စစ်ရေးတွေးနေခြင်းထက် ငြိမ်းချမ်းရေးအသွင်ပြောင်းရန် ရဟန်းမင်းကြီးတိုက်တွန်း

စစ်ရေးတွေးနေခြင်းထက် ငြိမ်းချမ်းရေးအသွင်ပြောင်းရန် ရဟန်းမင်းကြီးတိုက်တွန်း

စစ်ရေးတွေးနေခြင်းထက် ငြိမ်းချမ်းရေးအသွင်ပြောင်းရန် ရဟန်းမင်းကြီးတိုက်တွန်း

 

            ရဟန်းမင်းကြီးဖရန်စစ်က လူသားထုအားစစ်ရေးအတွေးမှငြိမ်းချမ်းရေး အတွေးသို့ပြောင်းလဲ ရန်တိုက်တွန်းလိုက် သည်။ ဤမိန့်ခွန်းကို ကက်သလစ်ဘာသာ၀င် စပိန်၀န်ကြီးဌာနတို့၏ အမျိုးသားကွန် ဂရက်စ်၌ပါ၀င်ကြသူများအားတိုက် တွန်းခဲ့သည်။ ကျွန်ုပ်တို့သည် အနှစ်မဲ့သောအချိန် ကာလ၌အသက် ရှင်သန် နေသည်။ အဘယ်ကြောင့်ဆိုသော် ကပ်ဆိုးကြီး ၏လှိုင်းကြီးမှပင်ရုန်းမထွက်နိုင်သေမီ စစ်မီဒဏ် ကိုထမ်မံခံ နေရပြန်သည်။ ‘စစ်ပွဲတိုင်းသည် မတရားမှုမှမွေးဖွားစေသည်။ ကျွန်ုပ်တို့၏မိသားစု၊ အဖွဲ့ အစည်း ၌ဖြစ်ပေါ်လာသော လူသိရှင်ကြားမဟုတ်သော်လည်း တိုးတိုးတိတ်တိတ်ကြိတ်၍တိုက် ခိုက်နေ မှုများအားလုံးသည်လည်း မတရားမှုမှမွေးဖွားလာခဲ့ခြင်းဖြစ်သည်။’

            ကွန်ဂရက်ကို ‘Raíces y Alas 2022 ’ (Roots and Wings 2022 = ၂၀၂၂ ခုနှစ်၏ အမြစ်နှင့်တောင်ပံ) ဟုတင်စား ထားသည်။ ကွန်ဂရက်စ်ကို ဧပြီ (၂၆)  မှ ၃၀) အထိကျင်းပမည်ဖြစ်သည်။ ကွန်ဂရက်စ်၏ဆောင်ပုဒ်မှာ ‘Prophetic Voices: Being bridges for a new era’ (အနာ ဂတ်ကိုကြိုတင်‌ဟောပြောသောသူ၏အသံ: အခါသမယသစ်အတွက် တံတားများ) ဟုဖြစ်သည်။ ရဟန်းမင်းကြီးက အလွန်မှန်ကန်သင့်လျှော်သော ခေါင်းစဉ်ကိုရွှေးချယ်ထားကြောင်းမိန့် ကြားပြီး၊ ရဟန်း မင်းကြီးသည် ကွန်ဂရက်တွင်ပါ၀င်သူအားလုံးအား စစ်ရေးအတွေးမှသည် ငြိမ်းချမ်းရေးအတွေးဆီသို့ ပြောင်းလဲရန်တိုက်တွန်းခဲ့သည်။ ကျွန်ုပ်တို့အားလုံး စစ်ရေးကိုသာတွေးနေကြသည်။ စစ်ဖြစ်ပွားခြင်းသည် မိမိညီအရင်း ကိုသတ်သော ‘ကိန္ဒ’ ၏ပြစ်မှုကိုကျူးလွန်ခြင်းဖြစ်သည်။ ညီအစ်ကိုရင်းစိတ်ဓာတ်သည် လူတိုင်းအပေါ်မွေးမြူရမည်။ ဤ စိတ်မွေးမြူနိုင်ခြင်းသည် မိသားစုဘ၀၊ အဖွဲ့အစည်း၊ လူသား၊ နိုင်ငံနှင့် ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲပေးသည်။

တံတားများတည်ဆောက်ပါ။

            ခရစ်ယာန်များသည် ဖွဲ့စည်းပုံကိုပြုပြင်ရမည်။ လူအသိုင်းအ၀ိုင်းအသီးသီးအတွက် ပေါင်းကူး တံတားများဖန် တီးပေးနိုင်သည်။ အကြံကောင်းဉာဏ်ကောင်းများပေးနိုင်သည်။ ထိုအကြံဉာဏ် ကောင်း များဖြင့် လက်တွေ့ဖော်ဆောင် ရင်းငြိမ်းချမ်းရေး၊ စည်းလုံးခြင်းကိုဆောင်ယူလာပေးသည်။ ဤသို့ ဆောင် ယူ လာပေးနိုင်ရန် မိမိတို့၏မိသားစု၊ အဖွဲ့အ စည်းအတွင်းမှအစပြုပါ။ ကျွန်ုပ်ငြိမ်းချမ်း ရေးကိုလို အပ် သည်။ သင်တို့လည်းငြိမ်းချမ်းရေးကိုလိုအပ်သည်။ ကမ္ဘာကြီး လည်းငြိမ်းချမ်းရေးကိုလိုအပ်သည်။ ငြိမ်း ချမ်း ရေးကိုရှုရှိုက်ရခြင်းသည် ကျန်းမာစေသည်။ ကျွန်ုပ်တို့သည် ထိတွေ့ခံစား နိုင်သော ငြိမ်းချမ်း ရေးကို လို အပ်သည်။ ခရစ်ယာန်တို့သည် ပုံစံကောင်းကိုချပြရမည်။ ပေါင်းကူးတံတားများဖြစ်ကြရန်၊ ဆု တောင်းကြရန်၊ ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ကြရန်တိုက်တွန်းပါသည်။ ကျွန်ုပ်အတွက်လည်း ဆုတောင်းပေးရန် မမေ့ပါနှင့်’ ဟုမိန့်ကြားခဲ့ပါသည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3vtxj4o

Add new comment

2 + 7 =