ဒုက္ခသည် သိုးများဆီသို့ Lahore ဂိုဏ်းချုပ်ဆရာတော်ကြွရောက်

ဒုက္ခသည် သိုးများဆီသို့ Lahore ဂိုဏ်းချုပ်ဆရာတော်ကြွရောက်

ပါကိစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် Jaranwala ၌ခရစ်ယာန်များအားပစ်မှတ်ထားအကြမ်းဖက်မှုများစတင်လာခဲ့ပါပြီ။ ထိုကြောင့်အခင်းဖြစ်ရာသို့ ဩဂုတ်လ (၂၂) ရက်နေ့က ဂိုဏ်းချုပ်ဆရာတော်ကချက် ချင်းရောက်ရှိသွား၍အခြေအနေကိုကြည့်ရူခဲ့သည်။ အားပေးနှစ်သိမ့်ခဲ့သည်။ အခင်းဖြစ်ပွားသည့်မြင်ကွင်းသည် လွန်စွာဆိုး၀ါးခဲ့ကြောင်းထိတ်လန့်ဖွယ်ရာဖြစ်သည်ကိုမြင်တွေ့ခဲ့ရသည်။ ကုန်းကောက်စရာမရှိ‌အောင် ကိုပင်မီးထဲပါသွားခဲ့သည်။ ယေဇူးသခင်၏ချစ်ခြင်းကိုပြသရန်မှာကျွန်ုပ်တို့၏တာ၀န်ဖြစ်ကြောင်းပြောကြားခဲ့ သည်။

သာသနာအနေဖြင့် လိုအပ်ချက်များကိုတတ်နိုင်သလောက်အနီးကပ်ကူညီစောင့်ရှောက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့်၀တ္တုများကူညီ၍ဘာသာတူတို့၏ဒုက္ခကိုဖြေလျော့ပေါ့ပါးသွားအောင် ကာရီတာစ့်နှင့်အခြားခရစ်ယာန်အဖွဲ့အစည်းများ၏အကူအညီဖြင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ထိတ်လန့်ဖွယ်ရအဖြစ် မျိုးနှင့်ကြုံခဲ့ရသည်မှန်သော်လည်း ၄င်းတို့သာဤဒုက္ခကိုခံထမ်းနေခြင်းမဟုတ်။ ယေဇူးသခင်သည်လည်း ကောင်း၊ သာသနာသည်လည်းကောင်း သူတို့နှင့်အတူရှိနေကြောင်းအားပေးခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်သည် မွတ်စလင်ဘာသာ၀င်ကိုကိုယ်စားပြုသောအဖွဲ့၊ ယာယီနိုင်ငံတော်၀န် ကြီးချုပ် Anwar ul Haq တို့နှင့်အတူလိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

ယာယီနိုင်ငံ၀န်ကြီးချုပ်က ခရစ်ယာန်အဖွဲ့အစည်း၏နိုင်ငံတော်တည်ဆောက်ရေး၌ ကူညီပံ့ပိုးခဲ့သည်များကိုအသိအမှတ်ပြုပြီး ၄င်းတို့သည် ပါကိစ္စတန်နိုင်ငံ၏အရာရောက်သောအပိုင်းဖြစ်ကြောင်း၊ နိုင်ငံ၏အင်အားအကြီးဆုံးဘာသာဖြစ်သော မွတ်စလင်အ နေဖြင့်အင်အားနည်းသောသူများအားကူညီရန်တာ၀န်ရှိကြောင်း၊ နိုင်ငံ၏လူနည်းစုများအားကာကွယ်ရန်မှာ တာ၀န်အရသာမဟုတ်။ ခံယူချက်ဖြင့်ကာကွယ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံကိုတည်ဆောက်ခဲ့သော Ali Jinnah ၏နောက်လိုက်များအဖြစ် ဥပဒေကြောင်းနှင့်နိုင်ငံတော်၏ဖွဲ့စည်းပုံနှင့်အညီလိုက်နာလုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုဥပဒေနှင့်ဖွဲ့စည်းပုံသည်ယခုဖြစ်ပွားသောရက်စက်ယုတ်မာသည့်လုပ်ရပ်အား တရားမျှတစွာဖော်ထုတ်၍ထိရောက်စွာအရေးယူရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ယခုခရစ်ယာန် တို့အပေါ်ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်လျော့ပေါ့ချမှတ်မည်မဟုတ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းအားမတရားအကြမ်းဖက်ကျူးလွန်မှုများရှိပါက တရားမျှတမှုသည်အရေးယူမည်ဖြစ်ကြောင်း၊ ညီအစ်ကို မောင်နှမအပေါင်းတို့ ကျွန်ုပ်တို့လည်းသင်တို့နှင့်အတူရှိနေပါသည်။

ပြောရေးဆိုခွင့်မရှိသူများအတွက်ပြောကြားပေးမည့်သူများဖြစ်ကြောင်းဖြင့် အစွန်းရောက်အကြမ်းဖက်မွတ်စလင်တို့၏သတ်ဖြတ်ခြင်း၊ အိမ်များ၊ ဘုရားကျောင်းများမီးရှို့ခံရသော ပါကိစ္စတန်ခရစ်ယာန်များအားပြောကြားခဲ့သည်။ ယာယီ၀န်ကြီးချုပ်သည် အကြမ်းဖက်ဖျက်ဆီးခံရသောခရစ်ယာန်မိသားစုတို့အား ရူပီ (နှစ်သန်း) ကူညီပေးခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/UkTI

Add new comment

11 + 7 =