ခရစ္စမတ်ကိုလက်တွေ့ကျကျကျင်းပနိုင်ရန်ရဟန်းမင်းကြီးဖရန်စစ်အောက်ပါအတိုင်းလမ်းညွှန်

ခရစ္စမတ်ကိုလက်တွေ့ကျကျကျင်းပနိုင်ရန်ရဟန်းမင်းကြီးဖရန်စစ်အောက်ပါအတိုင်းလမ်းညွှန်

ယမန်နေ့သည် ဗုဒ္ဓဟူးနေ့ဖြစ်ပါသည်။ ဗုဒ္ဓဟူးနေ့တိုင်း အီတလီစံတော်ချိန် နံနက် (၁၀) နာရီ၌ရဟန်းမင်းကြီးသည် ကမ္ဘာတစ်လွှားမှစိန့်ပီတာရင်ပြင်၌သူနှင့်အတူဆုတောင်းရန်၊ သူ၏ဩ၀ါဒကိုခံယူရန်စုရုံးရောက်ရှိနေသောဘုရားဖူးများနှင့်ပုံမှန်တွေ့ဆုံလေ့ရှိသည်။

ရဟန်းမင်းကြီးသည် ဤအစဉ်အလာကိုခရီးလွန်နေခြင်း၊ မကျန်းမမာဖြစ်ခြင်းမှလွဲ၍အစီအစဉ်ကိုရုတ်သိမ်းလေ့မရှိ။ တော်ရုံမကျန်းမမာဖြစ်နေရုံဖြင့်လည်း ရုတ်သိမ်းလေ့မရှိပေ။

ယမန်နေ့က ဘုရားဖူးများနှင့်တွေ့ဆုံစဉ် ရဟန်းမင်းကြီးဖရန်စစ်က မကြာမီကျရောက်တော့မည့်ခရစ္စမတ်ပွဲတော်အားအဘယ်သို့ကျင်းပရန် အောက်ပါကဲ့သို့လမ်းညွှန်ပေးခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကက်သလစ်သာသနာတော်ကြီးအနေဖြင့် ခရစ္စမတ်ပွဲတော် ကို၀ိညာဉ်ကောင်းချီးများကြွယ်၀စွာဖြင့်ကျင်းပနိုင်ရန် အာဒ်၀င်တူးကာလ ပထမပတ်တနဂ်င်္းနွေနေ့မှစတင်၍ ပြင်ဆင်လာခဲ့သည်။ ထိုပြင်ဆင်ခြင်းကိုအ​ေ၀းမှပြင်ဆင်ခြင်းဟုဆိုနိုင်သည်။ အဝေးမှပြင်ဆင်ခြင်းကာလသည် ဒီဇင်ဘာလ (၁၆) ရက်ကအဆုံးသတ်ခဲ့ပြီးဖြစ်သည်။

ဒီဇင် ဘာလ (၁၇) မှစ၍ အနီးကပ်ထပ်မံပြင်ဆင်လာခဲ့သည်မှာယနေ့နှင့်ဆိုလျှင် (၆) ရက်ပင်ရှိပြီဖြစ်သည်။ အနီးကပ်ပြင်ဆင်ခြင်းကို နိုဗေးနာဆုတောင်းမေတ္တာဖြင့် နေ့စဉ်ဆင်ခြင်းရန်အကြောင်းအရာများကိုထည့်သွင်းပေးထားသည်။

ခရစ္စမတ်ကိုလက်တွေ့ကျစွာကျင်းပနိုင်ရန် ရဟန်းမင်းကြီးဖရန်စစ်မှလမ်းညွှန်ထားသောအချက်များကားခက်ခဲလှသည်မဟုတ်။ ထို့အတူလက်လှမ်းမမှီသောအမှုမျိုးလည်းမဟုတ်။ မိမိ၏ပတ်၀န်းကျင်၌ ဖြစ်ပျက်နေသော၊ ရှိနေသောအခြေအနေနှင့်လူတန်းစားများဖြစ်ကြသည်။

၁။ အထီးကျန်နေသောသူတစ်ဦးဦးထံသို့အလည်သွားခြင်း (သို့) ဖုန်းခေါ်ဆို၍ အားပေးစကားပြောပါ။

၂။ သက်ကြီးရွယ်အိုများထံ (သို့) နေထိုင်မကောင်းဖြစ်နေသူများထံသွားရောက်အားပေးပါ။

၃။ လိုအပ်နေသူ၊ ချို့ငဲ့နေသူ၊ မပြည့်မစုံဖြစ်နေသူများအား တတ်နိုင်သည့်အကူ အညီများပေးပါ။

၄။ ခွင့်လွှတ်ပါ။ ခွင့်လွှတ်ခြင်းကိုတောင်းခံပါ။ ရှိခဲ့သောဆက်ဆံရေးမပြေပြစ်မှုများ၊ မိမိလိုအပ်ချိန်၌ကူညီပေးခဲ့သောယူထားသည့်ငွေကြေးများကိုပြန်ဆပ်ပါ။ အဘယ် ကြောင့်ဆိုသော်ယခုအချိန်ကာလသည် လူတိုင်းကြပ်တည်းနေသောကြောင့်စာနာသောအားဖြင့်ပြန်ပေးပါ။

၅။ ဆုတောင်းခြင်းကိုပြန်လည်အားစိုက်ထုတ်လုပ်ဆောင်ပါ။ ဘုရားသခင်၏သနားခွင့်လွှတ်ခြင်းကိုခံယူပါ ဟုဖြစ်ပါသည်။

ဤသို့လက်တွေ့လုပ်ဆောင်ခြင်းမှာ ဘာသာတူတစ်ဦးအနေဖြင့်ယေဇူးသခင်လောကသို့ကြွလာခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက်ဖြစ်သကဲ့သို့ မိမိသည် လည်းအခြားသူတစ်ဦးအတွက်ဖြစ် ကြောင်းကိုယုံကြည်ခြင်း၊ မျှော်လင့်ခြင်းဖြင့်ခရစ္စမတ်ပွဲကို ကျင်းပနေခြင်းဖြစ်သည်။ ထို့ကြောင့်လက်တွေ့လုပ်ဆောင်ကြပါ ဟုတိုက်တွန်းနိုးဆော်ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3WGkSNq
 

Add new comment

4 + 14 =