တရုတ်ကက်သလစ်သာသနာအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီကိုအားပေးထောက်ခံရန်ဖိအားပေးခံရ

တရုတ်ကက်သလစ်သာသနာအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီကိုအားပေးထောက်ခံရန်ဖိအားပေးခံရ

တရုတ်အစိုးရ၏ ကျောထောက်နောက်ခံရထားသောပြည်နယ်နှစ်ခုရှိခရစ်ယာန်များအား တရုတ်ကွန်မြူနစ်ပါတီကိုအားပေးထောက်ခံရန် Hubei ၏ခရိုင်မြို့တော်ဖြစ်သော Wuhan ၌ ဩဂုတ်လ (၁၈) ရက်နေ့က (၁၀) ကြိမ်မြောက်ကက်သလစ်သာသနာ၏ကွန်ဂရက်စ်၌တိုက်တွန်းသွားသည်။ ထို ကွန်ဂရက်စ်သည် (၃) ရက်တာကြာမြင့်ခဲ့ပြီး ကက်သလစ်ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သူတော် စင်အသင်း၀င်စုစုပေါင်း (၃၄၅) ပါးတက်ရောက်ခဲ့သည်။

ပြည်နယ်၏သာသနာရေး၀န်ကြီးဖြစ်သော Cui Maohu က ‘တရုတ်ပြည်မအစိုးရအနေဖြင့် တ ရုတ်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (BCCCC) နှင့်တရုတ်မျိုးချစ်ကက်သလစ်အဖွဲ့အစည်း (CCPA) ၏လှုပ်ရှားမှုများကို လွန်ခဲ့သော (၆) နှစ်ကျော်ကတည်းကပြည့်ပြည့်၀၀အားပေးထောက်ခံ ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပါတီခေါင်းဆောင်အပေါ်၌သော်လည်းကောင်း၊ နိုင်ငံ့အပေါ်၌လည်း အလွန်သစ္စာရှိကြောင်းပြောကြားခဲ့သည်။

တရုတ်ကက်သလစ်များသည် တရုတ်ကွန်မြူနစ်ပါတီ၏အယူအဆနှင့်နိုင်ငံရေးခေါင်းဆောင်များနှင့် ယခုကဲ့သို့သော (၉) ကြိမ်မြောက်ကွန်ဂရက်စ် ကိုကျင်းပသော (၂၀၁၆) ခုနှစ်မှစ၍ ပူးပေါင်းလုပ်ဆောင်လာခဲ့ကြောင်း၊ တရုတ်အစိုးရ၏ အတွေးအခေါ်အယူအဆများကို တိုးမြှှင့်လုပ်ဆောင်ကြောင်း၊ တရုတ်ကက်သလစ်ဘာသာ၀င်များ၏ယုံကြည်ခြင်းအားကောင်းလာစေရန် ရည်စူး၍ နိုင်ငံချစ်စိတ်ကိုလည်းထည့်သွင်းလုပ်ဆောင်လျှက်ရှိကြောင်း၊ တရုတ်ကက်သလစ်ဘာသာ၀င် များအနေဖြင့် သာသနာသွန်သင်ချက်နှင့်သာသနာ၏အစေခံခြင်းကိုအလွန်စိတ်အားထက်သန်ကြောင်း၊ အထူးသဖြင့်လူမှုရေးလုပ်ငန်းများနှင့်အားကောင်းစွာနွယ်ယှက်နေကြောင်း၊ ၄င်းတို့၏ကိုယ်ပိုင်အမှတ်သ င်္ကေတများကိုလည်းအားကောင်းလာစေရန်ကြိုးစားနေကြကြောင်းပြောကြားခဲ့သည်။

တရုတ်မျိုးချစ်ကက်သလစ်အဖွဲ့အစည်း (CCPA) ၏ မျှော်မှန်းချက်ဖြစ်သော ‘One Council, One Mission’ (ကောင်စီတစ်ခု၊ သာနာလုပ်ငန်းတစ်ခု) ဖြစ်ရေးနှင့်စပ်လျင်း၍ Huang Bingzhang Huang က၄င်း တို့အဖွဲ့အစည်း၏သုံးသပ်ချက်များကိုတင်ပြခဲ့သည်။ တရုတ်ယဉ်ကျေးမှုနှင့်လူမှုအဖွဲ့အစည်းသည် ဌာနေ တိုင်းရင်းသားတို့၏ဘာသာရေးယုံကြည်ချက်၊ ကျင့်စဉ်နှင့်၀ိနည်းများသည် Lausanne Academic လှုပ်ရှားမှုအတိုင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်နိုင်ငံရေးပါတီသည် ဆိုရှယ်လစ်စနစ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး စသော နိုင်ငံရေးအယူအဆကိုအခြေခံပြီး တရုတ်မြူနစ်ပါတီခေါင်းဆောင်ကိုထောက်ခံအားပေးသည်။ တရုတ်ကက်သလစ်ဆရာတော်တစ်ပါးဖြစ်သော Shen Bin က တရုတ်ကက်သလစ်သာသနာအ နေဖြင့် မှန်ကန်သောနိုင်ငံရေးလားရာကိုလိုက်ခဲ့ကြကြောင်းပြောကြားခဲ့သည်။ သူသည် မျိုးချစ်စိတ်နှင့် မိမိတို့၏ဌာနေဘုန်းတော်ကြီးများ၊ သက်ကြီးရွယ်အိုများ၊ ဘာသာတူများနှင့်အမှီအခိုကင်းသောသာသနာ့ အုတ်မြစ်ကိုနိုင်ငံအတွင်းချမှတ်နိုင်ရန်တို့ကိုတိုးမြှင့်လုပ်ဆောင်တိုက်တွန်းနေသောဆရာတော်တစ်ပါး လည်းဖြစ်သည်။

