ခရစ်ယာန်များစည်းလုံးခြင်းအတွက်ဆုတောင်းသောအဖိတ်ညသည် ရင်းနှီးခြင်း၊ စည်းလုံးခြင်းနှင့်ငြိမ်းချမ်းရေး၏နိမိတ်တစ်ခု

ခရစ်ယာန်များစည်းလုံးခြင်းအတွက်ဆုတောင်းသောအဖိတ်ညသည် ရင်းနှီးခြင်း၊ စည်းလုံးခြင်းနှင့်ငြိမ်းချမ်းရေး၏နိမိတ်တစ်ခု
 

ဇန္န၀ါရီလ (၁၅) ရက်နေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုပူဇော်ခြင်း၌ ရဟန်းမင်းကြီးကကြေညာချက်တစ်ခုကိုအသိပေးခဲ့သည်။ ထိုကြေညာချက်ကား ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းရှိရန်အတွက်လာ မည့် စက်တင်ဘာလ (၃၀) ရက်နေ့မှစ၍ အမိသာသနာတော်ကြီးမှကျင်းပသော ဆီးနော့ဖြစ်မြောက်ရေးအတွက်ဆုတောင်းပူဇော်ရန်ဖြစ်သည်ဟုဆိုသည်။

ဤကြေညာချက်ကား လာမည့်စက်တင် ဘာလ (၃၀) ရက်နေ့တွင်ကျင်းပမည့် ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းရှိရန်ဆုတောင်းခြင်းအစပြုမည့် အဖိတ်ညဆုတောင်းခြင်းအကြောင်းဖြစ်သည်။

အဆိုပါအစီအစဉ်ကို စိန့်ပီတာရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။ ဤအစီအစဉ်အ သည် (၁၆) ကြိမ်မြောက်ဆရာတော်ကြီးများအဖွဲ့ချုပ်မှကျင်းပသောဆီနော့အစည်းအ ဝေးကြီး အား ဘုရားသခင်ထံအပ်နှံပူဇော်ခြင်းဖြစ်သည်။

ယခုကဲ့သို့ကြေညာရခြင်းနှင့်စပ်လျင်း ၍ကာဒီနယ် Jean-Claude Hollerich က ဤလုပ်ဆောင်ချက်သည် ရဟန်းမင်းကြီး ဖရန်စစ်၏ ရဟန်းမင်းကြီးအမှုတော်၌ အခရာကျသောအကြောင်းအရာဖြစ်သည်။ ဆီးနော့ကိုကျင်းပရခြင်းသည် ဤရည်ရွယ်ချက်လည်းပါသည်ဟုဆိုသည်။

ဆီးနော့၏ဆိုလိုရင်းကား အတူတကွယှဉ်တွဲလျှောက်လှမ်းခြင်းဖြစ်သည်။

ထို့ကြောင့် ခရစ်ယာန်များစည်းလုံးညီညွတ်မှုရှိမှသာ ဆီးနော့၏ရည်မှန်းချက်ပြီးပြည့်စုံမည်။ ကက်သလစ်သာသနာတစ်ခုတည်းသာ ချွန်ထွက်ရှေ့ဆက်နေ၍မဖြစ်။ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကို မောင်နှမတို့ကိုလည်းထောက်ချင့်ရမည်။ အတူတကွလျှောက်လှမ်းရမည်ဖြစ်သည်။ ထိုခရစ်ယာန်စည်းလုံးခြင်းရရှိရန်အတွက်စတင်ဆုတောင်းမည့်အဖွင့်ညဆုတောင်းခြင်းအခမ်းအနားကိုရဟန်း မင်းကြီးဖရန်စစ်ကိုယ်တိုင် ကမ္ဘာတစ်၀ှမ်းလုံးမှလူငယ်များခြံရံလျှက် ဦးဆောင်ဆုတောင်းဖွင့်လှစ်မည်ဖြစ်သည်။

အခမ်းအနားကိုမူ 'Taizè' အဖွဲ့မှဦးဆောင်မည်ဖြစ် သည်။ 'Taizè' သည် ခရစ်ယာန်ပေါင်းစုံမှလူငယ်များဆုတောင်းတရားထိုင်ခြင်းအတွေ့အကြုံကိုရယူသောဗဟိုဖြစ်သည်။

'Taizè' သည် ခရစ်ယာန်လူငယ်များအား လုံး ကိုကြိုဆိုကမ်းလင့်သည်။ ခရစ်ယာန်မ ဟုတ်သောလူငယ်များအားလည်းကြိုဆိုပါသည်။ ဤအဖွဲ့၏ဆုတောင်း၀တ်ပြုခြင်းအစီအစဉ်၌ ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုကြားနာခြင်း၊ ချီးမွမ်းခြင်း၊ ကြား၀င်ဆုတောင်းပေးခြင်း၊ 'Taizè' သီချင်းများကိုသီဆိုခြင်း၊ တိတ်ဆိတ်စွာနေသည့်အတွေ့အကြုံကိုထိတွေ့ခံစားခြင်း စသည်တို့ပါ၀င်ပါသည်။

ဤအဖိတ်ညဆုတောင်းခြင်းသည် ခရစ်ယာန်များအချင်းချင်းရင်းနှီးချစ်ခင်မှုရှိရန်၊ စည်းလုံးရန်၊ ငြိမ်းချမ်းရေး၏ နိမိတ်ကောင်းဖြစ်မည်ဟုယုံကြည်ပါသည်ဟု 'Taizè' ၏လက်ရှိတာ၀န်ခံ 'BR. ALOIS' (ဘာရာသာရ်အာလွိုက်စ်) ကရှင်းပြပါသည်။

ဤအစီအစဉ်မစမှီ ဆီးနော့၌ပါ၀င်ကြမည့်ဆရာတော်ကြီးများသည် (၃) ရက်တာဥပုသ်စောင့်၍ဆီးနော့အတွက်ပြင်ဆင်ကြမည်ဖြစ်ကြောင်းသိရပါသည်။   Romereport
 

 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of google images/ Rome reports

https://bit.ly/3X6oXdy
 

Add new comment

10 + 1 =