ဂိုဏ်းချုပ်ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်း သတင်း။

မွန်ဆီညော် မာကုတင်ဝင်း၏ မန္တလေးကက်သလစ် ခရစ်ယာန်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်း သတင်း

မွန်ဆီညော် မာကုတင်ဝင်း၏ မန္တလေးကက်သလစ် ခရစ်ယာန်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်း ဖွင့်ပွဲကို ၂၀၁၉ ခုနှစ် ဂျွန်လ (၂၂) ရက်နေ့ ညနေ (၅း၀၀)နာရီ က ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန် သံအမတ်ကြီး ပေါလ်ချန်အင်နန်၊ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချာလ်စ်းဘို ၊မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်

ဒေါက်တာ ဦးဇော်မြင့်မောင်နှင့်အဖွဲ့ဝင်များ၊မြန်မာပြည်သာသနာ(၁၆) ခုမှ ဆရာတော်ကြီးများ ၊ ဘုန်းတော်ကြီးများ အပါး (၃၀၀) ကျော် ၊

သီလရှင်များ ၊ ကိုရင်များ ၊ မိဘဆွေမျိုးများနှင့် ၊ ဘာသာအသီးမှ ဓမ္မမိတ်ဆွေများ ကက်သီဒြယ်ကျောင်းဝင်း ကွင်းပြည့်ကွင်းလျံ ပါဝင် တက်ရောက်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားအား ဆရာတော်ကြီး နီကောလာစ်းမန်ထန်း၊ကာဒီနယ်ချားလ်စ်ဘို နှင့် ၀န်ကြီးချုပ်မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပါသည်။

ဆရာတော်ကြီးနီကောလာစ်းမန်ထန်း၊ကာဒီနယ်ချားစ်လ်ဘိုတို့မှကြိုဆိုနှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပါတယ်။

မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်မှလည်းမုဒိတာစကားကို ပြောကြားရာ၌“ ယေရှုဘုရားရှင်ရဲ့ မေတ္တာတော်အားလုံးဟာကြွရောက်လာသူဧည့်သည်အားလုံးအပေါ်သက်ရောက်စေရန်ပထမဦးစွာ ဆုမွန်ကောင်းတောင်းပေးခဲ့ပါသည်။ကမ္ဘာကြီးဟာရုပ်ပိုင်းဆိုင်ရာအရတိုးတတ်နေပါတယ်။ကျွန်တော်တို့စိတ်ကူးညဏ်ရှိရင်ရှိသလောက်တီထွင်မှုတွေရှိနေပါတယ်။သိပ္ပံပညာအများကြီးတိုးတတ်နေတယ်ဆိုတာကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ယခုလိုပြောကြားခဲ့ပါ တယ်။ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုတည်းနဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင် တည်ဆောက်လို့ မရပါဘူး၊ ဖွံ့ဖြိုးအောင် လုပ်လို့မရပါဘူး။                                  စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလည်း အများကြီးလိုပါ တယ်။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဘာသာအသီးသီးက ဆရာတော်များက တာဝန်ယူပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက်                                                 တစ်နည်းပြောရရင် မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ ကျွန်တော်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင် ငြိမ်းချမ်းဖို့ဆိုတာ ဆရာတော်များရဲ့တာဝန် လုံးလုံးလျားလျား ဖြစ်နေတယ်လို့ ကျနော် ယုံကြည်ထားပါတယ်။                                                         ကျနော်တို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုဟာ ကျနော်တို့အတွက် ဘယ်လိုမှ ခံစားမှု ရကောင်းရလာနိုင်ပေမယ့် အသီးသီးဘက်က ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဘက်က ရင်တွင်းမှာ ငြိမ်းချမ်းမှုမေတ္တာထားနိုင်မှု ၊                                                 စာနာနိုင်မှု ၊ ကရုဏာထားနိုင်မှု တွေ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အားလုံးပေါ်မှာမူတည်ပါတယ်’’  ဟု ပြောကြားခဲ့ပါသည်။

အဲ့ဒီနောက် ဆရာတော်ကြီးများနှင့် ၀န်ကြီးချုပ်အား အလှူရှင်များက လက်ဆောင်ပနာများ လှူဒါန်း ခဲ့ကြပြီးနောက် မြန်မာရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့ပါတယ် ။

ဂျွန်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်း မစ္ဆားတရားကို ကာဒီနယ်ချားစ်ဘိုမှ ဦးဆောင်ခဲ့ပါသည်။

