စပိန်နိုင်ငံ၏ ကာဒီနယ် သက်တော် (၈၇) တွင်ပျံလွန်

စပိန်နိုင်ငံ၏ ကာဒီနယ် သက်တော် (၈၇) တွင်ပျံလွန်

 

စပိန်နိုင်ငံ၏ ကာဒီနယ် သက်တော် (၈၇) တွင်ပျံလွန်

            သင်ကွယ်လွန်သွားသောအခါ ကျန်ရစ်ခဲ့သူများအား အဘယ်သို့သော အမှတ်ရစရာများ ဖြင့်တမ်းတမ်းတတရှိနေ စေချင်ပါသနည်း။

            ပျံလွန်သွားသော ကာဒီနယ်သည် ဖရန်စ္စကင်အသင်း၀င်ဖြစ်ခဲ့ပြီး၊ ဘုရားသခင်နှင့် နီးစပ်သော ညီအစ်ကိုမောင်နှမ များအားကြိုစား၍အစေခံခဲ့သူဖြစ်သည်။ ကာဒီနယ်အဖြစ်ရွေးချယ်မခံရမည်က သူသည် Seville ၏ဂိုဏ်းချုပ်ဆရာတော် အဖြစ်အမှုထမ်းခဲ့သည်။ ဤကာဒီနယ်က သူပျံလွန် သွားသောအခါ ကျန်ရစ်သူတို့၏စိတ်ထဲ၌ အောက်ပါအတိုင်းကျန်ရစ် စေချင်သူဖြစ်သည်။

သူသည် နှစ်လတာမျှပေါင်ရိုးကျိုးသည့် ဝေဒနာကိုခံစားပြီး သက်တော် (၈၇) နှစ်၌ပျံလွန်သွားခဲ့ သည်။ သူသည် ဆရာ၀န်ဖြစ်ရန်တက္ကသိုလ်တက်နေရာမှ ဖရန်စ္စကင်သူတော်စင်တစ်ပါးဖြစ်ရန်စိတ်ဆုံးဖြတ်ပြီး ပညာ တစ်ပိုင်းတစ်စဖြင့်ခေါ်တော်မူခြင်းလမ်းစဉ်ကိုရွေးချယ်ခဲ့သည်။ ဖရန်စ္စကင်တို့သည် စိန့်ဖရန်စစ် အစီစီကဲ့သို့ အသေးအဖွဲ များကိုလည်း ကောင်းကြီးတော်အဖြစ်ခံယူကြသည်။ အရာရာကို အကောင်း မြင်တတ်သည်။ လူသားများကိုစိတ်၀င်စားသည်။ စကားပြောဆိုနေကြသောသူများကို အာရုံစူးစိုက်၍ နားထောင် ပေးတတ်သည်။ ဤသို့ပြုလုပ်ပေးခြင်းသည် အခြားသူများအား ပျော်ရွှင်မှု၊ အတွင်းစိတ်ငြိမ်း ချမ်းမှုကိုပေးသည်။ ကာဒီနယ်ကြီးက သူလည်း ဤသို့သော သူများကဲ့သို့ ဖြစ်ချင်ကြောင်းပြောခဲ့ဖူးသည်။

သူ့အားကာဒီနယ်အဖြစ် ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) က (၂၀၀၃) ခုနှစ်တွင် ရွေးချယ် တင်မြောက် ခဲ့သည်။       

 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MJ7l2z

Add new comment

6 + 10 =