ကျိုက်လတ်တွင် ခရစ္စမားအားပေးခြင်း စက္ကရင်မင်တူးခံယူခြင်း၊ နှစ်၅၀ပြည့် မင်္ဂလာနှစ်ပါတ်လည်နေ့ အခမ်းအနားနှင့် မယ်တော်သခင်မ လှိုဏ်ဂူတော် အသစ် ကောင်းချီးပေးဖွင့်လှစ်ခြင်းများ ကျင်းပ

ကျိုက်လတ်တွင် ခရစ္စမားအားပေးခြင်း စက္ကရင်မင်တူးခံယူခြင်း၊ နှစ်၅၀ပြည့် မင်္ဂလာနှစ်ပါတ်လည်နေ့ အခမ်းအနားနှင့် မယ်တော်သခင်မ လှိုဏ်ဂူတော် အသစ် ကောင်းချီးပေးဖွင့်လှစ်ခြင်းများ ကျင်းပ

ကျိုက်လတ်တွင် ခရစ္စမားအားပေးခြင်း စက္ကရင်မင်တူးခံယူခြင်း၊ နှစ်၅၀ပြည့် မင်္ဂလာနှစ်ပါတ်လည်နေ့ အခမ်းအနားနှင့် မယ်တော်သခင်မ လှိုဏ်ဂူတော် အသစ် ကောင်းချီးပေးဖွင့်လှစ်ခြင်းများ ကျင်းပ

 

ထိုအခမ်းအနားများကို ကျိုက်လတ်မြို့ရှိ ယေဇူးရွှေနှလုံးတော် ဘုရားကျောင်း ပုသိမ်ကက်သလစ်သာသနာတွင် မေလ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။မစ္ဆားတရားတော်မြတ်အတွင်းပုသိမ်သာသနာ အုပ်ချုပ်ရေးတာဝန်ခံ Father Henry Eikhein မှ ကလေးငယ် ၆၈ ယောက်ကို ခရစ္စမားမင်္ဂလာ ပေးခဲ့ပါတယ် ၊

ဩဝါဒအတွင်း father က ," ဤကလေးငယ်တွေဟာ အသင်းတော်နှင့် ပုသိမ်သာသနာ အတွက် အနာဂါတ်တွေပါပဲ၊ ယခုအချိန်မှာ အသက် ၅၀နဲ့ ၆၀ကြားရှိတဲ့ ဘယ်သူမဆို ၂၀၅၀ အထိ အသက်ဆက်ရှင်နေပါဦးမယ် လို့ ပြောဝံ့ပါသလဲ?"ဟုမေးခွန်းထုတ်ခဲ့ပြီး၊ " ဘယ်သူမှ ရှင်သန်ဖို့ မသေချာတော့ပေမယ့် ယခု၁၀နှစ်အရွယ် ကလေးများကတော့ သေချာပေါက် ရှင်သန်နေမှာဖြစ်ပြီး လက်ရှိ၂၁-ရာစုရဲ့ အနာဂါတ်ကို တည်ဆောက်နေကြပါလိမ့်မယ်"ဟုမြွက်ကြား ခဲ့ပါတယ်။

မစ္ဆားတရား အပြီးမှာတော့ "ငြိမ်းချမ်းခြင်း​၏ဘုရင်မ" ဘွဲ့ခံ မယ်တော့်လှိုဏ်ဂူတော် အသစ်ကို သာသနာ့အုပ်ချုပ်ရေးတာဝန်ခံ မှ ကောင်းချီးပေးဖွင့်လှစ်ခဲ့ပါတယ်။ ဤမယ်တော့် လှိုဏ်ဂူတော်ကို သာသနာတွင်းရှိ ဇနီးမောင်နှံတစုံမှ လှူဒါန်းခြင်းဖြစ်ပြီး ၊ ကျောင်းထိုင်ဘုန်းတော်ကြီး ​၏မိတ်ဆွေ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တပါးမှ စီမံခန့်ခွဲ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ထို့နောက် အသက် ၇၆ နှစ်အရွယ် အပါးဂျော့ မန်း ခင်ခ နှင့် အသက်၇၅ နှစ်အရွယ် အမိုး

