တောင်ကိုးရီးယား၌ ဦးပဥ္စင်း (၂၄) ပါးကက်သလစ်ရဟန်းသိက္ခာထပ်ခဲ့

တောင်ကိုးရီးယား၌ ဦးပဥ္စင်း (၂၄) ပါးကက်သလစ်ရဟန်းသိက္ခာထပ်ခဲ့

ယနေ့ (ဖေဖော်၀ါရီလ ၃) ရက်နေ့ တောင်ကိုးရီးနိုင်ငံ၌ ဦးပဥ္စင်း (၂၄) ပါး ကက်သလစ်ရဟန်းသိက္ခာတော်ကိုထပ်ခဲ့ကြသည်။ ၄င်းတို့အနက် (၂၃) ပါးသည် ဆိုးလ်ဂိုဏ်းချုပ်သာသနာမှဖြစ်ပြီး ကျန်တစ်ပါးမှာမူ ရေခြားမြေခြားသို့သာသနာပြုကြမည့်‘ဆိုးလ်ကက်သလစ်သာသနာပြုအသင်း’ ၏ ရဟန်းဖြစ်သည်။ ဆိုးလ်ဂိုဏ်းချုပ်သာသနာသည် အဆိုပါသာသနာပြုအသင်းအား (၂၀၀၅) ခုနှစ်ကစ တင်တည်ထောင်ပြီး လာတင်းအမေရိကားသို့သာသနာပြုရန်စေလွှတ်ခဲ့သည်။

ရဟန်းသိက္ခာထပ်သည့် မစ္ဆားတရားတော်မြတ်ကို တောင်ကိုးရီးယားမြို့တော် ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏ ကယ်သီဒရယ်ရှိရာ Myeongdong ၌ ဆိုးလ်ဂိုဏ်းချုပ်ဆရာတော် Peter Chung Soon-taick မှဦးဆောင်ပူဇော်ခဲ့သည်။

ဘာသာတူရာနှင့်ချီပါ၀င်ခဲ့ကြသကဲ့သို့ ဦးပဥ္စင်းတို့၏မိသားစု၊ ဆွေမျိုး သားချင်းများပူဇော်ခဲ့ကြသည်။ ယခင်နှစ်ကလည်း ဆိုးလ်ဂိုဏ်းချုပ်သာသနာသည် ဦးပဥ္စင်း (၂၃) ပါးကို ရဟန်းသိက္ခာထပ်ပေးခဲ့သည်။ ဆိုးလ်ဂိုဏ်းချုပ်သာသနာသည် ကျောင်းထိုင်ဘုန်းတော်ကြီးသီတင်းသုံးသောသာသနာနယ် (၂၃၂) ခုရှိပြီး ရဟန်းတော် (၉၅၀) ကျော်ရှိသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ၌ ဘာ သာတူဦးရေ (၆) သန်းရှိပြီး ဂိုဏ်းချုပ်သာသနာအတွင်း ကက်သလစ်ဘာသာတူ (၁.၅) သန်းကိုကြည့်ရှုပေးလျှက်ရှိသည်။ (SW – shaloam )
 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/3YGLn74

Add new comment

16 + 2 =