ဆင်ဖိုနီ (Symphony) တစ်ခုတွင်ရှိသော ပေါင်းစပ်မှု

ဆင်ဖိုနီ (Symphony) တစ်ခုတွင်ရှိသော ပေါင်းစပ်မှု

လူတိုင်းမှာ အသံ ရှိသည်။

ဖေဖော်၀ါရီ ၂၆၊ ၂၀၂၃။ သတင်းစာရှင်းလင်းပွဲ တတိယနေ့

လွန်ခဲ့သောနှစ်ရက်ကဲ့သို့ပင် အာရှတိုက်ဆိုင်ရာဓမ္မညီလာခံ၏ တတိယနှင့် နောက်ဆုံးနေ့ သည် သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားထံ ဆုတောင်းခြင်း 'Adsumus Sancte Spiritus' ဖြင့် စတင်ခဲ့သည်။

ယနေ့အတွက် စည်းရုံးရေးမှူးများမှာ ဖိလစ်ပိုင်နိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ၊ ကာလိုအိုကန် ဂိုဏ်းအုပ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် Bishop Pablo David၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒေသဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့မှ မစ္စ Teresa Wu၊ အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဓမ္မသင်္ဂြိုလ် ကော်မရှင်ရုံး၏ အမှုဆောင်အတွင်းရေးမှူး၊ အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဓမ္မညီလာခံ ဆိုင်ရာ အမှုဆောင်အဖွဲ့ (FABC Synod Task Force)မှ အဖွဲ့ဝင် မစ္စ Eestela Padillaတို့ ဖြစ်ကြပါသည်။

ကိုယ်စားလှယ်တော်များသည် သူတို့၏ နှလုံးသားနှင့် စိတ်ထဲမှာ ထင်ဟပ်နေသည့် ဒုတိယနေ့ ဖြစ်ရပ်များနှင့် ပတ်သက်၍ သူတို့၏ အတွေးအမြင်များကို ၎င်းတို့၏အဖွဲ့များအတွင်း မျှဝေခဲ့ကြသည်။

