တရုတ်ပြည်၌ခရစ်ယာန်တို့အားဖိနှိပ်မှုသည်နှစ် (၄၀) အတွင်းအဆိုးဆုံးအဆင့်သို့ရောက်ရှိ

တရုတ်ပြည်၌ခရစ်ယာန်တို့အားဖိနှိပ်မှုသည်နှစ် (၄၀) အတွင်းအဆိုးဆုံးအဆင့်သို့ရောက်ရှိ

China Aid အဖွဲ့အစည်း၏ဥက္ကဌဖြစ်သူ ဒေါက်တာ Bob Fu ၏ပြောပြချက်အရ တရုတ်ပြည်၌ခရစ်ယာန်တို့အားဖိနှိပ်မှုနှင့်စပ်လျင်း၍ နှစ် (၄၀) အတွင်းအဆိုးဆုံးအဆင့်သို့ရောက်ရှိနေကြောင်း၊ တရုတ်ကွန် မြူနစ်ပါတီသည် ခရစ်ယာန်များအားပစ်မှတ်ထားတိုက်ခိုက်နေပြီး ဘုရားကျောင်များအားဖိနှိပ်နေသည်ဟုဆိုပါသည်။

ခရစ်ယာန်လူငယ်များအား သူတို့၏ယုံကြည်ခြင်းကိုလူသိရှင်ကြားငြင်းပယ်ရန်အတင်းအကြပ်ဖန်တီးနေသည်။ အစိုးရ၏မူ၀ါဒထဲ၌ လုံး၀ညွှတ်တွား၀ပ်ပြားသွားအောင်လုပ်ဆောင်နေသည်။ ရွာများမှဘာ သာရေးပုဂ္ဂိုလ်များလည်း ပုန်းလျိုးနေကြရသည်။ ဘုရားကျောင်းသို့လာသောဘာသာ၀င်များ၏မျက်နှာပေါ် သောကင်မရာများဖြင့်ရိုက်ယူမှတ်တမ်းတင်စေခြင်း၊ ကလေးများအားဘုရားဘာသာရေးသွပ်သွင်းခြင်းများကိုပိတ်ပင်ထားသည်။ အသက် (၁၈) နှစ်အောက်ကလေးများအား တရုတ်ကွန်မြူနစ်ပါတီ၀င်အဖြစ်လည်ကောင်း၊ ၀န်ထမ်းအဖြစ်လည်း ကောင်း၊ ရဲအဖြစ်လည်းကောင်း၊ စစ်သားများအဖြစ်လည်းကောင်းသွပ်သွင်းကြသည်။

တရုတ်ကွန်မြူနစ်အစိုးရအားဆန့်ကျင်သောခရစ်ယာန်ဘာသရေးခေါင်းဆောင်များအနေဖြင့် လူမဆန်သောဖိနှိပ်မှုများကိုကြုံရမည်ဖြစ် သည်။ ဘာသရေးအမှတ်အသား၊ သက်ေတများအား အစိုးရအသိအ မှတ်ပြုသော (ပြုပြင်ထားသော) အမှတ်သ​ေင်္ကတများနှင့်အတူတရုတ်နိုင်ငံ၏အလံ၊ သို့မဟုတ် တရုတ်သမ္မ တ၏ရုပ်ပုံတို့နှင့်ယှဉ်တွဲ၍တင်ကြရသည်။ (၁၉၆၀) ခုနှစ်မော်စီတုန်းခေတ်၏မူ၀ါဒကိုပြန်လည်အသက်သွင်း နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှခရစ်ယာန်များအား မျက်စိတောက်ထောက်စောင့်ကြည့်ရန် ဘုရားကျောင်းများ၌စိုက်ထူထားသော လက်၀ါးကပ်တိုင်များကိုလည်းဖယ်ရှားပစ်ကြသည်။ ဆုတောင်းသည့်အခါ၌လည်း တရုတ်ခရစ်ယာန်သာသနာတိုးပွားရန်၊ မတရားဖိနှိပ်မှုများကြား ဆက်လက်၍သီးခံနိုင်ရန်ဆုတောင်းခိုင်း သည်။

တရုတ်အစိုးရ၏ဥပဒေသစ်အရ ခရစ်ယာန်များအားမြေယာများဌားရမ်းပေးသောမြေပိုင်ရှင်များအနေဖြင့်ကြီးလေးသောအပြစ်ဒဏ်ပေးခြင်းကိုခံရမည်။ ထို့ကြောင့်စိုးရိမ်စိတ်ထိတ်လန့်စိတ်များပွားနေကြရသည်။ ရဲများကမသက်ာလျှင်မသက်ာသကဲ့သို့ ပြည်သူတို့၏လက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများ၊ ဆက်သွယ်ရေးလျှပ်စစ်ပစ္စည်းများကိုလူလယ်ဘုံ၌စစ်ဆေး၍ ခရစ်ယာန်နှင့်ဆိုင်သောအကြောင်းအရာများ၊ လိုင်းများထဲသို့၀င်ရောက်ကြည့်ရူချိပ်ဆက်ထားခြင်းရှိမရှိစစ်ဆေးပိုင်ခွင့်ပြုထားသည်။ Xinjiang ပြည်နယ် Uyghur၊ Kazakh၊ Kirghiz ဒေသတို့မှခရစ်ယာန်များသည် အဆိုးရွားဆုံးမျက်စိတောက်ထောင်စောင့်ကြည့်ခံရ၊ သက်ာမကင်းဖြစ်ခံထားရဆုံးဒေသဖြစ်သည်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအားဖမ်းဆီးထိန်းသိမ်း ထားခြင်း၊ သို့မဟုတ ချွေးတပ်စခန်းများသို့အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ကြသော်လည်း ဘာသာတူသန်းနှင့်ချီသူများကိုမူ ရက်စက်ယုတ်မာစွာလူမဆန်ညှဉ်းပမ်းနှိပ်စက်နေကြသည်။ Urumqi၊ Hami၊ Kashgar မြို့များ၌ မနေရဲကြ၍ လူနေအိမ်များ၊ တိုက်ခန်းများစွန့်ပစ်ကာထွက်ပြေးတိမ်းရှောင်နေကြသည်များလည်းရှိကြသည်။ တရုတ်အစိုးရအနေဖြင့်ထိုအခြေအနေကိုဂရုမစိုက်။ ၄င်း၏မူ၀ါဒအသက်၀င်ရန်ကိုသာ ဇောင်းပေးလုပ်ဆောင်နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံရှိခရစ်ယာန်များအတွက် မတရားညှဉ်းပမ်းနှိပ်စက်သည့်ကြားမှ ယုံကြည်ခြင်း၌အဆုံးတိုင်တည်ကြည်နိုင်ကြရန်နှင့်ဧ၀ံဂေလိတရားကိုတရုတ်ဒေသတစ်လွှား၌ ကြေညာဟောပြောနိုင်ရန် ဆုတောင်းမေတ္တာကိုအထူးတောင်းခံထားပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/36VYh

 

Add new comment

1 + 16 =