စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင် အသင်းဂိုဏ်းမှ စစ္စတာရ် ဧလီဇဘက် စုစုထွေး၏ ရာသက်ပန်သစ္စာခံယူခြင်း ကျေးဇူးတင်မစ္ဆားတရား

စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင် အသင်းဂိုဏ်းမှ စစ္စတာရ် ဧလီဇဘက် စုစုထွေး၏ ရာသက်ပန်သစ္စာခံယူခြင်း ကျေးဇူးတင်မစ္ဆားတရား
(19.2.2020)

အထက်ပါ မစ္ဆာတရားတော်မြတ်ကို နံနက် ၈:၀၀ အချိန်တွင် မန္တလေးဂိုဏ်းချူပ်ဆရာတော်ကြီး မာကုတင်၀င်း ဉီးဆောင်စတင် ကာ ရဟန်းတော် အပါး ၂၀ ၊ ဂိုဏ်းပေါင်းစုံမှ သီလရှင်များ ၃၀ ၀န်းကျင်၊ ကိုရင်ကြီးများ ၅ပါး တို့နှင့်အတူရပ်ဝေး ရပ်နီးမှ ဘာသာ၀င်များစွာ ပါ၀င်ပူဇော်ခဲ့ကြပါသည်။

အချိန်တွင် မန္တလေးဂိုဏ်းချူပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ သြဝါဒ တရားရေအေးတို်က်ကျွေးရာ၌  “ ဘုရားရှင်အလိုတော်ရှိရာကို သီလရှင်ဘဝ ဆက်ကပ်ခြင်းဖြင့် စစ္စတာရ်ဟာ လိုက်လျှောက်ခဲ့တယ်။ အခြေအနေမျိုးစုံကို ၆ နှစ်တာ ကြုံခဲ့ရပြီးဖြစ်တယ်။ ဒါတွေကို Sr က မြည်းစမ်း ပြီးပြီဖြစ်တယ်။ ၀တ်ပြုရာကျမ်း ၂၅ မှာ နှစ်ပတ်လည် ပဲဖြစ်ဖြစ် ဂျူဗလီပဲဖြစ်ဖြစ် ကျင်းပတဲ့အခါ ကြည့်ရမဲ့ အချက် ၂ ချက်ပဲရှိတယ် ဒါကတော့ အနောကျ နဲ့ အရှေ့ကို ကွညျ့ခွငျးပဲဖွစျ ပါတယျ။ အနောကျကိုပွနျကွညျ့လိုကျရငျ ကြေးဇူးတငျခွငျးတှေ ရှိသလို မပွညျ့စုံခွငျးတှအေတှကျလညျး တောငျးပနျကွရမှာ ဖွစျတယျ။ သီလရှငျဝါတောျ ၆ ဝါအတှကျ အခုလိုမစ်ဆားတရားတောျနဲ့ ဘုရားကို ကြေးဇူးဆပျခွငျးဟာ မှနျကနျတဲ့ ကြေးဇူးဆပျတငျခွငျးဖွစျပါတယျ။ ၆ နှစျတာ အတှကျဘုရားပေးတဲ့ ကြေးဇူးတှေ အတှကျ ကြေးဇူးတငျခြီးမှမျးရပါမယျ။ ငါသညျဘုရားသခငျ၏ သနားဂရုဏာတောျကို ခံရသူဖွစျပါ၏ လို့ သံပေါလူးဆိုသလို ခရစျတောျရဲ့ သနားခွငျးကွောငျ့သာလငြျ Sr ဆကျကပျနိုငျတာဖွစျတယျ။
လိပ်ပြာလေးတွေ ဟာ တနေရာထဲမှာ နားမနေတတ်တဲ့ အကြောင်းကို Sr သတိချပ်ပါ။ သင့်ဘ၀လည်း လိပ်ပြာလေးတွေလိုဖြစ်ပါစေ။ ပန်းလေးတွေ၀တ်မှုံကူးနိုင်ဘို့ အတွက် လိပ်ပြာလေးတွေက ပျံသန်းသွားလာ အလုပ်လုပ်နေတယ်။
ဧဝံဂေလိ ကျမ်းချက်ထဲက ဒင်နာရီ ပြားတွေ ခွဲတဲ့ ပုံပမာကိုကြည့်ပါ။ သာဓု သစ္စာရှိသော ငယ်သားကောင်း ဘယ်နေရာ ဘယ်အခြေအနေမှာပဲ တာ၀န်ထမ်းဆောင်ပါစေ ကြီးသည်ငယ်သည်မရှိ ရှိတဲ့နေရာမှာ အကောင်းဆုံးလုပ်တာ အစွမ်းရှိသမျှပေးဆပ်တဲ့ သူတွေကိုသာဓု သစ္စာရှိသောငယ်သားကောင်းခေါ်ခံရတာဖြစ်တယ်။ ရောက်ရာ ကျရာနေရာမှာ ကိုယ့်တာ၀န်လေးပဲလုပ်တဲ့ တပြားစာလေးပဲတာ၀န်ကျေလေးပဲလုပ်တဲ့သူ မဖြစ်ဘို့ ကြိုးစားကြရအောင်။ သေးငယ်တဲ့အမှု၌ သစ္စာရှိသော သူများဖြစ်ကြစို့ သာဓုဆိုတဲ့ အသံလေးတွေကြားဘို့ တာ၀န်​ကျေတာထက် ပိုတာကိုလုပ်ကြရအောင်။ Be on move! အမြဲလှုပ်ရှားပြီး နေပါ။ တနေရာထဲတွယ်ကပ်မနေပါနဲ့။ ရေနက်ရာသို့ရွှေ့ပါ ” ဟု ပြောကြားခဲ့ပါသည်။
Sr.ElizabethSuSuHtwe,SFXသည်ဆင်ဖြူကျေးရွာတွင်အဖဦးကျော်စိန်+အမိဒေါ်အုံးတင်တို့မှ မွေးဖွားခဲ့ပြီး ပထမကတိသစ္စာ ကို ၂၀၀၉ ခုနှစ်တွင် ခံယူပြီး မန္တလေး နှင့် မြင်းခြံတွင် သာသနာ့အမှုတော်ကို ပထမဉီးစွာထမ်းဆောင်၍ ၂၀၁၅ မှ ၂၀၁၉ အထိ မန္တလေး အာဗီအေရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ မှ လက်ရှိအချိန်တွင်တော့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် CBCM တွင် တာ၀န်ထမ်းဆောင်လျှက်ရှိပါသည်။
၂၀၂၀ ဖေဖော်ဝါရီ လ ၁ရက်တွင်တော့ ရာသက်ပန်သစ္စာ ပြုခဲ့ပြီး ဤနေ့ ၁၉ ရက်တွင် ဇာတိ ဆင်ဖြူကျေးရွာ၌ ကျေးဇူးတင်မစ္ဆားတရားနှင့် ဂုဏ်ပြုပွဲကို ကျင်းပခြင်းဖြစ်ပါသည်။

