ခရစ်ယာန် အသင်းတော်ပေါင်းစုံ ဆုတောင်းခြင်းညီလာခံ

အဌမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းတော်ပေါင်းစုံ ဆုတောင်းခြငး်ညီလာခံ ကို

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ရွှေနှလုံးတော် ကက်သီဒြယ် ဘုရားကျောင်းဝင်းအတွင်းတွင်

နို၀င်ဘာလ (၂၁-၂၂) ရက်နေ့ထိ ကျင်းပပြုလုပ်လျှက်ရှိနေပါသည်။
ခက်ခဲမှု အမျိုးမျိုး တွေ့ကြုံ ရင်ဆိုင်နေရသော မြန်မာနိုင်ငံကြီးတွင် ကလေးငယ်များအတွက် အဓိက

ဦးစားပေးဆုတောင်းပေးရန် ပြင်ဆင်ထားသည်ဟု သိရှိရပါသည်။ “အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့်

အနာဂတ် သားကောင်း ရတနာများဖြစ်သည့် ဘုရားသခင်၏ သားသမီးငယ်များအတွက် မြန်မာနိုင်ငံ

ဆုတောင်းရေးရာ ကော်မတီ အနေဖြင့် ဆုတောင်းပေး ခြင်း အားဖြင့် ဘုရားသခင်၏ ကာကွယ်စောင့်မခြင်း၊

လမး်ပြပို့ဆောင်ခြငး်၊ပြုစုပျိုးထောင်ပေးခြင်း၊ကောင်းကြီးမင်္ဂလာ အဖြာဖြာ ခံစားကြဖို့ရန် ဆုတောင်း မေတ္တာပို့သပေးရန်

စုရုံးရောက်ရှိနေကြခြင်းဖြစ်တယ် ”ဟု မြန်မာနိုင်ငံ အသင်းတော်ပေါင်းစုံ ဆုတောင်းရေးရာ ကော်မတီမှ

သိက္ခာတော်ရ ဆရာဦးတိုးတိုးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
 News - Pinky

Add new comment

7 + 10 =