စိန်ခေါ်မှုမြင့်မားနေသည့်ကြားမှ မြန်မာပြည်မှဂျက်ဆွီစ်ဘုန်းကြီးများ လူငယ်များနှင့်ဒွန်တွဲလျှောက် လှမ်းပေးနေဆဲ

စိန်ခေါ်မှုမြင့်မားနေသည့်ကြားမှ မြန်မာပြည်မှဂျက်ဆွီစ်ဘုန်းကြီးများ လူငယ်များနှင့်ဒွန်တွဲလျှောက် လှမ်းပေးနေဆဲ

စိန်ခေါ်မှုမြင့်မားနေသည့်ကြားမှ မြန်မာပြည်မှဂျက်ဆွီစ်ဘုန်းကြီးများ လူငယ်များနှင့်ဒွန်တွဲလျှောက် လှမ်းပေးနေဆဲ

            ကိုးဗစ် (၁၉) ကပ်ရောဂါနှင့်နိုင်ငံရေးကမောက်ကမဖြစ်နေသောမြန်မာနိုင်ငံနှင့်ပတ်သက်၍ ဘာသာရေးလေ့လာ ကြသူများက ယခုကဲ့သို့အမှောင်ကြီးဆိုးနေချိန်မျိုး၌ ဘုရားသခင်အဘယ်အရပ်ဌာနေသို့ရောက်ရှိသနည်းဟုမေးခွန်း ထုတ်နေကြကြောင်း၊ ရှုပ်ထွေးနေကြကြောင်း၊ မရေမရာဖြစ်နေကြသည်။ 

မေ (၆) ရက်နေ့က ‘Magis Myanmar’ အဖွဲ့မှ လက်ရှိအခြေအနေ၌ လူငယ်များစိတ်လေနေကြ၊ လမ်း ပျောက်နေကြသောကြောင့် ၀ိညာဉ်ရေးလမ်းညွန်မှုပေးရန်ရည်ရွယ်၍ အွန်လိုင်းမှ ဆွေးနွေးသည့်အစီအစဉ်ကိုပြုလုပ် ခဲ့သည်။ ‘Magis’ ဟူသောစကားလုံးသည် ‘လာတင်း’ ဘာသာစကားဖြစ်ပြီး ‘ပို၍’ ဟုဆိုလိုပါသည်။ ထိုအစီအစဉ်ကို ဂျက်ဆွီစ်ဘုန်းတော်ကြီး James Martin ကဦးစီးကျင်းပခဲ့သည်။ ယခုကဲ့သို့ခက်ခဲသောအချိန်မျိုး၌ ကျွန်ုပ်တို့သည် အခက်အခဲကိုသာမဲနေပြီး ဘုရားသခင်အဘယ်မှာရှိသည်ကိုဖွေရှာရန်မေ့နေတတ်သည်။ ကျွန်ုပ်တို့သည် နိစ္စဓူ၀ကိစ္စများ ၌ဦးနှောက်စားနေတတ်ကြပြီး၊ ဘုရားသခင်နှင့်စကားပြောရန်မေ့နေကြသည်။  

