စက်တင်ဘာ (၁၁) ၏အဖြစ်ဆိုးမှသူရဲကောင်းကြီး ရာသက်ပန်ဦးပဉ္ဇင်းးကြီးအဖြစ်ခံယူ

စက်တင်ဘာ (၁၁) ၏အဖြစ်ဆိုးမှသူရဲကောင်းကြီး ရာသက်ပန်ဦးပဉ္ဇင်းးကြီးအဖြစ်ခံယူ

ကက်သလစ်သာသနာ၌ ဦးပဉ္ဇင်း (၂) မျိုးရှိပါသည်။ တစ်မျိုးမှာ ထာ၀ရရဟန်းသိက္ခာ ထပ်ခြင်းကိုခံယူရန်စောင့်စားနေသောဦးပဉ္ဇင်းနှင့်ရာသက်ပန်ဦးပဉ္ဇင်းဟူ၍ဖြစ်ပါသည်။ ဤရာသက်ပန်ဦးပဉ္ဇင်းမှာကက်သလစ်သာသနာတော်ကြီးမှအတိအလင်းဥပဒေများချမှတ်၍သတ်မှတ်ထားသောအမှုတော်ဆောင်အသက်တာတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ၌မူ ရင်းနှီးမှုသိပ်မရှိသောအမှုတော်ဆောင်တစ်ခုဖြစ်သည်။ သို့သော် ရာ သက်ပန်ဦးပဉ္ဇင်းမှုတော်ဆောင်အသက်တာကိုကြားဖူးသောဘာသာတူများလည်းရှိပေမည်။

ယခုရာသက်ပန်ဦးပဉဇင်းသိက္ခာကိုခံယူခဲ့သူမှာ Paul Carris ဟုခေါ်သည်။ သူသည် အမေရိကန်ပြည် ထောင်စုအတွက်မေ့မရနိုင်သော စက်တင်ဘာ (၁၁) ရက်နေ့၏အနိဌာရုံကိုကြုံတွေ့ဖြတ်သန်းခဲ့သူတစ်ဦးလည်းဖြစ်သည်။

စက်တင်ဘာ (၁၁) ဟုထိုသွေးပျက်စရာအဖြစ်သနစ်ဖြစ်ခဲ့သည့်ရက်စွဲကိုအစွဲပြု၍ အလွယ် တကူခေါ်ခြင်းဖြစ်သည်။ အမှန်မှာ အမေရိကန်နိုင်ငံ၏စီးပွားရေးအမွှာမျှော်စင်ကြီးအား အစွန်းရောက်အ ကြမ်းဖက်အဖွဲ့များကလေယာဉ်ဖြင့်ဆင့်ကဲတိုက်ခိုက်ခဲ့သည့်နေ့ကိုညွှန်းဆိုခြင်းဖြစ်သည်။