Relator General of the XVI Ordinary General Assembly of the Synod of Bishops၊ လူဇင်ဘော့ ဂိုဏ်းချုပ်သာသနာပိုင် ကာဒီနယ် ရဟန်းအမတ် Jean-Claude Cardinal Hollerich SJ မှ ကိုယ်စားလှယ်တော်များအား အချက်သုံးချက်ကို အလေးထား မိန့်ကြားခဲ့ပါသည်။ ဂီတတူရိယာ များ၏ ဥပမာကိုအသုံးပြု၍ ကိုယ်စားလှယ်တော်တစ်ဦးစီသည် တူရိယာတစ်ခု ဖြစ်ပြီး ထိုတူရိယာ များသည် သဟဇာတဖြစ်သော ဆင်ဖိုနီ တစ်ခုဖြစ်ရန် စည်းလုံးညီညွတ်စွာ လုပ်ဆောင်သင့် ကြောင်းကို Cardinal Hollerich မှ ဦးစွာပထမ ရှင်းပြခဲ့ပါသည်။ ၎င်းပြင် သံစဥ်မညီသည့်အဖြစ်သို့ မရောက်စေရန် အခြားသူများ (တူရိယာများနှင့် လိုက်လျောညီထွေ) စည်းကမ်းတကျ ကြိမ်ဖန်များစွာ ပြုလုပ်ရမည် ဖြစ်ပါသည်။ ဒုတိယအနေဖြင့်၊ ကာဒီနယ် Hollerich က အတူတကွ ခရီးပြုခြင်းသည် နှိမ့်ချမှုရှိရန် လိုအပ်ကြောင်း၊ ၎င်းသည် နှိမ့်ချမှု၌သာ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ပြီး ဤခရီးတွင် အတူ လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ နောက်ဆုံးတွင်၊ ကာဒီနယ် Hollerich သည် အတူတကွ ခရီးပြုနေသော သာသနာတော်သည် ဧဝံဂေလိ သတင်းကောင်းကို ကြေငြာဟောပြောရန်နှင့် ဘုရားသခင်၏လူများအားလုံးအတွက် ကိုယ်ကျိုးမဖက်သော အမှုတော် ဆောင်ရန် ခရစ်တော်ဘုရားရှင်မှ စေလွတ်သော သာသနာတော်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ထို့နောက် ဝေဖန်ပိုင်းခြားခြင်းနှင့် မူကြမ်းပြုစုရေးအဖွဲ့မှ အဖွဲ့ဝင် Fr Clarence Devadass သည် နောက်ဆုံး စာတမ်း၏ ပြင်ဆင်ထားသော မူဘောင်၏ ပေါ်လွင်ချက်အချို့နှင့် ကိုယ်စားလှယ် တော်များမှ အကြံပြုထားသော ပြင်ဆင်မှုများ ပေါင်းစပ်ပါဝင်သည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။ အဖွဲ့များအတွင်း ဝိညာဉ်ရေးရာစကားဝိုင်းအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကိုယ်စားလှယ်များအား တိတ်ဆိတ်စွာ ဆင်ခြင်သုံးသပ်ကြရန် ပန်ကြားခဲ့ပါသည်။
နေ့လည်ပိုင်းအစည်းအဝေးတွင် ကိုယ်စားလှယ်တော်များသည် အာရှတိုက်ရှိ ခရစ်ယာန် သာသနာတော်များ၏ အတူတကွခရီးပြုခြင်းကို မြှင့်တင်ရန် မည်သည့် ဘာသာရေးဆိုင်ရာ ဖွဲ့စည်းပုံများကို ပြောင်းလဲရန် သို့မဟုတ် ဖန်တီးရန် လိုအပ်သနည်းဟူသော မေးခွန်းနှင့် ကိုယ်စားလှယ်တော်များသည် ၂၀၂၃ခုနှစ် အောက်တိုဘာလ အစည်းအဝေးနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ကက်သလစ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံ အကြား ဖြစ်စေလိုသောအရာများ သည် မည်သည့်အရာများဖြစ်သည်ဆိုသည့် မေးခွန်းနှစ်ခုကို ပြန်လည်သုံးသပ်ခဲ့ကြသည်။။ ထို့နောက် ကိုယ်စားလှယ်တော်များသည် အာရှတိုက်အဆင့် ဓမ္မညီလာခံ အပြီးသတ်စာတမ်း၏ နောက်ဆုံးမူဘောင်နှင့် ပတ်သက်၍ ၎င်းတို့၏ နောက်ဆုံး အတွေးအမြင်များကို မျှဝေကြပြီး ခေတ္တမျှ တိတ်ဆိတ်စွာ ဆုတောင်းကြသည်။

နိဂုံးချုပ်ထုတ်ပြန်ချက်တွင် ကက်သလစ်သာသနာလုံးဆိုင်ရာ ဆရာတော်ကြီးများအဖွဲ့၏ အထွေထွေအတွင်းရေးမှူး Mario Cardinal Grech က ကိုယ်စားလှယ်များအား သုံးရက်ကြာ အာရှတိုက်အဆင့် ဓမ္မညီလာခံတွင် သူ၏အမြင်များကို မျှဝေခဲ့ပြီး ကိုယ်စားလှယ်တော်များအား ဤဓမ္မညီလာခံတွင် ၎င်းတို့၏ ခရီးစဉ်သည် အကျိုးရှိကြောင်းနှင့် ပါဝင်ပေးခဲ့မှုများကို ကက်သလစ် သာသနာတော်ကြီးတစ်ခုလုံးမှ မေ့လျော့မည်မဟုတ်ပါကြောင်း အာမခံခဲ့ပါသည်။ အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဂိုဏ်းချုပ်ဆရာတော် ကြီး Kikuchi သည် အာရှတိုက်အဆင့် ဓမ္မညီလာခံ အောင်မြင်ကြောင်း သေချာစေရန်အတွက် ပါဝင်သူအားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပြီး အပြီးသတ်မဲပေးခဲ့ပါသည်။

