စစ်ပြေငြိမ်းရေး နိုင်ငံတကာ မှ တစ်စိတ်တဝမ်းထားကာ တုံ့ ပြန်ကြဘို့ ပုပ်ဖရန်စစ် ဖိတ်ခေါ်

စစ်ပြေငြိမ်းရေး နိုင်ငံတကာ မှ တစ်စိတ်တဝမ်းထားကာ တုံ့ ပြန်ကြဘို့ ပုပ်ဖရန်စစ် ဖိတ်ခေါ်

ပုပ်ဖရန်စစ်သည် စိန့်ပီတာရင်ပြင်၌ အန်ဂျေလူး မေတ္တာကို ဆုတောင်းပြီးနောက် ဆိုမားလီယာ (Somalia) မှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အာရုံထားမြွက်ကြားခဲ့ပါတယ်။ ပြင်းထန်တဲ့မိုးခေါင်မှုဒဏ်ကြောင့် လူပေါင်း ခုနှစ်သိန်းငါးသောင်းကျော် ပြည်တွင်းနေရပ်ကနေစွန့်ခွာ ထွက်ပြေးခဲ့နေရကြောင်း

"အဲ့ဒီအရပ်ဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ မသေချာမရေရာတဲ့ အခြေအနေမှာ နေထိုင်ခဲ့ကြရပြီး အခုအခါမှာတော့ မိုးခေါင်မှုကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပြန်ပါတယ်။ နိုင်ငံတကာက စည်းလုံးညီညွတ်စွာနဲ့ ဒီအရေးပေါ်အခြေအနေကို ထိထိရောက်ရောက် တုံ့ပြန်ဖို့ ကျွန်ုပ်မျှော်လင့်ပါတယ်။ကံမကောင်းစွာပဲ စစ်ပွဲက အာရုံစိုက်မှုနဲ့ သယံဇာတအရင်းအမြစ်တွေကို လမ်းကြောင်းလွဲစေတယ်။ အခုချိန်မှာ အမှန်တကယ်တော့ လူတွေရဲ့ ဆာငတ်မှုတွေ၊ ကျန်းမာရေးနဲ့ ပညာရေးတို့ကိုသာ အဓိကထားပြီး လုပ်ဆောင်ရမှာဖြစ်တယ်"လို့ အရှင်သူမြတ်က မြွက်ကြားခဲ့တာပါ။

ဆိုမားလီယာနိုင်ငံဟာ သမိုင်းဝင် (၂) နှစ်ကြာ မိုးခေါင်မှုဒဏ်ကို တွေ့ကြုံနေရပြီး အခက်အခဲအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ လူအရေအတွက်မှာ ငါးသန်းကနေခုနစ်သန်းအထိ မြင့်တက်လာဖွယ်ရှိကြောင်း

ရာသီဥတုဖောက်ပြန်မှုနဲ့ ယူကရိန်းစစ်ပွဲကြောင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာနေကြောင်း

စစ်ပွဲကြောင့် ကိုယ်တွေ့ခံစားခဲ့ရတဲ့ ယူကရိန်းပြည်သူများကိုလည်း ပုပ်ဖရန်စစ် က အမှတ်ရနေတာဖြစ်ပါတယ်။

အသက်စွန့်သွားတဲ့ ယူကရိန်းပြည်သူများအတွက် အထူးကရုဏာသနားခြင်းကို လည်းဘုရားသခင်ထံ တောင်းလျှောက်အသနားခံပါကြောင်း

ယူကရိန်းသမ္မတ Volodymyr Zelenskyy က မကြာသေးမီကတွစ်တာ ကနေတစ်ဆင့် ပုပ်ဖရန်စစ်နဲ့ ဖုန်းနဲ့ စကားပြောဆိုခဲ့ကြောင်း အတည်ပြုပြီးတဲ့နောက် ပုပ်ဖရန်စစ်ရဲ့ ဆုတောင်းချက်ဟာ ရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်ပွဲစတင်ကတည်းက သူတို့ရဲ့ တတိယအကြိမ်မြောက် ဖုန်းခေါ်ဆိုမှုမှာ ပုပ်ဖရန်စစ်က သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ယူကရိန်းနိုင်ငံကို သွားရောက်မယ့် ဆန္ဒကိုလည်း ဆက်လက်ဖော်ပြခဲ့တယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

https://bit.ly/3wnBRJY

Add new comment

20 + 0 =