မစ္ဆားတရားအပြီး တွင် ဆင်ဖြူရွာဘာသာသူများမှ နုတ်ဆက်ဂုဏ်ပြူပွဲပြုလုပ်ပေးကြကာ၊ ပွဲနေ့ရှင် Sr မှ ကျေးဇူးတင်စကားပြောကြားရာတွင် ဂိုဏ်းချုပ်ရာတော်ကြီး၊ ရဟန်းတော်များ ဂိုဏ်းအသီးသီးမှ သီလရှင် များ ကိုရင်ကြီးများနှင့် ဓမ္မမိတ်ဆွေ ကျေးဇူးရှင်အားလုံး နှင့်အတူ ငယ်စဉ်က တာ၀န်ကျ ခဲ့သော ဘုန်းတော်ကြီး ဖာသာရ်ပီတာမျိုးအောင် လက်ရှိတာဝန်ခံ ဘုန်းတော်ကြီး ဖာသာရ် ဇော်မင်းလတ် နှင့် စိန့်ထရေဇားသီလရှင်များ ကိုအထူးကျေးဇူးတင်ပါကြောင်း၊ မိခင် နှင့် ညီကိုမောင်နှမများ ရွာသူရွာသားအားလုံးကိုကျေးဇူးတင်ပါကြောင်း ၄င်းတို့၏ပံ့ပိုးမှုကြောင့်အားပေးမှုကြောင့် ပျိုးထောင်လမ်းညွှန်ပေးခြင်းကြောင့် ရဟန်းသီလရှင်များနှင့် ရင်းနှီးခြင်း ဘာသာရေး၀တ္တရားများလုပ်ဆောင်တတ်လာခြင်း၊ ခေါင်းဆောင်တတ်ခြင်းနှင့် ခေါ်တော်မူခြင်းလမ်းစ ပျိုးသကဲ့သို့ဖြစ်လာခြင်း တို့ကြောင့်အားလုံးကိုကျေးဇူးတင်ပါကြောင်း ဤပွဲတွင်လည်း အဘက်ဘက်မှ ကူညီသူအားလုံးကို ကျေးဇူးတင်ကြောင်းဖြင့်ပြောကြားခဲ့ပါသည်။
News: Sr.Lucia Thandar Aung, SJA
Photo by: Pinky

 

Add new comment

11 + 4 =