စဲလ်ဗီးယား မြတ်ခင် တို့ရဲ့ နှစ်၅၀ပြည့် မင်္ဂလာနှစ်ပါတ်လည် အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ပါတယ်။

အပါးဂျော့က " ဘဝမှာ မင်္ဂလာနှစ်ပါတ်လည် ၅၀ ထိတိုင် ရှင်သန်ခွင့်ပေးတဲ့ အဖဘုရားရှင်ကို ကျေးဇူးတင်ပါတယ် ၊ ပြီးတော့ ခုလို မိုးသည်းသည်းမှာပင် လာရောက်ပါဝင်ပေးကြတဲ့

ရဟန်းတော်များ၊ ကိုရင်,သီလရှင်များနှင့် ဘာသာသူ ညီအကိုမောင်နှမ အားလုံးကိုလည်း ကျေးဇူးတင်ပြီး ဒီညနေခင်းလေး အမှန်တကယ် ဖြစ်လာဖို့အတွက်ကူညီကြတဲ့ အလှုူရှင် များ ကို လည်း ကျေးဇူးတင်ကြောင်းထပ်လောင်း ပြောကြား ခဲ့ပါတယ် ။

ခရစ္စမားမင်္ဂလာ စက္ကရင်မင်တူး ခံယူရရှိခဲ့တဲ့ သမီးငယ် အေးသန္တာချို ကလည်း ခုလို စက္ကရင်မင်တူးခံယူခွင့် ရရှိလို့ အလွန်ပင် ပျော်ရွှင်ကြောင်း နှင့် ကျောင်းထိုင်ဘုန်းကြီးနှင့် အုပ်ချုပ်ရေးတာဝန်ခံ father တို့ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

အခမ်းနားအဆုံးတွင် ကျောင်းထိုင်ဘုန်းတော်ကြီး fr.Zuzel မှ မယ်တော့်ဂူ အလှူရှင်များ ကို ကျေးဇူးတင်ခဲ့ပြီး ၊ " ဒီလို မယ်တော့်လှိုဏ်ဂူ တည်ဆောက်ဖို့ ကျွန်ုပ် စိတ်ကူးရှိတာ ၂ နှစ်ကျော်ခဲ့ပါပြီ၊ကျွန်ုပ်ဒီကျောင်း ကို ရောက်ခါစက မယ်တော့်ဂူလေးဟာ ခြုံပုတ် သဖွယ်ဖြစ်နေပြီး ခြတောင်ပို့ငယ် ပုံစံ တွေ့မြင်ခဲ့ရပါတယ်။

ဒါ့ကြောင့် ကျွန်ုပ် စိတ်ကူးထဲမှာ သာသနာအုပ်စု ဗဟိုဌာနတခု အနေနှင့် ပို၍ထည်ဝါသည့် မယ်တော့်လှိူဏ်ဂူ တခု တောင့်တမိခဲ့တယ်။ ယခုတော့ မျက်စိရှေ့မှာ

မျက်ဝါးထင်ထင် တွေ့နေရပါပြီ ၊ရက်ရောစွာ လှူဒါန်းပေးခဲ့တဲ့ ဦးဖရန်စစ် ရွှေမောင်းနဲ့ မ Zebina ဆန်းဦး တို့ကို လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ် ။

ဤအခမ်းအနားသို့ ဘာသာဝင်၅၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး , တက်ရောက်လာသူ မနန့်ရွှေစင်ဦးရဲ့ ရင်တွင်းစကားကတော့" အဖဘုရားရှင်နှင့်တကွ ,ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဘာသာဝင်အားလုံးကို ကျေးဇူးတင်ပါတယ်"ဆိုတာပဲဖြစ်ပါတယ် ။

 

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3yEjwdu

Add new comment

2 + 2 =