ထိုအခင်းမဖြစ်ပျက်မီအချိန်ထိ Paul Carris ဆိုသူသည် အမွှာတိုက်၏မြောက်ဘက်ခြမ်း၌တာ၀န်များကြားခေါင်းမဖော်နိုင်အောင်ဖြစ်နေခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ယေဇူးသခင်သူ့အားအဘယ်လားရာသို့ဦးတည်ခေါ်ဆောင်သွားနေခဲ့သည်ကိုသူမသိခဲ့။ (စက်တင်ဘာ ၁၁၊ ၂၀၀၁) ရက်နေ့၌ အဆိုပါအမွှာမျှော်စင် ၏ (၇၁) လွှာ၌တာ၀န်ထမ်းနေသော Judith Toppin ၏ဘ၀တစ်ခုလုံးလုံး၀မပြောင်းလဲမည်အချိန်ထိအ လုပ်လုပ်နေခဲ့သည်။ ဒေသစံတော်ချိန် နံနက် (၈း၄၆) သူ၏တာ၀န်ဖြစ်သော စာအ၀င်အထွက်စစ်ဆေးပြီးနောက် အလွန်ကျယ်လောင်သောဗုံးခွဲသံကိုဆူညံစွာကြားလိုက်ရသည်။ သူ၏ရုံးခန်းသည် ပြူတင်းပေါက်များအစီအရီရှိနေသောကြောင့် သူသည်ပြူတင်းပေါက်နှင့်‌ေ၀းသောဗဟိုသို့ရွေ့သွားလိုက်သည်။ ထိုစဉ်၌ မဲ မှောင်နေသောမှိုင်းလုံးကြီးများနှင့်မီးတောက်များ အလိပ်လိပ်တက်လာသည်ကိုမြင်လိုက်ရသည်။ အထက်မှလည်းအောက်ဖက်သို့ချိန်ရွယ်၍သေနတ်ကိုမနားတမ်းပစ်ခတ်နေခဲ့သည်။ ဧရာမတိုက်ကြီးပင်လျှင်တုန်ခါသွားသည်။ သူသည်အသက်ရူကြပ်သည့်ရောဂါခံစားနေသူဖြစ်သည့်အားလျှော်စွာ သူ၏ အသက်ရူသံကိုကျယ်လောင်စွာကြားနေရသည်။ သူ၏နှလုံးစက်သည်ရပ်သွားသောကြောင့် အသက်ကိုသဘာ၀အတိုင်းရူရှိုက်ရသောကြောင့်အားနှစ်ဆစိုက်ထုတ်ခဲ့ရသည်။ လုပ်ဖော်ကိုင်ဖက်များရောက်လာ၍ သူ့အားလာရောက်ကူညီပေးခဲ့ကြသည်။ ခဏအကြာ၌မန်နေဂျာတစ်ဦးက၀န်ထမ်းများအားလုံး အဆောင်အဦးမှထွက်ခွာရန်အ မိန့်ပေးသံထွက်ပေါ်လာပါတော့သည်။ ထိုအခါ Judith Toppin သည် ထိုင်ခုံ၌စိတ်ပျက်လက်ပျက်ထိုင်၍အ သက်ကိုပုံမှန်အားစိုက်ရူနေခဲ့သည်။ နှလုံးဖောက်၊ အဆုတ်မကောင်း၊ ခြေထောက်ယောင်ကိုင်းနေသော ကြောင့် ခရုနှုန်းဖြင့်သာရွေ့နိုင်သည်။ ဤအခြေအနေမျိုး၌သန်မာရမည်ကိုလည်းအသိကပ်၍ လမ်းပေါ် ရောက်သည်အထိခရုနှုန်းဖြင့်ဒရွတ်တိုက်ရုန်းထွက်လာခဲ့သည်။ ထိုမျှခက်ခဲရှုပ်ထွေးနေချိန်၌ သူတွေးမိသောသူကား ဘုရားကိုတခြင်းသာဖြစ်သည်။ အကယ်၍ ဤကဲ့သို့သောအဖြစ်သနစ်မျိုး၌သူ့အားသေစေခြင်းသည် ဘုရားအလိုတော်ဖြစ်ပါလျှင် အလိုတော်ပြည့်ပါစေ။ သို့သောမနာကြင်စေပါနှင့်ဟုဆုတောင်းခဲ့သည်။ သူ၏ လုပ်ဖော်ဆောင်ဖက်များလည်း မည်သို့ပြုလုပ်ရမည်ကိုမသိ။ ထိုအချိန်၌ လူတစ်ယောက် Judith Toppin ၏လုပ်ဖော် ဆောင်ဖက်များအား သူ့ကိုချန်ထား၍အမြန်ထွက်သွားကြရန်၊ သူနှင့်အတူကျွန်ုပ်ရှိနေမည်ဟုပြောဆိုလာမှသာ စိတ်သက်သာယာစွာထွက်သွားခဲ့ကြသည်။ ထို ‘ကျွန်ုပ်ရှိနေသည်’ ဟုပြောဆိုခဲ့သူမှာအ ခြားမဟုတ်။ ရာသက်ပန်ဦးပဉ္ဇင်းအမှုတော်ကိုထမ်းဆောင်မည့် Paul Carris ပင်ဖြစ်ပါသည်။ သူသည် ထိုစဉ်က အသက် (၄၆) နှစ်ရှိပြီဖြစ်သော အင်ဂျင်နီယာတစ်ဦးဖြစ်သည်။ ၄င်းတို့သည်ယခင်ကတစ်ချိန်တစ်ခါမျှ မဆုံဖူး။ မသိဖူးခဲ့ပေ။

