တောင်အာရှကိုတိုက်ခတ်မယ့် ဆိုင်ကလုန်းမုန်တိုင်းအတွက် ကက်သလစ် အဖွဲ့အစည်းများပြင်ဆင်

တောင်အာရှကိုတိုက်ခတ်မယ့် ဆိုင်ကလုန်းမုန်တိုင်းအတွက် ကက်သလစ် အဖွဲ့အစည်းများပြင်ဆင်

တောင်အာရှကိုတိုက်ခတ်မယ့် ဆိုင်ကလုန်းမုန်တိုင်းအတွက် ကက်သလစ် အဖွဲ့အစည်းများပြင်ဆင်

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရိုက်ခတ်မယ့် ဆိုင်ကလုန်း မုန်တိုင်းအတွက်ကက်သလစ်အဖွဲ့အစည်း များစွာဟာ ထောင်သောင်းချီတဲ့ မုန်တိုင်းဘေးရှောင်ဒုက္ခသည်များအား ကူညီပေးရန် အသင့်ပြင်ထားကြပြီးဖြစ်ပါတယ်။

ကက်သလစ်မှ ဆက်ကပ် မည့်သူများစွာဟာ အစိုးရအဖွဲ့အစည်းများ နှင့်တခြား လူမှုအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီးဖြစ်တယ် အဓိကအချက်က လူတွေရဲ့ အသက်ကိုကယ်ဘို့ဖြစ်တယ် လို့ ကလကတ္တား ဂိုဏ်းချူပ်သာသနာမှ လူမှုလူပ်ငန်းဒါရိုက်တာ ဘုန်းတော်ကြီး Fr.Franklin Menezes ကဆိုပါတယ်။

ဆိုင်ကလုန်း ဒုက္ခသည်များခိုနားနေရာ ရရန် လိုက်ပါ ကူညီပေးဘို့ ကျွန်ုပ်တို့မှာ ၀န်ထမ်း ၁၀၀ ကျော်နဲ့ ဆက်ကပ် ၁၀၀၀ ကျော်ရှိပါတယ်။ ခိုနားစရာ အဆောင် ၇၀ လည်း ပြင်ဆင်ထားပါတယ်။ နယ်ခံ အုပ်ချူပ်ရေးတာဝန်ခံများနဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။ ဆင်းရဲသားတွေက သိပ်မကြောက်ကြတော့ ဘေးကင်နေရာကို ရှောင်နေဘို့ကို ခေါ်လို့မရဖြစ်တာကြောင့်အခက်အခဲဖြစ်ရတယ်လို့ ဒါရိုက်တာဘုန်းတော်ကြီးက ဆိုပါတယ်။

အဲမ်ဖန် ဆိုင်ကလုန်းဟာ အဆင့် ၅ ဟာရီကိန်း နဲ့ညီမျှတယ် လို့လည်း သတ်မှတ်ထားကြောင်းကို CNA သတင်းမူအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo credit: NASA/Public domain

 

https://bit.ly/2LNDeJW

Add new comment

7 + 3 =