြေပျက်စီးစေသော စစ်ပွဲ​တွေမှာ အသုံးပြုခြင်းသည် ဒုစရိုက်ဆန်သော ကိုယ်ကျင့်တရားပျက်စီးမှုဖြစ်တယ်
အောက်တိုဘာ ၂၊ ၂၀၁၉

ဟီရိုရှီးမား နှင့် နာကာဆာကီ မှာ စစ်အတွင်းက အသက်ပေးဆပ်သွားကြသော သာသနာပြုတွေ၊ သူရဲကောင်းတွေ တွေ့ကြုံခံစားခဲ့ရတဲ့ အကြောင်းတွေကို ကျွန်ုပ်ဖတ်ရတဲ့အချိန်မှာ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အထင်ကြီးလေးစားမိတယ်၊ တချိန်တည်းမှာပဲ စစ်ရဲ့ဆိုးကျိုးကိုပြင်းထန်စွာခံစားခဲ့ရတဲ့ ဂျပန်လူမျိုးတွေရဲ့ ဆိုးဝါးတဲ့အခြေအနေကနေရုံးထလာနိုင်ခဲ့ကြတာကို အံ့ဩလေးစားဂုဏ်ယူမိတယ်။

အဲ့လိုဆိုးဝါးခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ သာသနာပြုတွေရဲ့ ဇွဲလုံးလရှိမူ့၊ ယုံကြည်ခြင်းကို ထိမ်းသိမ်းထားနိုင်မှုတွေကိုလည်း ကျေးဇူးတင်လေးစားဂုဏ်ယူမိကြောင်း ရဟန်းမင်းကြီးရုံးတော် လူထုဆက်သွယ်ဆက်ဆံရေးဆိုင်ရာဝန်ကြီးဌာန၏ မျက်နှာဆုံညီ ညီလာခံသို့ အိုဆာကာ ဂိုဏ်းချူပ်ဆရာတော် ရဟန်းမင်းအမတ် ကာဒီနယ် မာအီဒါ နှင့်အတူ ရောမမြို့သို့ ရောက်ရှိနေသော ဂျပန်နိုင်ငံ သတင်းထောက်များ နှင့်တွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။

သာသနာပြုတွေရဲ့ဇွဲလုံးလကို လေးစားဂုဏ်ယူသလို့၊ အနုမြူဘုံး ဆိုးဝါးစွာခံစားခဲ့ရတဲ့လူတွေရဲ့ဘဝတွေ အတွက် နာကျင်ခံစားရကြောင်း၊ ကျွန်ုပ်တကယ်ဂုဏ်ယူမိတာကတော့ ဒီငရဲတမျှ ဆိုးဝါးလှတဲ့အခြေအနေ ဆိုးကြီးကနေ ရုန်းထခဲ့ကြတဲ့ ဂျပန်လူမျိုးတွေရဲ့စိတ်ဓာတ်ပါပဲ။ သင်တို့က ကမ္ဘာကြီးကို လူသားမှန်ရင် ပြန်လည်ရုံးထပြီ အနာဂတ်ကိုကြည့်မြင်နိုင်ရမယ်ဆိုတဲ့ သင်ခန်စားပေးလိုက်တာပါပဲ။ ။

အနုမြူဗုံးချပြီးလူတွေကို သေကျေပျက်စီးအောင်လုပ်ခဲ့တဲ့လုပ်ရပ်ဟာ စက်ဆုပ်ဖွယ်ရာအလွန်ဆိုးဝါးသော လုပ်ရပ်ဖြစ်တယ်။ ကျွန်ုပ်အမှန်တရားကို ပြန်ပြောမယ် အဲ့တာက နယူကလီးယားစွမ်းအင်ကို လူကိုသေကျေပျက်စီးစေသော စစ်ပွဲတွေမှာ အသုံးပြုခြင်းသည် ဒုစရိုက်ဆန်သော ကိုယ်ကျင့်တရားပျက်စီးမှုဖြစ်တယ် ဟု ဂျပန် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ ။
By Kyi Maung
Credit to Vatican News
https://bit.ly/2MacIdL

Add new comment

4 + 15 =

Please wait while the page is loading

နယူကလီးယားစွမ်းအင်ကို လူကိုသေကြေပျက်စီးစေသော စစ်ပွဲ​တွေမှာ အသုံးပြုခြင်းသည် ဒုစရိုက်ဆန်သော ကိုယ်ကျင့်တရားပျက်စီးမှုဖြစ်တယ် | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.