“He assured me that he would never let me fall” သူ့အားတစ်ယောက်တည်းချန်မထားဟုအာမခံခဲ့သည်။

Paul Carris သည် Judith Toppin အား လုံခြုံသောအောက်ထပ်သို့ရောက်သည့်တိုင်ခေါ်ဆောင် သွားခဲ့သည်။ မီးခိုးလုံးများလိမ့်ပိတ်တက်လာသော လှေခါးမှဖြေးဖြေးချင်းထိန်းဆင်းလာခဲ့သည်။ Judith Toppin ၏အသက်ရူစက်ရုတ်တရက်ရပ်တန့်သွားသည်ကိုသိလိုက်ရသောအခါ ပေါလ်သည်တွဲလိုက်ရာဂျူးဒစ်က ပေါလ်၏လက်ထပ်လက်စွပ်အားအမှတ်မထင်စမ်းမိသွားသည်။ ထိုစဉ်ဂျူးဒစ်၏အတွေးထဲ၌ ဤသူသည် အိမ်ထောင်သည်ဖြစ်နေပါသော်လည်း သူအသက်ကိုမငဲ့၊ မိသားစုကိုမငဲ့ဘဲ သူ့အသက်ကိုရင်း၍သူ့အား ကယ်နေသည်ကိုတွေးမိလိုက်သည်။ သို့နှင့်ဂျူးဒစ်ကပေါလ်အား သူ့ကိုချန်ထားခဲ့၍မိမိ၏အသက်ကိုသာကယ်ရန် အဘယ်ကြောင့်ဆိုသော်သူ၏မိသားစုအားငဲ့ရမည်ဖြစ်ကြောင်း၊ ဂျူးဒစ်အနေဖြင့်ဖြေးဖြေးချင်းကြိုးစား၍လွတ်အောင်ဆင်းခဲ့မည်ဖြစ်ကြောင်းပြောခဲ့သည်။ သို့သော် ပေါလ်ကားနားမထောင်။ သူခြေတစ်ဖက်ကိုလှေကားထစ်တစ်ခုပေါ်တင်ပေးလိုက် အခြားတစ်ဖက်ကိုနောက်လှေကားထစ်တစ်ခုပေါ်သို့တင်ပေးလိုက်နှင့်စိတ်ရှည်စွာဖြေးဖြေးချင်းဆင်းလာခဲ့ကြသည်။ ပေါလ်၏လုပ်ဆောင်နေမှုသည် ဂျူးဒစ်အားမည်သို့ပင်ဖြစ်စေ ချန်ထားခဲ့မည့်ဟန်မပေါ်ပေ။ မရအရကယ်မည်ဟုစိတ်ပိုင်းထားသည်။

ပေါလ်အနေဖြင့် အမွှာမျှော်စင်ကြီးတိုက်ခိုက်ခံရသည့်အဖြစ်သနစ်ကိုကောင်းစွာမှတ်မိနေပါသည်။ ကျွန်ုပ်တို့သည် မီးခိုးမွန်မည်စိုး၍အောက်သို့ပြေးဆင်းနေကြစဉ် မီးသတ်တပ်သားများကားမီးအကြီအကျယ် လောင်နေသောအပေါ်ထပ်ဆီသိုဦးတည်ပြေးတက်သွားကြသည်။ အဆောက်အဦးမှပြေးထွက်ပြီး လှည့်ပြန် ကြည့်လိုက်ရာ ပြာမှုန့်များနေရာတကာပြန့်ကြဲနေကြသည်။ ထိုအဖြစ်အပျက်များသည် ရုတ်ချင်းဖြစ်သွားခဲ့သည်။ အဆောက်အဦး၏အပြင်ဖက်သိုရောက်သွားသည်နှင့်အတုံအရုန်းလဲကြသေဆုံးနေသော အလောင်း များကိုစတင်တွေ့ရပါတော့သည်။ သူတို့သည်အခင်းဖြစ်သည်နှင့်ကြောက်လန့်၍ ခြေမကိုင်မိ၊ လက်မကိုင်မိ ဘဲ မြင်ရာထင်ရာအပေါက်များမှတိုး‌ေ၀ှးခုန်ချခဲ့ကြသူများဖြစ်ကြသည်။ ပေါလ်နှင့်ဂျူးဒစ်တို့သည် ၄င်းတို့တာ၀န်ထမ်းဆောင်နေသော မြောက်ပိုင်းမျှော်စင်မှနောက်ဆုံးထွက်ခွာကြသူများဖြစ်သည်။

