ဆူဒန်တောင်ပိုင်းကက်သလစ်ဆရာတော်ကြီးများမှပြည်သူတို့အတွက်အရေးကြီးသောပန်ကြားမှုကိုပြုလုပ်

ဆူဒန်တောင်ပိုင်းကက်သလစ်ဆရာတော်ကြီးများမှပြည်သူတို့အတွက်အရေးကြီးသောပန်ကြားမှုကိုပြုလုပ်

ဆူဒန်တောင်ပိုင်းကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လူသားအရင်းအမြစ်ဆိုင်ရာကော်မရှင်၏တာ၀န်ခံဆရာတော် Eduardo Hiiboro Kussala က တောင်ပိုင်းဆူဒန်ပြည်နယ်ရှိပြည်သူ များ၏အခက်အခဲအကြပ်အတည်းအတွက် အရေးကြီးသောပန်ကြားချက်ကိုပြုလုပ်ခဲ့သည်။

ဆူဒန်တောင်ပိုင်းမှပြည်သူများသည် အစာရေစာပြတ်လပ်မှုနှင့်ဆိုးရွားစွာရင်ဆိုင်ကြုံတွေ့နေရသည်။ ကိုးဗစ် (၁၉) ကပ်ဆိုးကြီးနှင့်အကြမ်းဖက်တိုက်ခိုက်မှုများသည် ဆူဒန်တောင်ပိုင်းရှိပြည်သူတို့၏ဘ၀ကိုအလွန်ဆိုးရွားစေခဲ့ကြောင်း၊ စားနပ်ရိက္ခာမလုံလောက်မှုကြောင့်သေဆုံးရနိုင်သည့်အခြေအနေ၌ရှိကြောင်း မတ်လ (၈) ရက်နေ့ ကပန်ကြားခဲ့သည်။

နိုင်ငံအတွင်း၌နေရပ်ပြောင်းရွေ့နေသည့်အခြေအနေကိုလည်းမီးမောင်းထိုးပြထားသည်။ ပြည်သူတို့၏ အခြေအနေမှာစားနပ်ရိက္ခာပြတ်လပ်မှုကိုအဘယ်သို့မျှမခံစားနိုင်တော့ပေ။ ဤဆိုးရွားသောအ ခြေအနေအားအဓိကခံစားကြုံတွေ့နေရသူများမှာ အမျိုးသမီများ၊ ကလေးသူငယ်များ၊ အသက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများဖြစ်ကြသည်။ စား၀တ်နေရေးအဆင်မပြေသည့်ကြား၌ ကလေးလူကုန်ကူးမှုများ၊ အာ ဟာရချို့တဲ့မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရှိခြင်း စသည့်တောင်ဆူဒန်ပြည်သူတို့၏စိတ် ပျက်ဖွယ်ရာအဖြစ်အခြေနေကိုထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးဗစ် (၁၉) ကာလက ပုံမှန်သွားလာမှုကိုမြစ်တားရာမှ ခုန်တက်သွားခဲ့သောကုန်စျေးနှုန်းများပြန်မကျတော့ပေ။ ရေဘေးသင့်သွားသောအချို့ဒေသများ၊ မိုးခေါင်ရေရှားမှုဆိုးရွားလှသောဒေသများကြောင့် စားသုံးသူနှင့်ထုတ်ကုန်မမျှသည့်အခြေအနေကိုကြုံနေကြရသည်။ သဘာ၀နှင့်လူဖန်တီးသောဘေး ဒဏ်ကြောင့် လူ့အသက်ဆုံးရှုံးနေခြင်းမှကာကွယ်ရန် အရေးတကြီးထိရောက်သောအကူအညီပေးမှုပင်ဖြစ်ကြောင်း ဆရာတော်ကပန်ကြားခဲ့သည်။

တောင်ဆူဒန်အားအချိန်မှီကယ်တင်နိုင်ရန်မှာ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးနှင့်စိတ်ကောင်းရှိသောအလှူရှင်တို့၏ အကူအညီကိုသာမျှော်လင့်ရပေမည်။ အတူလက်တွဲလုပ်ဆောင်ခြင်း၊ အားလုံးစုပေါင်းလှူဒါန်းပေးခြင်း၊ အခက် အခဲ၏အခြေခံအကျဆုံးသောပြဿနာကိုကိုင်တွယ်ဖြေရှင်းရန်လိုအပ်ကြောင်းနှင့်အားလုံးသောအကြောင်းတရားများအနက် ဆူဒန်တောင်ပိုင်း၌ အဓွန့်ရှည်သောငြိမ်းချမ်းရေး သာလျှင်ရှိပါ ဤအခက်အခဲကိုကိုင်တွယ်ဖြေရှင်းရန်မှာပို၍ထိရောက်မြန်ဆန်အောင်မြင်မည်ဖြစ်ကြောင်းကိုလည်း အသားပေးပြောကြားခဲ့သည်။

ယခင်ကူညီပေးခဲ့သောအကူအညီများအတွက်လည်း ကမ္ဘာ့အဖွဲ့အ စည်းအသီးသီးအားကျေးဇူးတင်ပါကြောင်းနှင့်ဆက်လက်၍လည်းကူညီလှူဒါန်းပေးကြပါရန်လည်း ပန်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/3g4KZ
 

Add new comment

8 + 3 =