မစ္ဆားတရားအတွင်း ကာဒီနယ်မှ ယခုလို သြ၀ါဒ တရားရေအေးတိုက်ကျွေးရာ၌ ၊သင့်ကိုသင် ယုံကြည်တာထက် သခင်ယေဇူးကို သင့်ကို ပိုပြီး ယုံကြည်စိတ်ချပါတယ်။                                                                                            သင့်ကိုကိုယ် ချစ်တာထက် သခင်ယေဇူးကသင့်ကို ပိုချစ်ပါတယ်။သင့် ဘ၀ ခရီးစဉ်မှာ သခင်ဘုရားကို ရှာဖွေပါ ။ အရှင်သခင်က သင့်ကို စောင့်နေပါတယ်။သင့်ရဲ့ လမ်းညွှန်ပုဂ္ဂိုလ်ဟာ                                                                    သာမန်လူသားတစ် ယောက် မဟုတ်ပါဘူး။ သခင်ယေဇူးအရှင်မြတ်ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်ကြောင်း သြ၀ါဒ တရားရေအေး တိုက်ကျွေးခဲ့ ပါ သည်။

သြ၀ါဒတရားရေအေးတိုက်ကျွေးပြီးနောက် ဆရာတော် သိက္ခာတင်အစိအစဉ်ကိုစတင်ရာ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ မွန်ဆီညော်မာကုတင်ဝင်းအား

မန္တလေးကက်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ကြောင်း ပေးပို့လာသော စာချွန်တော်အား ဘာသာစကားသုံးမျိုးဖြင့် ဖတ်ကြားခဲ့ပါတယ်။

အဲ့ဒီနောက် ဆရာတော်သိက္ခာတင်ခြင်း အခမ်းအနားကို ဆက်လက်လုပ်ဆောင်ကာ ဆရာတော် တစ်ပါး၏ အဆောင်အယောင်များကို ပေးအပ်ခဲ့ပါသည်။

ဆရာတော်သစ် မာကုတင်ဝင်းသည် ဘာသာတူများအား လှည့်လည်ကောင်းချီးပေးခဲ့ပြီးနောက် မစ္ဆားတရားကို ဆက်လက်ပူဇော်ခဲ့ပါသည်။

အဲ့ဒီနောက် မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ် ပေါလ်ချန်အင်နန်မှ ပုပ်ရဟန်းမင်းကြီး ကိုယ်စား အနားယူသွားကြသော ဆရာတော်ကြီးများအား ကျေးဇူးတင်ကြောင်းနှင့် ယခုဆရာတော်အသစ်အား ကြိုဆို ဂုဏ်ပြုရင်း မန္တလေးသာသနာအတွက် ၀မ်းသာဂုဏ်ယူကြောင်းကို မြွတ်ကြားတော်မူခဲ့ပါတယ်။

သီတဂူဆရာတော်ကြီးမှ လည်း ၀မ်းမြောက်ကြောင်း ဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့ခဲ့ပါတယ်။

ဆရာတော်အသစ်မှ ကျေးဇူးတင်းကားပြောကြားရာ၌ “ ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ လုပ်အားဖြင့် သော်လည်း ကောင်း၊ ငွေကြေးဖြင့်သော်လည်းကောင်း ၊ ကူညီဆောင် ရွက်ကြသူများ အားလုံးအား ကျေးဇူး အထူး တင်ကြောင်းပြောကြားခဲ့ပါသည်။

ဆရာတော်မာကုတင်ဝင်းသည်အမိသာသနာတော်၏သာသနာပိုင်အရှင်သူမြတ်နှင့် သာသနာတော်၏ သွန်သင်ရာများနှင့်အုပ်ချုပ်လမ်းညွှန်စီမံရာများကိုတသွေမတိမ်းနားထောင်လိုက်နာမည့်အကြောင်း ၊ မန္တလေးကက်သလစ် သာသနာမှ ဘုန်းတော်ကြီးများ၊ကိုရင်များ  ၊သီလရှင်များနှင့် ဘုရာသားသမီး ဘာသာဝင်ကြီးငယ်အပေါင်းတို့ အားလည်း ဆရာတော်က သာသနာပိုင်တစ်ပါးအနေနဲ့ ဘာသာ ယုံကြည်ရာများနှင့် ကိုယ်ကျင့်တရားများကို သင်ကြားတဲ့အခါ ၊ ဘုရားရှင်၏ လူမျိုးတော်ကြီး သန့်ရှင်းစင်ကြယ်ဖို့  ၊ ပညာသမာဓိနှင့် သင်ကြားတဲ့အခါ ၊ စီမံခန့်ခွဲ ထိန်းသိမ်း အုပ်ချုပ်တဲ့အခါ၌ မန္တလေးကက်သလစ် သာသနာရှိ အားလုံးသော ဘာသာဝင်များက ဆရာတော်၏ စကားကို နားထောင်ကြဖို့ရန်အတွက် ” ဆရာတော်အသစ်က  တောင်းဆိုခဲ့ပါသည်။  

