စိတ်သဘောကွဲပြားဖွယ် ဖြစ်သည့် ရွေးကောက်ပွဲပြီးနောက် ပြန်လည်ကြေအေး နိုင်ကြဖို့ အတွက်ဖိလစ်ပိုင်နိုင်ငံ Dumaguete ဆရာတော်မှ မေတ္တာရပ်ခံ တောင်းဆို

စိတ်သဘောကွဲပြားဖွယ် ဖြစ်သည့် ရွေးကောက်ပွဲပြီးနောက် ပြန်လည်ကြေအေး နိုင်ကြဖို့ အတွက်ဖိလစ်ပိုင်နိုင်ငံ Dumaguete ဆရာတော်မှ မေတ္တာရပ်ခံ တောင်းဆို

စိတ်သဘောကွဲပြားဖွယ် ဖြစ်သည့် ရွေးကောက်ပွဲပြီးနောက် ပြန်လည်ကြေအေး နိုင်ကြဖို့ အတွက်ဖိလစ်ပိုင်နိုင်ငံ Dumaguete ဆရာတော်မှ မေတ္တာရပ်ခံ တောင်းဆို

 

မကြာခင်က ကျင်းပခဲ့သည့် ဖိလစ်ပိုင်နိုင်ငံနှင့် ဒေသတွင်း ရွေးကောက်ပွဲတွင် မိသားစုဝင်များကြား နိုင်ငံရေးသဘောထားကြောင့် စိတ်ဝမ်းကွဲပြားမှု့များကို ပြန်လည်ကြေအေး သင့်မြတ်စေမှု့သို့ ပြန်လည်ဦးတည်ရန် Dumaguete မှ ဆရာတော် Julito Cortes က တောင်းဆို လိုက်ပါတယ်။

ဆရာတော် Corter က " ကျွန်ုပ်တို့အားလုံးကို စိတ်သဘောထား ကွဲပြားစေသည့်ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ကြရပြီး တယောက်ကိုတယောက် ခွင့်လွှတ်နားလည်ပေးကြဖို့" ဗီဒီယို သတင်းစကား ပါးခဲ့ပါတယ်။

"နိုင်ငံရေးကြောင့် ခံစားနာကြင်ရမှု အစား တယောက်နဲ့တယောက် မိသားစုဝင်များသဖွယ် အပြန်အလှန် စောင့်ရှောက်သည့် ဆက်ဆံရေးမျိူးသို့ ပြန်လည် ဦးတည်ကြပါစို့" ဟုလည်းမြွက်ကြားခဲ့ပါတယ်။

ဆရာတော်က အလေးနက်ပြောဆိုတာကတော့ ပြောင်လဲခြင်းသည် အပြင်အပ သက်သက် အတွက်သာ မဟုတ်ပဲ တဦးချင်းစီ​၏ အတွင်းစိတ်သဘောထား နှင့် မိသားစု အိမ်ကို ပြောင်းလဲနိုင်ခြင်း ပင် ဖြစ်ကြောင်းပါ။

ပြည်သူတွေအတွက် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ အမိအသင်းတော်က အစိုးရအဖွဲ့နဲ့ လက်တွဲလုပ် ဆောင်သွားဖို့ အာမ ခံပါတယ်။မိမိသာသနာအုပ်စု အနေနဲ့လည်း အသစ်ရွေးကောက်ခံရသည့် ခေါင်းဆောင်များ​၏ မဲဆွယ်ရာမှာပေးခဲ့သည့် ဂတိများ အပေါ် စောင့် ကြည့်ထိမ်းကြောင်းသွားမည်ပင်ဖြစ်ဟု လည်းပြောကြားခဲ့ပါတယ်။

ဂုဏ်ယူအပ်သော ကြီးမြတ်သည့် အောင်နိုင်သူများကို သတိပေးလိုတာက " ဘုရားရှင်က သူ့ရဲ့လူမျိူးတော်အပေါ်ထားသည့် အလိုတော်ကို သိမြင်နိုင်သည့် ဉာဏ်ပညာရရှိရန် ကျေးဇူးတော်တောင်းခံရန်ပင်ဖြစ်ပြီး၊ ဘုရားရှင်ရဲ့ လက်ရာတော်ကိုလည်း သမိုင်းအဆက်ဆက်တွေ့မြင် နိုင်ကြောင်း၊ ဘုရားရှင်ကသာလျှင် သူတို့ကို အခွင့်အာဏာပေးခြင်း ဖြစ်ပြီး ,အထူးသဖြင့် လူ့အသိုင်းဝိုင်း​၏ အားနည်းဆင်းရဲသူများကို အစေခံရန် ဘုရားရှင်မှပင် သူတိုကို ရွေးချယ်ထားကြောင်း သတိပြုစေလိုကြောင်း" ဟု ဆရာတော်မှ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ မနိုင်သူများ အနေနှင့်လည်း မျှော်လင့်ချက် မဆုံးရှူံးရန် ဆုံးမဩဝါဒ ပေးခဲ့ပါတယ်၊ရှုံးနိမ့်ခြင်းသည် အလုံးစုံ ကျရှူံးရခြင်းဟု မဆိုလိုပဲ သင့်အပေါ် ဘုရားရှင် ဖြစ်စေလိုသည့် အလိုဆန္ဒတော် အခွင့်အလမ်းတခုပင်ဖြစ်သည်ဟုလည်း မိန့်မြွက်ခဲ့ပါသေးတယ်။

" ပြတင်းပေါက် တပေါက်ပိတ်သွားတဲ့အခါ အခြားတခုကပွင့်လာမှာပါ,သင်အပေါ်ဘုရားရှင်ရဲ့ မျှော်မှန်းရည်ရွယ်ထားချက်ကို ယုံကြည်ခြင်းနှင့်အတူ သန့်ရှင်းတော်ဝိဉာဏ်တော်ဘုရား​ကို နာခံလျက် ရှာဖွေကြည့်ပါ" ဟုအားပေး ပြောဆိုခဲ့ပါတယ်။

 

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3LaPyjX

 

 

Add new comment

3 + 2 =