သူရဲကောင်းအဖြစ်ချီးမွမ်းခံရ

အခင်းဖြစ်ပွားပြီး အနည်းငယ်ငြိမ်ကျသွားသောအခါ ပေါလ်အားသူရဲကောင်းအဖြစ်ချီးမွမ်းကြသည်။ သို့သော်သူ့အနေဖြင့်လက်မခံခဲ့။ ဤသို့ပြောဆိုခြင်းသည်ခွဲခြားသကဲ့သို့ခံစားခဲ့ရသည်။ ဂျူးဒစ်၏လူမှုကွန် ရက်၌ပေါလ်၏ပေးဆပ်မှုနှင့်စပ်လျင်း၍ ရေးသားအမွှမ်းတင်ထားမှုကိုသူ့အနေဖြင့်မသက်မသာဖြစ်ခဲ့ရသည်။ မှန်ပါသည်။ ပေါလ်သည် အမှန်တကယ်ကြိုးစားကျင့်ကြံရှင်သန်သော ကက်သလစ်ဘာသာတူကောင်းတစ်ဦးဖြစ်သည်။

သူသည် နူးဂျာဆီပြည်နယ် Hasbrouck Heights မှ ‘Corpus Christi’ (ကိုယ်တော်မြတ်) သာသနာအုပ်စုမှဖြစ်ပြီး သာသနာအရေးများ၌လည်းလွန်စွာတက်ကြွသူဖြစ်သည်။

စက်တင်ဘာ (၁၁) ၏အခင်းသည် သူ၏ ရုပ်ပိုင်း၊ ဦးနှောက်ပိုင်းအားဒဏ်ရာရသွားစေခဲ့သည်။ အ ဘယ်ကြောင့်ဆိုသော် လေယာဉ်ဆင်းသံများကြားရသည့်အခါမျိုး၌ သူ၏ ခန္ဓာကိုယ်သည်အလိုလိုတုန် လှုပ်လာသည်။ အဘယ်ကြောင့်ဤသို့ဖြစ်ရသည်ကိုလည်းသူနားမလည်ပေ။ ဤအခင်းဖြစ်ပြီးနောက်ပိုင်းသူသည် သူ၏ဒေါသစိတ်ကိုမထိန်းနိုင်သည်ကိုသတိထားလာမိသည်။ ထို့ကြောင့်သူ၏ဇနီးနှင့်သမီးတို့ကကုစားရန်စတင်ခဲ့သည်။ ထိုသို့ကုသရာ၌ တရားတော်ဖြင့်လည်းကုသမှုကိုခံယူရာ တစ်ညနေ၌ ‘Corpus Christi’ ဘုရားကျောင်း၌ရှိနေစဉ်မျက်ရည်များအလိုလိုစီးကျလာခဲ့သည်။ အိုဘုရားသခင် ကျွန်ုပ်၌မည်သို့ဖြစ်နေသနည်းဟုမေးရမလိုပင်ဖြစ်ခဲ့သည်။

ပြူတင်းအသစ်တစ်ပေါက်

ထိုအချိန်မှစပြီး ပေါလ်သည် ကျောင်းထိုင်ဘုန်းတော်ကြီး၏အကြံပေးချက်အရ ဖရန်စစ္စကင်ဘုန်တော်ကြီးနှင့်ပုံမှန်တွေ့ဆုံစေပြီး စိတ်ပိုင်းဆိုင်ရာကုထုံးနှင့်လည်းကုသမှုကို (၉) လတိုင်ခံယူခဲ့သည်။ ဤကုထုံးသည်လွယ်ကူလှသည်တော့မဟုတ်ပေ။ ဘ၀တစ်လျှောက်လုံး၏အဖြစ်အပျက်များအားလုံးကိုပြန်လည်ဖော်ထုတ်သည်။ ဘ၀၌လက်မခံလို၊ တင်းရင်းခံလိုသောအရာများကိုဆွဲထုတ်လာပေးသည်။ သူ့ဘ၀တစ် လျှောက်လုံး၌ကက်သလစ်ဘာသာတူကောင်းတစ်ဦးအဖြစ်ကျင့်ကြံနေထိုင်ခဲ့သော်လည်း ဤကုထုံးကိုခံယူနေစဉ်လောက်ဘုရားနှင့်ထိတွေ့နီးစပ်မှုကိုမခံစားခဲ့ရကြောင်းရင်ဖွင့်ပြောပြလာသည်။