အာရှတိုက်အဆင့် ဓမ္မညီလာခံ နိဂုံးချုပ် မစ္ဆားတရားတော်မြတ်ကို အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ၊ ရန်ကုန် ဂိုဏ်ချုပ်သာသနာပိုင် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ ဘန်ကောက်ဂိုဏ်ချုပ် သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး Francis Xavier Kriengsak Kovitvanit ၊ အိန္ဒိယနိုင်ငံမှ ကာဒီနယ် George Cardinal Alencherry၊ Major Archbishop of Ernakulam-Angamaly (Syro-Malabar) နှင့် တောင်ကိုးရီးယားနိုင်ငံ ဆူ၀မ်မှ ဂိုဏ်းအုပ်ဆရာတော် ကြီး Mathias Ri Iong-hoon (Lee Yong-Hoon) တို့က ဦးဆောင်ကျင်းပခဲ့ကြပါသည်။

ဓမ္မညီလာခံ ခရီးသည် ယေဇူးဘုရားရှင်၏ တောကန္တာရခရီးနှင့် အတော်ပင် ဆင်တူပြီး စိန်ခေါ်မှုများ ရှိသော်လည်း လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် သာသနာတော်အား နားထောင်စေခြင်း၊ တွေ့ကြုံစေခြင်းနှင့် ပိုင်းခြားသိမြင်စေခြင်း လုပ်ငန်းစဉ်အားဖြင့် ဧဝံဂေလိတရား တော်ကို ပိုမိုကောင်းမွန်စွာ သက်သေခံနိုင်စေသောကြောင့် ဖြစ်ကြောင်း ကာဒီနယ်ဘို က သူ၏ သြဝါဒတွင် ဖော်ပြခဲ့ပါသည်။ ကာဒီနယ်ဘိုက ကျွန်ုပ်တို့ရင်ဆိုင်ရသည့်စိန်ခေါ်မှုများဆီသို့ ချဉ်းကပ်ရာ တွင် သဘောထားပြောင်းလဲရန် လိုအပ်ကြောင်း မိန့်ကြားခဲ့သည်။ ဤသဘောထားပြောင်းလဲမှု အတွက် အတိုကောက်အနေဖြင့် L.E.N.T ဟူသော အက္ခရာ လေးလုံးကို ‌ဝေမျှခဲ့ပါသည်-
L = လွှတ်ချခြင်း။ ဤအတူတကွခရီးပြုခြင်းသည် အဓိပ္ပာယ်ရှိမည်ဆိုလျှင်၊ သွန်းလောင်းခြင်းသည် ကြီးပွားတိုးတက်မှုအတွက် ကြိုတင်လိုအပ်ချက်ဖြစ်သောကြောင့် ထိုအတူတကွခရီးပြုနေသော သာသနာတော်ဖြစ်ခြင်းမှ ဟန့်တားသည့်အရာအားလုံးကို စွန့်လွှတ်နည်းကို လေ့လာရန် လိုအပ် ပါသည်။

E = ထိတွေ့မှု။ ခရစ်တော်ဘုရားရှင်၏ တပည့်နောက်လိုက်ဖြစ်ခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းတွင် တိကျသောပန်းတိုင်တစ်ခုရှိသည် - ခရစ်တော်ကိုထိတွေ့ရန်နှင့် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ 'ထိတွေ့ခြင်းယဉ်ကျေးမှု' ကို အမှတ်ရရန်ဖြစ်သည်။ မြင်ရုံသာမက၊ ကြည့်ရှုခြင်း၊ ကြားရုံသာမက နားထောင်ခြင်း၊ လူများအား ဖြတ်သွားရုံမျှမက၊ ထိုသူတို့နှင့်အတူ ရပ်နားခြင်း၊ “ဆင်းရဲသားများ! ရှက်စရာကောင်းလိုက်တာ” ဟု ဆိုမည့်အစား သနားညှာတာစိတ်ဖြင့် သူတို့ကိုယ်တိုင် လှုပ်ရှားခွင့်ပေးခြင်း တို့ဖြင့် 'ယေဇူး ဘုရားရှင် ပြုတော်မူသကဲ့သို့ ရိုးရှင်းသောနည်းလမ်းဖြင့် လုပ်ဆောင်ရန် ဖိတ်ခေါ်ချက်တစ်ခု ဖြစ်ပါသည်။