        ‘Magis’ ၏အဓိက ထောက်တိုင် (၃) ခုရှိပါသည်။ ၄င်းတို့အမှာ (၁) ၀ိညာဉ်ရေး၊ (၂) ရင်းနှီးပေါင်းဖော်ခြင်း (၃) အစေခံခြင်းတို့ဖြစ်သည်။ ဤအဖွဲ့အစည်း၌ပါ၀င်သောလူငယ်တိုင်း ဤထောက်တိုင် (၃) ခုကိုအခြေခံ၍ ရှင်သန်ရသည်။ ‘Magis’ မြန်မာအနေဖြင့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်းဟူသည့် ပါရမီကြီး (၃) ပါးကိုဇောင်းပေး ထားသည်။ ဤပါရမီ (၃) ပါးကိုအခြေခံ၍လူငယ်များအား လက်ရှိကြုံတွေ့နေရသော ဘာသာရေးနှင့်ဆိုင်သော ပြသာ များ၊ အခက်အခဲများကို အချင်းချင်းသေမျှရင်း၊ နားထောင်ရင်း၊ အားပေးရင်ကျော်ဖြတ်နိုင်ရန်ဖြစ်သည်။ မ Ellin Khyu Khyu က ‘Magis’ စက်၀ိုင်းနှင့်ပတ်သက်၍ သူ၏အတွေ့အကြုံကိုဝေမျှခြ့သည်။ ယုံကြည်ခြင်းကိုဝေမျှခြင်းသည် ဘ၀တစ်ကွေ့၌ မွန်မြတ်သောလုပ်ရပ်ဖြစ်သည်။ လူတိုင်း၌ ဘ၀၏အမှောင်အလင်းလွှမ်းမိုးချိန်ရှိသည်။ ထိုအ ခြေအနေကို တစ်ဦးစီ၏ယုံကြည်ခြင်းအလင်းတန်းဖြင့် စမ်းစစ်သုံးသပ်ရမည်ဖြစ်သည်။ အွန်လိုင်းမှတွေ့ဆုံဆွေးနွေးသည့် အစီအစဉ်သည် သူ့အားအလင်းဘက်နွယ်သောအလင်းတရားများကိုရရှိစေပြီး၊ တွေ့ကြုံနေရသောနာကျင်မှုကိုလည်း ယုံ ကြည်လွှတ်လပ်စွာရင်ဖွင့်နိုင်သည်။ စိတ်ထဲ၌လေးပင်နေသောအရာအားလုံးကိုဖွင့်ချရှင်းထုတ်ပစ်လိုက်သည်။ ပြည်တွင်း စစ်ကြား အတွင်းစိတ်အေးချမ်းမှုကိုခံစားလိုက်ရသည်ဟုဆိုပါသည်။  

         အခက်အခဲနှင့်စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန်မှာ ကျွန်ုပ်တို့၏ဩတ္တပ္ပစိတ်ကိုပြန်လည်ဆန်းစစ်၍ ဘုရားသခင် သည်အဘယ်သို့လုပ်ဆောင်နေသည်ကိုဆန်းစစ်ရမည်။ အတိတ်က သွန်းလောင်းပေးခဲ့သော ဘုရားသခင်၏ကောင်းကြီး ကိုလည်း အသိအမှတ်ပြုတတ်ရမည်ဖြစ်သည်။ ဤအစီအစဉ်၌ပါ၀င်ခဲ့သူနောက်တစ်ဦးဖြစ်သော Alexander ကလည်း အစပိုင်း၌ ဩတ္တပ္ပစိတ်ကို တစ်ရက်လျှင်နှစ်ကြိမ် ပြန်ဆန်းစစ်ခြင်းသည် အချိန်ဖြုန်းအကျိုးမဲ့သည်ဟုခံစားခဲ့သည်။ ဘာမှ သစ်ဆန်းမလာခဲ့။ သို့သော် ‌ပေါင်းစည်းခြင်းအစီအစဉ်၌ ဩတ္တပ္ပစိတ်ကိုပြန်လည်ဆန်းစ်ခြင်း၏အကျိုးကြောင့် ကျွန်တော့် ကိုယ်ကျွန်တော်ပို၍သိရှိလာသည်။ ဘုရားသခင်ကျွန်တော့်ဘ၀၌မည်သို့စကားပြောနေသည်ကိုသိလာရပါသည်ဟုဝေမျှ ခဲ့သည်။  

        အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲကိုကျင်းပသည်ဆိုသော်လည်း အင်တာနက်လိုင်းများသည် မတည်မငြိမ်။ ဤအစီအ စဉ်ကို ပြည်ပရောက်နေကြသော ကက်သလစ်လူငယ်မောင်မယ်များ၏အကူအညီဖြင့်လုပ်ဆောင်ခြင်းဖြစ်သည်။ ဤအစီ အစဉ်သည် ပတ်စဉ်ပြုလုပ်ပြီး အကြောင်းအရာများမှာ သီဩလိုဂျီနှင့်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ စသော ပါ၀င်သူများ၏တင်ပြတောင်းဆိုချက်အပေါ်မှုတည်ပါသည်။ နောက်လူငယ်တစ်ဦးက လည်း အချို့သောအကြောင်းအရာများသည် ကျွန်တော်အားလွန်စွာအကျိုးဖြစ်စေပါသည်။ ပတ်စဉ်ဆွေးနွေးချက်များမှ အသစ်အသစ်သောအကြောင်းအရာများကိုသိရှိရပြီး ၀ိညာဉ်ရေး၊ လူမှုရေး၊ အသိပညာပိုင်းနှင့်အာရုံပိုင်းအားသစ် လောင်းနိုင်လာခဲ့ကြောင်း‌ေ၀မျှခဲ့သည်။  

ပြည်တော်နှင့်ဝေးနေသောလူငယ်တစ်ယောက်ကလည်း ကိုးဗစ် (၁၉) နှင့်နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသော ကြောင့်မိသားစုအတွက် စိုးရိမ်ကာတစ်လခန့်အလုပ်မလုပ်နိုင်ခဲ့ကြောင်း တစ်နေ့ ဤအစီအစဉ်ကိုလူမှုကွန်ရက်မှတွေ့ လိုက်ရ၍ ထိုအစီအစဉ်ကိုတက်ကြွစွာပါ၀င်ခဲ့ကြောင်း၊ သူ၏ကြုံတွေ့နေရသောစိတ်ပိုင်းဆိုင်ရာပြဿကိုလည်း မိတ်ဆွေ များနှင့်‌ေ၀မျှနိုင်ခဲ့ကြောင်း၊ ဤအစီအစဉ်သည် ကျွန်ုပ်အတွက် ၀ိညာဉ်ရေးနှင့်အာရုံပိုင်းအတွက် အကောင်းဆုံးအား ဆေးဖြစ်ကြောင်းပြောကြားခဲ့သည်။  

          ယခုအစီအစဉ်၏အစမှာ (၂၀၁၈) ခုနှစ် ကမ္ဘောဒီယား၌ကျင်းပသော ‘Jesuit Conference of Asia Pacific (JCAP) Magis Pacific’ (အာရှပစီးဖိတ်မာဂျီ) အစီအစဉ်၌ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် (၈) ဦးတက်ရောက်နိုင်ခဲ့ရာ မှအစပြုခြင်းဖြစ်သည်။ ထိုအစီအစဉ်၌ပါ၀င်းပြီး (၃) လအကြာ ပထမဦးဆုံးအသုတ်ကို မြန်မာနိုင်ငံ ဂျက်ဆွီစ်အသင်း၏ အကြီးအကဲဖြစ်သော ဖာသာ Mark Raper ၏အားပေးမှုဖြင့် ဇန္န၀ါရီလ (၂၀၁၁) မှ မတ်လ (၂၀၂၂) လုပ်ဆောင်နိုင်ခဲ့ သည်။ (၂၀၁၈) ခုနှစ်ကကျင်းပသော ပထမအသုတ်၏အစီအစဉ်သည် တစ်ပတ်တာကြာမြင့်ခဲ့သည်။ ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ ဂျက်ဆွီစ်အသင်းအားတည်ထောင်ခဲ့သူ စိန့်အီညှေးရှက်၏၀ိညာဉ်ရေးကျင့်စဉ်ကို လူငယ်များကြား၌ စိမ့်၀င်စေလိုခြင်းဖြစ်သည်။ (၂၀၂၂) ခုနှစ်အစီအစဉ်၌မူ (ဧပြီ ၉ မှ ၁၁) အထိ (၃) ရက်တာကြာပြီး၊ တောင်ကြီးတွင်ပြု လုပ်ခဲ့သည်။ တက်ရောက်သူ (၅၅) ဦးရှိခဲ့ပါသည်။ 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NfajfM

 

Add new comment

9 + 0 =