ပေါလ်သည် ရာသက်ပန်ဦးပဉ္ဇင်းအမှုတော်ကိုထမ်းဆောင်ရန် သာသနာကပြဌာန်းသတ် မှတ်ထားသော သတ်မှတ်ချက်များအားလုံးကိုဖြည့်ဆည်း၍ (၂၀၁၁) ၌ဦးပဉ္ဇင်းအမှုတော်ကိုစတင်ခံယူထမ်းခဲ့သူဖြစ်ပြီး
Newark ဂိုဏ်းချုပ်သာသနာ၌ အမှုထမ်းမည်ဖြစ်သည်။

စိတ်ဒဏ်ရာများခံစားနေရ၍ အကူအညီတောင်းခံလာကြသူများအားသူသည် အမြဲသွားရောက်၍ကူညီပေးလေ့ရှိသည်။ သူ့အနေဖြင့် ၀ိညာဉ်ရေးအကူအညီများနှင့်သူခံယူခဲ့သော ကုထုံးကိုခံယူရန်အကြံဉာဏ်ပေးလေ့ရှိသည်။ ပေါလ်ကယ်ပေးခဲ့သော ဂျူးဒစ် ဆိုသူသည် (၂၀၂၀) ၌ကွယ်လွန်သွားခဲ့သည်။ သူတို့နှစ်ဦးသည် ဂျူးဒစ်ကွယ်လွန်ချိန်အထိအဆက်အသွယ်ရှိနေခဲ့သည်။ တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်လူချင်းဆုံလေ့ရှိခဲ့သည်။

ဂျူးဒစ်က ပေါလ်အား ‘သူ၏ကိုယ်စောင့်သိကြား’ ဟုတင်စားခေါ်လေ့ရှိသည်။ ပေါလ်ရာသက်ပန်အမှုတော်ထမ်းရန်သိက္ခာခံစဉ်ကလည်း သူကိုယ်တိုင်လာရောက်ခဲ့သည်ဟုဆိုသည်။

ပြန်လည်အစေခံခြင်း

ဂျူးဒစ်၏သေမင်းခံတွင်းမှအဘယ်သိုခက်ခဲကြမ်းတမ်းကြောက်ရွံ့စွာလွတ်မြောက်ခဲ့ရသည့်ရေးသား ချက်များနှင့်ဦးပဉ္ဇင်း ပေါလ်ကိုယ်တိုင်၏ကိုယ်တွေ့အဖြစ်အပျက်များအရ သူသည် စက်တင်ဘာ (၁၁) အခင်း ၏သူရဲကောင်းဟုတင်စားခြင်းမှာ သင့်လျှော်လှပေသည်။

ယေဇူးသခင်သည် ပေါလ်အား ဂျူးဒစ်၏ အသက်ကိုကယ်ရန်အတွက် မြောက်ပိုင်းမျှော်စင်၌တာ၀န်ထမ်းဆောင်စေခဲ့သကဲ့သို့ ဂျူးဒစ်အားလည်းယေဇူးသခင်ကပေါလ်ကိုဧ၀ံဂေလိအမှုတော်ဆောင်ရန်အခြေအနေဖန်တီးခွင့်ကိုပေးခဲ့သည်။ ဦးပဉ္ဇင်းအမှုတော်ကိုခံယူရ ခြင်းသည် အကြီးမားဆုံးသောအစေခံခြင်းဖြစ်သည်။ ‘Deacon’ (ဦးပဉ္ဇင်း) အနက်ကား ‘အစေခံခြင်း’ ဟုဆို သည့်အတိုင်း သူ၏ဘ၀သည်အစေခံရန်ဖြစ်ကြောင်း သူကိုယ်တိုင်ရင်ဖွင့်ဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/UYJh

Add new comment

7 + 1 =