'ကျောင်းထိုင်များသီတင်းသုံးသောသာသနယ်များသည် လူအနည်းစုသာဆုံတွေ့သောကလပ်မဟုတ်' ဟုပုပ်ဖရန်စစ်မြွက်ကြား

'ကျောင်းထိုင်များသီတင်းသုံးသောသာသနယ်များသည် လူအနည်းစုသာဆုံတွေ့သောကလပ်မဟုတ်' ဟုပုပ်ဖရန်စစ်မြွက်ကြား

ကက်သလစ်ဘုန်းတော်ကြီးများသီတင်းသုံးသည့်သာသနာနယ်သည် လူနည်းစုများသာတွေ့ဆုံစု‌ဝေးရာနေရာမဟုတ်ပါ။ ဗွီဒီယိုဖိုင်လ်တစ်ခု၌ ဘုရားကျောင်းအပြင်ဖက်၌လွန်စွာသပ္ပါယ်လှသောဘုရားကျောင်းအဆောက်အဦးကိုပြသပြီး အတွင်းပိုင်း၌ဆက်လက်ရိုက်ပြထားသည်မှာ လူအနည်းငယ်သာရှိနေသောဘုရားကျောင်းတစ်ဆောင်ကိုတွေ့လိုက်ရသည်။ ထို့နောက် လူများဖြင့်ပြည့်လျှံနေသောအခြားကျောင်းတစ်ဆောင်ကိုလည်းရိုက်ယူပြသထား သည်။

ထိုကွာဟသောမြင်ကွင်းနှစ်ခုအပေါ်ရဟန်းမင်းကြီးဖရန်စစ်က သာသနာအုပ်စုသည် အလွှာအသီးသီးမှဘာသာတူများဖြင့်ကျစ်လစ်စွာဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်ရမည်။ အထက်တန်းလွှာများအတွက်သာမဖြစ်ရ။ လူတိုင်းအတွက်ယေဇူးသခင်တည်ထောင်ခဲ့သောစက္ကရာမင်တူး၏အကျိုးကိုခံယူနိုင်သောနေရာဖြစ်ရမည်။ တစ်ခါတစ်ရံ၌ ကျောင်းထိုင်သီတင်းသုံးသောဘုရားကျောင်း၀၌ 'လွတ်လပ်စွာ၀င်ထွက်သွားနိုင်သည်' ဟုအသိပေးစာပင်ကပ်ထားချင်မိပါသည်ဟု မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဤသို့မိန့်ကြားခြင်းမှာ ကျွန်ုပ်တို့အားလုံးအား ဘုရားကျောင်းထဲသို့၀င်ရောက်ရန် အထူးခွင့်ပြုချက်မလိုကြောင်း အဘယ်ကြောင့်ဆိုသော် သာသနာအုပ်စုဗဟိုသည် လူအ၀င်အထွက်ကန့်သတ်သော 'ကလပ်' မဟုတ်ကြောင်း၊ သာသနာအုပ်စု၏ဗဟိုသည်လူတိုင်းနှင့်ဆိုင်ကြောင်းကိုခံစားစေလိုသည်။

ရဟန်းမင်းကြီးဤသို့မိန့်ကြားရခြင်းမှာ ကမ္ဘာတစ်၀ှမ်းမှကျောင်းထိုင်များသီတင်သုံးရာဘုရားကျောင်းများ၊ ကျောင်း၀င်းများအားဗွီဒီယိုမှတ်တမ်းများမှမြင်တွေ့သိရှိလာခဲ့ရသော အရှိတရားဖြစ်သည်။ ထို့ကြောင့် သာသနာအုပ်စု၏ဗဟိုသည် လူမှုရေးအလွှာအသီးသီးမှလူတန်းစားများအတူတကွတွေ့ဆုံရမည့်နေရာ၊ စကားပြောဆိုနိုင်သည့်နေရာ၊ အကူအညီလိုအပ်သူများကိုအကူအညီပေးကမ်းသည့်နေရာ၊ သက်ကြီးရွယ်အိုများ၊ နေထိုင်မကောင်းသူများထံသွားရောက်ကြည်ရှုလည်ပတ်အားပေးသောနေရာ၊ လူမှုရေး၊ ဘာသာရေးလှုပ်ရှားမှုများပြုလုပ်ရသည့်နေရာဖြစ်သည်။

သာသနာအုပ်စုမှဘာသာတူအစုအဖွဲ့၏နေထိုင်ပုံကိုပြန်လည်ဆင်ခြင်ပါ။ သာသနာအုပ်စုသည် ဘ၀အခြေအနေအမျိုးမျိုးနှင့်ကြုံတွေ့ခံစားဖြတ်သန်းနေရသူများအားလှိုက်လှဲနွေးထွေးစွာကြိုဆိုသောနေရာ၊ ၄င်းတို့၏ရင်တွင်းဖြစ်စကားများကိုစိတ်ရှည်စွာနားထောင်ပေးသည့်နေရာဖြစ်ရန်၊ အလုပ်ကျွေးပြုသော၊ ရက်ရောခြင်းကိုသင်ကြားပေးသောဌာနာဖြစ်စေရန်၊ အပယ်ခံများအား မိမိတို့အိမ်တံခါးများကိုအစဉ်ဖွင့်ထား၍ကြိုဆိုသောနေရာဖြစ်ရမည်။

ရဟန်းမင်းကြီးမှကက်သလစ်ဘာသာတူများအား မိမိတို့သာသနာအုပ်စု၏အစုအဖွဲ့နေထိုင်ပုံကိုပြန်လည်စဉ်းစားရင်း လူမှုအဖွဲ့အစည်းနှင့်သာသနာ၏အဖွဲ့အစည်းများကိုဗဟိုပြု၍ယုံကြည်ခြင်းကိုအခြေခံသောအဖွဲ့အစည်းများ၊ ညီအစ်ကိုရင်းစိတ်၊ အကူအညီလွန်စွာလိုအပ်နေသူများအားကြိုဆိုထွေးပိုက်ခြင်းတို့ကိုအခြေခံနိုင်ရန်ပြန်လည်ဆင်ခြင်ရမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် သာသနာအားလူသားများနှင့်နီးကပ်စွာရှိနိုင်အောင်ဖန်တီးရန် သူရဟန်းမင်းကြီးအမှုတော်စတင်ထမ်းဆောင်ပြီးများမကြာမီပုံနှိပ်ထုတ်‌ဝေခဲ့သော 'Evangelii Gaudium' စာချွန်တော်၌မီးမောင်းထိုးပြထားပြီးဖြစ်သည်။

သာသနာတော်ကြီးသည် သူ၏သားသမီးများအတွက်အိမ်တော်ဖြစ်ရမည်။ ထို့ကြောင့်အကျိုးမရှိသည့် ဖွဲ့စည်းပုံများရေးဆွဲ၍ဘာသာတူများနှင့်အလှမ်း‌ဝေးစေမည့်အစား၊ သို့မဟုတ် အနည်းငယ်သောမိမိတို့အဖွဲ့အစည်း၌သာယာစီးမျောနေခြင်းမဖြစ်စေရေးသတိပေးမိန့်ကြားခဲ့ပါသည်။ Vatican News

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
Photo courtesy of google images
https://bit.ly/3IstRxn
 

Add new comment

4 + 5 =