စစ်ပွဲသည် ရူးသွပ်မိုက်မဲမှုတစ်ခုသာဖြစ်ကြောင်း ပုပ်ဖရန်စစ်မိန့်ကြား

စစ်ပွဲသည် ရူးသွပ်မိုက်မဲမှုတစ်ခုသာဖြစ်ကြောင်း ပုပ်ဖရန်စစ်မိန့်ကြား

ဗာတီကန်၌ပြုလုပ်သော ပုပ်ရဟန်း မင်းကြီး၏အပတ်စဥ်လူထုတွေ့ဆုံခြင်းအခမ်းအနား၌ "စစ်ပွဲများကြားရှိ မိတ်ဆွေများကို မမေ့ကြရန်" ပုပ်ရဟန်းမင်းကြီးဖရန်စစ်က တောင်းဆိုလိုက်သည်။

"စစ်ပွဲသည်ရူးသွပ်မိုက်မဲမှုသာဖြစ်ပြီး ဆုံးရှုံးမှုသာလျှင်ဖြစ်ကြောင်း" ယူကရိန်းနှင့်ဂါဇာကမ်းမြှောင်ဒေသရှိ ပဋိပက္ခများနှင့်စပ်လျဥ်း၍မိန့်ကြားခဲ့သည်။ ထို့နောက် ဘုရားဖူးများနှင့်ဘာသာဝင်အပေါင်းတို့အား ယူကရိန်း၊ပါလက်စတိုင်း၊ အစ္စရေးနှင့်ကမ္ဘာပေါ်ရှိစစ်ပွဲများအကြားရှိ လူသားတို့အတွက် ဆုတောင်းရန်ဖိတ်ခေါ်ခဲ့သည်။

အာဗီအေဘာသာပြန်- Agnes Lawh Lun

https://bitly.ws/39pBG

Add new comment

18 + 2 =