တရုတ်နိုင်ငံမှ ယုံကြည်သူများ၊ သိုးထိန်းများနှင့်နီးကပ်စွာရှိနေပါကြောင်း ရဟန်းမင်းကြီးက ထုတ်ဖော်ဖွင့်ဟ

တရုတ်နိုင်ငံမှ ယုံကြည်သူများ၊ သိုးထိန်းများနှင့်နီးကပ်စွာရှိနေပါကြောင်း ရဟန်းမင်းကြီးက ထုတ်ဖော်ဖွင့်ဟ

တရုတ်နိုင်ငံမှ ယုံကြည်သူများ၊ သိုးထိန်းများနှင့်နီးကပ်စွာရှိနေပါကြောင်း ရဟန်းမင်းကြီးက ထုတ်ဖော်ဖွင့်ဟ

ခရစ်ယာန်တို့အား မှိုင်းမတော်မူသောသခင်မ ကို အောက်မေ့သတိရကြလျက် တရုတ်ကက်သလစ် ပြည်သူများ နှင့် ဆုတောင်းမေတ္တာ အားဖြင့် တညီတညွတ်တည်း ရှိနေကြောင်း ပြသရန် အန်ဂျေလူးမေတ္တာ သီဆိုအပြီးတွင် ရဟန်းမင်းကြီးမှ ဖိတ်ခေါ်ခဲ့ပါတယ်။

Francesca Merlo ​၏တင်ပြချက်မှာ
တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာသီဆို အပြီးတွင် ပါပါးမှ ယုံကြည်ခြင်းမျှဝေရန် သာသနာပြု လုပ်ငန်းကို ထူထောင်ခဲ့သူ Pauline Marie Jaricot ကို အောက်မေ့ သတိရမိကြောင်း ပြောကြားခဲ့ပါတယ်။ Pauline အား သူမ​၏ သာသနာတော်ကို အထောက်ကူပေးခဲ့မှုအတွက် လာ မည့် တနင်္ဂနွေနေ့ နေ့လည်တွင် လီယွန် Lyon မြို့တွင် သူတော်မြတ်အဖြစ် တင်မြှောက်မှာဖြစ်တယ်လို့ဆိုပါတယ်။

၁၉ ရာစု ပထမနှစ်ဝက် ကာလများအတွင်း ရှင်သန်ခဲ့သော သူမသည် အသင်းတော်​၏ ကမ္ဘာ့ သာသနာပြုရေး မျှော်မှန်းချက် အပြောင်းအလဲများအပေါ် အာရုံစူးစိုက်ခဲ့သည့် သတ္တိ နှင့် ပြည့်စုံသော သာမန်လူဝတ်ကြောင် အမျိူးသမီးပင်ဖြစ်ကြောင်း၊ ဒါ့ကြောင့် သမ္မာတရားကို ကမ္ဘာအနှံ့ပြန့်နှံစေရန် ဆုတောင်းခြင်း နှင့် ဂရုဏာရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း ၌ပါဝင် နိုင်ရန် သူမ​၏ စံနမူနာ ကောင်းများကို တစ်ဦးတယောက်တိုင်းစီ ယူဆောင်လာပေးနိုင်ရန် ရဟန်းမင်းကြီးက တောင်းဆိုခဲ့တာပါ။

Laudato Si ရက်သတ္တပတ်

ပါပါးမှ ထိုတနင်္ဂနွေသည် "Laudato Si ရက်သတ္တပတ်"ဖွင့်ပွဲ ဖြစ်ကြောင်း အမှတ်ရစေဖို့ ထောက်ပြခဲ့ပြီး ကမ္ဘာမြေကြီး​၏ ငိုကြွေးသံ ကို အထူးအားရုံစိုက်နားထောင်ပေးလျက် ကျွန်ုပ်တို့​၏ ဘုံလောက ကမ္ဘာကြီးကို အတူတကွ ဂရုပြု စောင့်ရှောက် ကြရန် ပြောကြားခဲ့ပါတယ်။ လူသားထုတခုလုံး ဖွံ့ဖြိုး တိုးတက်မှု့ကို မြှင်တင်ရန်လုပ်ဆောင် နေသည့် အသိုင်းအဝိုင်းကြီး တခု လုံးကို လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ခရစ်ယာန်တို့အား မှိုင်းမတော်မူသောသခင်မ

နောက်ဆုံးအနေနှင့် တရုပ်ပြည်အတွက် အထူးစောင့်ရှောက်ရန် အပ်နှင်းထားသည့် ခရစ်ယာန်တို့အားမှိုင်းမတော်မူသောသခင်မပွဲနေ့ ကို နှလုံးသွင်းလျက် ရှပ်ထွေးသောဘဝ အခြေနေများမှာပင် သစ္စာရှိစွာ နှင့်တက်ကြွစွာလုပ်ကိုင်နေကြသည့် ယုံကြည်သူ များနှင့် တရားဟောဆရာများ အတွက် နေ့စဉ်ပင် ဆုတောင်းပေးနေပါကြောင်း ၊ တရုပ်ပြည် ရှန်ဟိုင်းမြို့ ရှိ Sheshan မယ်တော်သခင်မ လှိုဏ်ဂူ တော် တွင် မယ်တော့်ကို အထူးကိုးစားရန် အပ်နှံ ထားရုံသာမက နိုင်ငံအနှံ့ရှိ ဘုရားကျောင်းများနှင့် သာသာတူအိမ်များတွင် လည်း မယ်တော့်ကို အထူးကိုးစားကြတာပါတယ်။

လူသားအားလုံးတို့အား သတင်းကောင်းကို ဝေမျှရာ၌သာသနာပြု လုပ်ငန်းများ လုပ်ဆောင်ရာတွင် အမိအသင်းတော် သွန်သင်ချက်နှင်အတူ ရှင်သန်နေထိုင်နိုင်ရန် အမိအသင်းတော်နှင့် ထိရောက်သည့် ဆက်သွယ် လုပ်ဆောင် မှု့များ ကို တရုတ်ပြည် အသင်းတော် အနေနှင့် လွတ်လပ် အေးချမ်းစွာ လုပ်ဆောင်နိုင်ရန် ကျွန်ုပ်နှင့်အတူတကွ ဆုတောင်းကြပါရန် ပါပါးက ဖိတ်ခေါ်ခဲ့ ပါတယ်။

Italian pro life လုပ်ဆောင်မှု့ကို ကျေးဇူးတင်ခြင်း

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အီတလီ အမျိူးသား Scegliamo la Vita ( ရှင်သန်မှုဘဝကို ရွေးချယ်ခြင်း) အခမ်းအနားတွင် ပါဝင်ခဲ့သူ အားလုံးကို ကျေးဇူးဥပက္ကာရ တင်ရှိပါကြောင်း၊ လူမှုဘဝ မြှင်တင်ရန်အတွက်နှင့် ခုခံကာကွယ်ခွင့်တို့အတွက် ပေးဆပ်လုပ်ကိုင်နေသူများအားလည်း ကျေူဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အဆုံးသတ်အနေနှင့် ဘဝဆိုသည်မှာ ဘုရားရှင်ထံမှ ဆုလဒ် တော်ပင်ဖြစ်ကြောင်း သတိတရရှိကြပြီး လူ့ဘဝသည် မြင့်မြတ်၍တန်ဖိုးထားထိုက် သဖြင့် အသိစိတ် မှ စေ့ဆော်သံကို နှုတ်ဆိတ် မနေသင့်ကြောင်း ပါပါးမှ အဆုံးသတ် ပြောကြား ခဲ့ပါတယ်။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3PFZJQG

Add new comment

1 + 0 =