N = အိမ်နီးချင်းဖြစ်ခြင်း။ ကောင်းသောဆမာရိတန်လူ ပုံဥပမာ၏ အစသည် 'ကျွန်ုပ်၏အိမ်နီးချင်းကား အဘယ်သူနည်း' (လုကာ ၁၀:၂၉) ဟူသောမေးခွန်း ဖြစ်ပါသည်။ အဆုံးသတ်တွင်မူကား သူသည် ကရုဏာပြသောသူ ဖြစ်ခဲ့သည်။ အာရှတွင် ကျွန်ုပ်တို့သည် လူနည်းစုဖြစ်ပြီး လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးတင်းမာမှုများကြားတွင် နေထိုင်ကြပါသည်။ ထိုတင်းမာမှုများကြားမှ လိုအပ်နေသော ညီအစ်ကိုညီအစ်မတွေကို ကူညီပေးဖို့ ကျွန်ုပ်တို့ ဖိတ်ခေါ်ခံခဲ့ရပါသည်။

T = အသွင်ပြောင်းခြင်း။ ကာဒီနယ်ဘိုသည် ဆာလံကျမ်းရေးဆရာ၏စကားများကို ပြန်ပြောင်းပြောပြသည်– “အိုထာဝရဘုရား၊ ကိုယ်တော်၏ဝိညာဉ်တော်မြတ်ကို စေလွှတ်၍ မြေကြီးမျက်နှာပြင်ကို အသစ်ပြုပြင်တော်မူပါ။” ဤဓမ္မညီလာခံခရီး၌ သန့်ရှင်းသော ဝိညာဉ်တော် မြတ်ဘုရားသည် ငါတို့အား မိန့်တော်မူသောအရာကို ကြားနာရန် ငါတို့ကို ခေါ်တော်မူသည်ဟု မိန့်တော်မူ၏။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် သာသနာတော်၏အသက်တာ၌ အသစ်ပြန်လည်တည် ဆောက်ရန် အတူတကွလျှောက်လှမ်းနေပါက၊ ကျွန်ုပ်တို့သည် မိမိတို့စွမ်းအားဖြင့် မည်သည့်အရာကိုမျှ မအောင်မြင်နိုင်သောကြောင့်ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်မြတ် ဘုရား၏ ပြောင်းလဲခြင်းတန်ခိုးကို လိုအပ်ပါသည်။ ဤဓမ္မညီလာခံ ခရီးစဉ်၌ အတူတကွ လျှောက်လှမ်းနေစဉ်တွင် 'ကိုယ်တော်တစ်ပါးတည်းကိုသာအစေခံရန်' ကျွန်ုပ်တို့သည် ဘုရားသခင် ၏ ပြောင်းလဲခြင်း ကျေးဇူးတော်ကို အမြဲလိုအပ်နေပါသည်။

မစ္ဆားတရားတော်မြတ်အဆုံးတွင်၊ ဓမ္မညီလာခံအတွင်း အဖွဲ့များ၏ ကိုယ်စားလှယ်တော် ၁၂ ပါးတို့အား ဓမ္မညီလာခံ သုံးရက်အတွင်း ၎င်းတို့၏ အပြန်အလှန်ထိတွေ့ဆက်ဆံမှုနှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာ သင်္ကေတအဖြစ် ဖွင့်ပွဲမစ္ဆားတရားတော်မြတ်၌ ပန်းများနှင့် ကောင်းကြီး ပေးခဲ့သော ဖ‌ယောင်းတိုင်များ ကိုင်ဆောင်စေပြီး မစ္ဆားတရား ဦးဆောင်ပူဇော်သူများရှေ့တွင် ဂုဏ်ပြုခဲ့ပါသည်။

Add new comment

1 + 0 =