အဲ့ဒီနောက် မစ္ဆားတရားပြီးဆုံးခဲ့ပြီး ဆရာတော်သစ်၏ ကောင်းချီးဖြင့် အဆုံးသတ်ခဲ့ပါသည်။

မစ္ဆားတရားပြီးသည့်နောက်ဆရာတော်သစ်အားဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားကိုဆက်လက် လုပ်ဆောင်ခဲ့ကြပါသည်။မန္တလေးသာသနာအတွင်းရှိ ဇုံအလိုက် လက်ဆောင်ပဏ္ဍများဖြင့် နှုတ်ဆက်ကြခြင်း၊                                   ကချင်မိသားစုမှလည်း ကချင်ရိုးရာ များဖြင့် နှုတ်ဆက်ကြခြင်း ၊အခြားသော သာသနာမှ အဖွဲ့အစည်းအချို့မှလည်း လက်ဆောင်ပဏ္ဍများ ဆက်သခဲ့ကြပါသည်။

 

ယခုလို မန္တလေးကက်သလစ် သာသနာဘုန်းတော်ကြီးများထဲမှ ဆရာတော်တစ်ပါးရရှိရန်အတွက် ဟားခါးသာသနာမှ ဆရာတော်ကြီး နီကောလာစ်းမန်ထန်း မန်ထန်း မန္တလေးသာသနာသို့ ဆရာတော် အဖြစ်စတင်ရောက်ရှိ တာဝန်ယူစဉ်ကတည်းကစ၍  ဆရာတော်အနားမယူခင် မန္တလေးသာသနာထဲမှ ဆရာတော်တစ်ပါး ရရှိရန်အတွက် အစွမ်းကုန် ကြိုးစားသွားမည်ဟု ကြွေးကြော်ခဲ့သည့်အတိုင်း ယခု ဆရာတော်ကြီး သက်တော် (၇၆) နှစ်ပြည့် အနားယူချိန်၌ မန္တလေးသာသနာဘုန်းတော်ကြီးထဲမှ ဆရာတော်တစ်ပါး ရရှိခဲ့ခြင်းဖြစ်ပါတယ်။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွက် ယခုလို ပွဲကျင်းပသည်မှာလည်း  နှစ်ပေါင်း(၃၀)ခန့် ကြာပြီးမှ ပြန်လည်ကျင်းပသည့်ပွဲဖြစ်ပါတယ်။ မန္တလေးကက်သလစ် သာသနာမှ ဆရာတော်ကြီး  အေ ဦးသန်းအောင် အနားယူပြီးနောက် (၁၇) နှစ်ကြာပြီးမှ ယခု မန္တလေးကက်သလစ်သာသနာ ဘုန်းတော်ကြီးများထဲမှ ဆရာတော်တစ်ပါးပြန်လည် ပေါ်ထွက်လာ ခြင်းဖြစ်ပါတယ်။ ဆရာတော်ကြီး မာကုတင်ဝင်းသည်မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွက်(၇)ပါးမြောက်ဂိုဏ်းချုပ် ဆရာတော်ကြီး လည်းဖြစ်ပါတယ်။ဆရာတော်ကြီးသည် စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မုံလှစံပြကျေးရွာဇာတိဖြစ်ပါသည်။ ခမည်းတော် ပေါလု ဦးစိန်မောင်နှင့် မယ်တော် ဖရန်စ္စကားဒေါ်သန်းတင်တို့မှ ၁၉၆၀ ခုနှစ် ၊ ဧပြီလ (၂၂) ရက်နေ့တွင် မွေးဖွားသန့်စင်ခဲ့ပြီး ညီအစ်ကိုမောင်နှမ ငါးယောက်တွင် ဒုတိယ သားရတနာဖြစ်ပါသည်။

Pinky ( RVA Myanmar)

 

 

Add new comment

1 + 9 =