ဂျာမဏီနိုင်ငံမှနာမည်ကြီးအဆိုတော် (၆၀၀) ကျော်ခရစ္စမတ်ကယ်ရိုဆို၍လိုအပ်နေသောကလေးများအားကူညီရန်ရံပုံငွေရှာဖွေပေးခဲ့

ဂျာမဏီနိုင်ငံမှနာမည်ကြီးအဆိုတော် (၆၀၀) ကျော်ခရစ္စမတ်ကယ်ရိုဆို၍လိုအပ်နေသောကလေးများအားကူညီရန်ရံပုံငွေရှာဖွေပေးခဲ့

ဂျာမဏီနိုင်ငံ၌ နာမည်ကြီးအဆိုတော် (၆၅၀) ဦး ‘ Sternsinger’ ဟုအမည်ပေးပြီး လမ်းမကြီးပေါ်၌ ကယ်ရိုသီဆိုကာ ကမ္ဘာတစ်၀ှမ်းရှိချို့တဲ့ကလေးများ၊ အခွင့်အရေးဆုံးရှုံးနေသောကလေးများအတွက်ရည် ရွယ်၍ရံပုံရှာဖွေပွဲကိုကျင်းပခဲ့သည်။

ယခုအစီအစဉ်ကို ဂျာမဏီကက်သလစ်လူငယ်အဖွဲ့နှင့် ‘ Die Sternsinger’ အဖွဲ့တို့ကစီစဉ်ခဲ့ခြင်းဖြစ်သည်။

ကလေးများသည် သူငယ်ယေဇူးထံသို့လာရောက်ဖူးတွေ့၍ဂါရပြုခဲ့ကြသော မင်းပညာရှိ (၃) ပါးကဲ့သို့၀တ်ဆင်စေပြီး စုရပ်ဖြစ်သော Kempten St. Lorenz ဘာစီးလီကာဘုရားကျောင်းကြီးမှစီတန်း၍မြို့တစ်လျှောက်ဖျော်ဖြေခဲ့ကြသည်။ ဤအစီအစဉ်ကို ဒီဇင်ဘာ (၂၉) ရက်နေ့ကပြု လုပ်ခဲ့သည်။

Augsburg သာသနာပိုင်ဆရာတော် Dr. Bertram Meier မှ (၆၆) ကြိမ်မြောက် နိုင်ငံတစ်၀ှမ်းအတိုင်းအတာဖြင့် နာမည်ကြီးအဆိုတော် (၆၅၀) ဦးပါ၀င်သောရံပုံငွေပွဲမစ္ဆားတရားကိုပူဇော်ခဲ့သည်။

(၁၉၉၃) နှင့် (၂၀၀၄) အပြီး၌ Augsburg သာသနာသည် ဤရံပုံငွေပွဲရှာဖွေသည့်အစီအစဉ်ကို တတိယအကြိမ်ပြန်လည်ကျင်းပခြင်းဖြစ် သည်။ ဂျာမဏီနိုင်ငံ၌ဤအစီအစဉ်ကို နှစ်စဉ်လက်ခံကျင်းပသည့်သာသနာများ၌ ပြုလုပ်လေ့ရှိသည်။

ကက်သလစ်လူမှုကူညီရေးအဖွဲ့အစည်းဖြစ်သော ‘ကလေးသူငယ်များသာသနာပြုအဖွဲ့’ ကို (၁၉၅၉) တွင်စတင်ခဲ့သည်။ စတင်ရခြင်းမှာ ကမ္ဘာတစ်၀ှမ်းရှိချို့တဲ့ကလေးများအားကူညီရန်ဖြစ်သည်။ ထိုစတင်သည့်နှစ်မှစ၍ ယနေ့ထိတိုင် ယူရို (၁.၃၁) ဘီလျံရှာဖွေပေးနိုင်ခဲ့ပြီး အာဖရိက၊ လက်တင်းအမေရိကား၊ အာရှ၊ ကမ်းရိုးတန်းနိုင်ငံနှင့်အရှေ့ဥရောပနိုင်ငံများအားကူညီပေးနိုင်ခဲ့သည်။

ဤရံပုံငွေကား ကလေးများမှကလေးများအတွက်ရှာဖွေပေးသည့်လှုပ်ရှားမှုဖြစ်သည်။ ကူညီရာ၌ ကလေးများလိုအပ်သောကဏ္ဍများဖြစ်သည် ပညာ ရေး၊ ကျန်းမာရေး၊ အာဟာရကျွေးမွေးရေး၊ ကလေးသူငယ်များကာကွယ်ရေး၊ အရေးပေါ်အကူအညီပေးရေး၊ တမန်တော်လုပ်ငန်းများနှင့်လူမှုရေးလုပ်ငန်းများတို့၌ကူညီပေးလျှက်ရှိသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/38xHC

Add new comment

18 + 0 =