ဓမ္မသင်တန်းကျောင်း (၇၅) နှစ်ပြည့် နှင့် (St. Luke's College, Socio-Pastoral Formation Center) သစ်ဖွင့်ပွဲ

သံလုကာဓမ္မသင်တန်းကျောင်း (၇၅) နှစ်ပြည့် စိန်ရတုဂျူဗလီ နှင့် (St. Luke's College, Socio-Pastoral Formation Center) ကောလိပ် ကျောင်းဆောင်သစ် ကောင်းကြီးပေးဖွင့်လှစ်ခြင်း ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး၊ မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ၏ Apostolic Administrator ကာဒီနယ် ချားလ်(စ်)ဘိုမှ သံလုကာဓမ္မသင်တန်းကျောင်း (၇၅) နှစ်ပြည့် စိန်ရတုဂျူဗလီ နှင့် (St. Luke's College, Socio-Pastoral Formation Center) ကောလိပ် ကျောင်းဆောင်သစ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီတွင် ဧဒင်ရပ်ကွက်၊ မြစ်ကြီးနားမြို့တွင် ကောင်းကြီးပေး ဖွင့်လှစ်ခဲ့ပါသည်။

“ဒီလိုကျောင်းဆောင်သစ်ဖွင့်လှစ်နိုင်ခြင်းကြောင့် မြစ်ကြီးနားသာသနာ၊ ဗန်းမော် သာသနာ၊ လားရှိုးသာသနာ သုံးခု အတွက် ဓမ္မဆရာ/ဆရာမများ ဆက်လက်မွေးထုတ်ပေးနိုင်ရုံမက လူငယ်များအတွက်လည်း ပညာသင် အခွင့်လမ်းများရရှိစေပါတယ်။” ဟု ကာဒီနယ်ချားလ်(စ်)ဘိုမှ လေးလေးနက်နက် မိန့်ကြားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် Rev. Fr. Leo Gopal၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ East Asia Pastoral Institute (EAPI) နှင့် ချိတ်ဆက်ခါ Socio-Pastoral Formation Center ကိုလည်း စတင်နိုင်ခဲ့ကြောင်း ကာဒီနယ်ချားလ်း(စ်)ဘိုမှ ဂုဏ်ပြုမြွက်ကြားခဲ့ပါသည်။

ကာဒီနယ်ချားလ်(စ်)ဘိုမှ ဓမ္မသင်တန်းကျောင်း စိန်ရတု ဂျူဗလီနှစ်တွင် သံလုကာ ကောလိပ် ကျောင်းဆောင်သစ်ကို ကောင်းကြီးပေး ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဘုရားသခင်အား ကျေးဇူးတင်ရင်း ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် သင်ကြားရေးဘာသာရပ်များအတွက် ပြင်ဆင်ပေးရာတွင် ဦးဆောင်ကြသော Fr. Leo၊ Fr. Bernard (Rector)၊ ကိုလန်ဘန်အသင်းဂိုဏ်း၊ ယေဇူးအသင်းဂိုဏ်းနှင့် ဖရန်စစ္စကင်အသင်းဂိုဏ်းဝင် သူတော်စင်များနှင့် ရက်ရက်ရောရောပါဝင်လှူဒါန်းကြသော အလှူရှင်များအားလုံးအား ကျေးဇူးတင်ဂုဏ်ပြုခဲ့ပါသည်။

သံလုကာဓမ္မသင်တန်းကျောင်းသည် ယခင်မြစ်ကြီးနားသာသနာပိုင် ဗန်းမော်မြို့နယ်၌ အစပြုခဲ့ပြီး ရွေ့ပြောင်းခဲ့ကာ မြစ်ကြီးနားမြို့ ဧဒင်ရပ်ကွက်တွင် ဆက်လက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ယခု စိန်ရတုဂျူဗလီ တိုင်ခဲ့ပြီ ဖြစ်သည်။

(ကချင်ဘာသာဖြင့်) ကျေးဇူးတင်မစ္ဆားတရား သြဝါဒကို ဗီဒီယိုတွင် ကြားနာနိုင်ပါသည်။

ဧဒင်၊ မြစ်ကြီးနားကက်သလစ်ဂိုဏ်းအုပ်သာသနာ

၇.၁၂.၂၀၂၃

( RVA Kachin အစီအစဥ်မှ အသံဖမ်း၊ ရိုက်ကူး၊ တည်းဖြတ်သည်။)

#rvakachin #rvakachinservice 

Add new comment

7 + 1 =