တရုတ်နိုင်ငံ၌ တရုတ်ကက်သလစ်များရှိနေသည်ဖြစ်၍ ထိရောက်သောဘာသာရေး သွန်သင်ချက်များကိုပြုလုပ်ခွင့်ပေးမည်။ ပို၍ကျယ်ပြန့်သောဧ၀ံဂေလိတရားဟောကြားခြင်း၊ ကရုဏာ ရေးလုပ်ငန်းများကိုထဲထဲ၀င်၀င်လုပ်ဆောင်ခွင့်များကိုလည်းခွင့်ပြုသွားမည်။ ပြီးခဲ့သောဒီဇင်ဘာလက ကျင်းပခဲ့သော အထွေထွေအစည်းအဝေးအတိုင်းပင် လာမည့်ငါးနှစ်အတွင်လက်တွေ့ဖော်ဆောင်ခွင့် ပေးမည်ဟုပြောကြားသည်။

တရုတ်သမ္မတရှင်ဂျင်းပင်က မာ့ခ်စ်၏မှု၀ါဒကိုချမှတ်ရန်အသားပေးပြောနေသည်။ ယခင်နှစ်ဒီ ဇင်ဘာလ (၃-၄) ကကျင်းပသော အထွေထွေအစည်း‌ေ၀းအတောအတွင်း၌ အွန်လိုင်းမှစောင့်ကြည့် ခြင်း၊ ဘာသာရေးတင်းကြပ်မှုများလုပ်ဆောင်ခဲ့သည်။ ကွန်မြူနစ်စစ်စစ်ဖြစ်ပြီး၊ ဘုရားမဲ့မူ၀ါဒကိုလက် ခံထားသောနိုင်ငံ၌ နိုင်ငံအတွင်းရှိ ဗုဒ္ဓ၊ Taoist၊ အီစ္စလာမ်၊ ကက်သလစ်နှင့်ပရိုတက်စတန်တို့သည် နိုင်ငံတော်မှတရား၀င်အသိအမှတ်ပြုထားသောဘာသာများဖြစ်သည်။

နိုင်ငံတော်မှတရား၀င်အသိအမှတ်ပြု ခံရရန်မှာ နိုင်ငံတော်ထံမှတ်ပုံတင်ရပြီး၊ ပြဌာန်းထားသောဥပဒေအတိုင်းတင်းကြပ်စွာလိုက်နာရမည်။ အ ဆိုပါပြဌာန်းချက်ဥပဒေတစ်ခုခုကိုချိုးဖောက်ညှိစွန်းခြင်းရှိပါက ဒဏ်ခတ်ခံရမည်၊ သို့မဟုတ် ဘာသာရေး အသင်းအဖွဲ့များ၊ လှုပ်ရှားမှုများကိုဖျက်သိမ်းခံရသည်အထိအရေးယူနိုင်သည်။

တရုတ်အစိုးသည် ဗာတီကန်နှင့်သံကင်းတမန်ကင်းစတင်ခဲ့သည်မှာ (၁၉၄၉) ခုနှစ်ကပင်ဖြစ် သည်။ တရုတ်ကက်သလစ်မျိုးချစ်အဖွဲ့ (CCPA) ကိုမှု (၁၉၅၇) တွင်ဖွဲ့စည်းပြီး၊ ကက်သလစ်သာသနာကို ထိန်းချုပ်လာခဲ့သည်။ မြေအောက်ကက်သလစ်အဖွဲ့အစည်းများတက်ကြွလှုပ်ရှားစဉ်က ရဟန်းမင်းကြီး နှင့်သာသနာကြီးတစ်ခုလုံးသည် မြင့်မြတ်သည်ဟုသတ်မှတ်ခဲ့ကြသည်။

တရုတ်နိုင်ငံ၌ မြေပေါ် (မျိုးချစ် ကက်သလစ်) မြေအောက် ကက်သလစ် ဘာသာတူ (၁၂) သန်းခန့်ရှိသည်။ တရုတ်နိုင်ငံအတွင်း ဆရာ တော်ကြီးခန့်အပ်ရန်နှင့်စပ်လျင်း၍ တရုတ်အစိုးရနှင့်ဗာတီကန်တို့ကြာအငြင်းပွားမှုများရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကက်သလစ်သာသနာတော်ကြီးအတွင်း၌ ဝိနည်းတော်နှင့်အညီဆရာတော် သိက္ခာထပ်ရန်မှာ ဗာတီကန်မှအသိအမှတ်ပြုရွေးချယ်တင်မြောက်သူဖြစ်ရမည်ဖြစ်ပြီး၊ ဗာတီကန်မှတ ရား၀င်တင်မြှောက်ထားသောဆရာတော်မှအဆိုပါဆရာတော်သိက္ခာကိုထပ်ပေးရမည်ဖြစ်သည်။ ထိုအ ခက်အခဲကိုကျော်လွှားနိုင်ရန်တရုတ်နှင့်ဗာတီကန်ကြား သဘောတူညီမှုစာချုပ်ကို ၂ နှစ်တစ်ကြိမ်အဖြစ် နှစ်ကြိမ်လက်မှတ်ရေးထိုးသဘောတူထားသည်မှာ ယခုနှစ်သည် ဒုတိယသက်တမ်း၏နောက်ဆုံးကာလ ဖြစ်သည်။ ပထမတစ်ကြိမ်ကိုမှု (၂၀၁၈) ခုနှစ်၌သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3dcNVHt

Add new comment

2 + 1 =