"တန်ဖိုး" ဒါရိုက်တာ ကုသမှုခံယူအပြီး ပြန်လည်ကျန်းမာလာ

"တန်ဖိုး" ဒါရိုက်တာ Fr.John Galang La Raw ကုသမှုခံယူအပြီး ပြန်လည်ကျန်းမာလာ

"တန်ဖိုး" ဒါရိုက်တာ ကုသမှုခံယူအပြီး ပြန်လည်ကျန်းမာလာ

ယခင် အာဗီအေ ကချင်အစီအစဉ်တာ၀န်ခံနှင့် မကြာခင်က ရိုက်ကူးရုံတင်ခဲ့တဲ့ တန်ဖိုးရုပ်ရှင်ဇာတ်ကား ရဲ့ ဒါရိုက်တာဖြစ်သူ၊ မြစ်ကြီးနားဂိုဏ်းအုပ် သာသနာမှ Fr.John Galang La Raw ဟာ လွန်ခဲ့တဲ့လ အနည်းငယ်လောက်က လေဖြတ်သွားတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မှာ သွားရောက်ဆေးကုသမှုခံယူခဲ့တယ်။ ယနေ့ စက်တင်ဘာလ၂၀ ရက်နေ့ မှာတော့ ဘုန်းတော်ကြီးသည် မိမိကိုယ်တိုင် (တစ်ခြားသူအကူအညီမပါ) ပဲ မစ္ဆားတရားတော်ကို ပူဇော်နိုင်ခဲ့ပြီဖြစ်သလို ကျန်းမာရေး ကောင်းမွန်လာပြီဖြစ်​တယ်လို့ ဖာသာရ် ဆေးကုသမှုမှာ လိုက်ပါကြည့်ရှုသော ဓမ္မဆရာ၊ ဆရာထိန်နန်နော်ရိန်း ထံမှသိရှိရပါတယ်။

Credit: RVA Kachin

Translate by - Paul

#rvamyanmar #rvapastoralcare #prayer

Add new comment

4 + 6 =