ကော့တစ်ပ်ဩသိုဒေါ့ခရစ်ယာန်ခေါင်းဆောင် မေလ (၁၀) ရက်နေ့၌ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူဘုရားဖူးများ အားဩ၀ါဒမြွတ်ကြားမည်။

ကော့တစ်ပ်ဩသိုဒေါ့ခရစ်ယာန်ခေါင်းဆောင် မေလ (၁၀) ရက်နေ့၌ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူဘုရားဖူးများ အားဩ၀ါဒမြွတ်ကြားမည်။

ဆယ်စုနှစ်တစ်ခုအတွင်း ကော့တစ်ပ်ဩသိုဒေါ့ခရစ်ယာန်ဘာသာရေးခေါင်းဆောင်ဖြစ်သူ Patriarch Tawadros II သည် ရဟန်းမင်း ကြီးဖရန်စစ်နှင့်မေလ (၉ မှ ၁၄) အထိရောမမြို့၌တွေ့ဆုံမည်ဖြစ်သည်။ ထို့အတူ ဗုဒ္ဓဟူးနေ့တိုင်းရဟန်းမင်းကြီးဖရန်စစ်၏အစီအစဉ်အတိုင်း စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ကမ္ဘာတစ်
၀ှမ်းမှဘုရားဖူးများနှင့်တွေ့ဆုံ၍ ဘာသာရေးအကြောင်းအရာထောက်ရူချက်များ‌ေ၀မျှမည်ဖြစ်ရာ ယခုတစ်ကြိမ်၌ အဆိုပါ ကော့တစ်ပ်ဩသိုဒေါ့ဘာသာရေးခေါင်းဆောင်ကြီးလည်း ဘုရားဖူးများအားဩ၀ါဒမြွတ်ကြားမည်ဖြစ်ပါသည်။
ထိုအစီအစဉ်အပြီးနောက်တစ်နေ့၌ ဘာသာရေးခေါင်းဆောင်ကြီးနှစ်ပါးသည် ၄င်းတို့၏ကိုယ်စားလှယ်အဖွဲ့များနှင့်သီးသန့်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ဤသို့တွေ့ဆုံရာ၌ခရစ်ယာန်ညီအစ်ကိုအချင်း ချင်း အတူတကွစုပေါင်း၍ဆုတောင်းခြင်းအစီအစဉ်လည်းပါမည်ဖြစ်သည်။ ၄င်းတို့၏၀တ်ပြုဆုတောင်းခြင်းသည် ရိုမန်ကက်သလစ်၏၀တ်ပြုဆုတောင်းခြင်းနှင့်လွန်စွာနီးစပ်တူညီပါသည်။

ဤအခမ်းအနား၌ လွန်ခဲ့သော (၂၀၁၅) လစ်ဗျား၌ ISIS တို့၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသော ကော့တစ်ပ်ဓမ္မအာဇာနည်ကြီးများအားလည်းပြန်လည်အမှတ်ရကြမည်ဖြစ်သည်။ ထို့နောက် ခေါင်းဆောင်နှစ်ပါးတို့သည် ဗာတီကန်၀င်းအတွင်းရှိ 'ကယ်တင်ရှင်၏မိခင်' (Redemptoris Mater) ဘုရားကျောင်းဆောင်ငယ်၌ အတူတကွအချိန်ယူဆုတောင်းကြမည်ဖြစ်သည်။
ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းရရန်တိုးမြှင့်လုပ်ဆောင်သည့်ရုံးတော်၏တာ၀န်ခံ ဒိုမိနိကန်ဘုန်းတော်ကြီး Hyacinthe Destivelle ၏ပြောကြားချက်အရ လာမည့်မေလ (၁၄) ရက်နေ့၌ ကော့တစ်ပ်ခရစ်ယာန်တို့၏၀ိနည်းဖြင့် စိန့်ဂျွန်လေတာရင်ဘာစီးလီကာတွင် ပထမဆုံးအကြိမ်ကျင်းပမည်ဖြစ်သည်။ ဤဆုတောင်း၀တ်ပြုခြင်း၌ အီတလီနိုင်ငံရှိ ကော့တစ်ပ်ခရစ်ယာန်များစွာပါ၀င်ဆုတောင်းကြမည်ဟုမျှော်လင့်ထားသည်။

ဩသိုဒေါ့ခရစ်ယာန်ခေါင်းဆောင်သည် ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရသော ရဟန်းမင်းကြီးဖရန်စစ်ထံ ရွေးကောက်ခံရပြီးများမကြာမီတွင်ကြွရောက်လည်ပတ်ဂါရ၀ပြုခဲ့သည်။ ထို့နောက် ရဟန်းမင်းကြီးပေါလ် (၆) နှင့်ကော့တစ်ပ်ခရစ်ယာန်ဘာသာရေးခေါင်းဆောင် Shenouda III တို့ကြားတွေ့ဆုံခြင်း နှစ် (၄၀) ပြည့်နှစ်ပတ်လည်နေ့ကိုကျင်းပခဲ့သည်။ ထို့အတူ မေ (၁၀) အား ကက်သလစ်-ကော့တစ်ပ်ခရစ်ယာန်များချစ်ကြည်ရင်းနှီးသောနေ့အဖြစ်ကြေညာသတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ယနေ့ထိအစဉ်အလာမပျက်ကျင်းပလာခဲ့သည်။ နှစ်စဉ်ထိုနေ့ကိုအမှတ်ရ၍ နှုတ်ဆက်ဆုတောင်းသ၀တ်လွှာများပေးပို့ဖလှယ်ကြသည်။

ရဟန်းမင်းကြီးဖရန်စစ် ရဟန်းမင်းကြီးအဖြစ်ရွေးကောက်ခံရပြီး (၄) နှစ်မြောက်၌ ရဟန်းမင်းကြီးဖရန်စစ်လည်း အီဂျစ်နိုင်ငံ၊ ကိုင်ရိုသို့တမန်တော်ခရီးကြွရောက်ခဲ့သည်။ ထိုနေရာ၌ ပူးတွဲကြေညာချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုပူးတွဲကြေညာချက်၌ ဘာသာရေးခေါင်းဆောင် Taeadros II လည်းလက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူလက်မှတ်ရေးထိုးသောကြေညာချက်၌ အသင်းတော်နှစ်ခုလုံးမှဘာသာ၀င်အမျိုးသား (သို့) အမျိုးသမီးတို့သည် ဘာသာတွဲလက်ထပ်ခြင်းကျင်းပရာ၌ ခံယူခဲ့သောဆေးကြောခြင်းစက္ကရာမင်တူးကိုအချင်းချင်းလေးစားရန်ဖြစ်သည်။ ယခုတစ်ကြိမ်ကဲ့သို့ ရဟန်းမင်းကြီးမှစိန့်ပီတာရင်ပြင်၌ရောက်ရှိနေသောဘုရားဖူးများအားဩ၀ါဒမြွတ်ကြားရာတွင်ဩသိုဒေါ့ဘာသာရေးခေါင်းဆောင်လည်းမိန့်ကြားခဲ့သောပထမဦးဆုံးတစ်ကြိမ်ကား (၂၀၀၈) ခုနှစ်ကဖြစ်ပါသည်။ ထိုအချိန်က အမိသာသနာအားဦးဆောင်နေသောရဟန်းမင်းကြီးမှာ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ဖြစ်သည်။

ရဟန်းမင်းကြီးသည် အာမေးနီးယန်ခရစ်ယာန်ဘာသာရေးခေါင်းဆောင် Catholicos Karekin II အားဗာတီကန်သို့ဖိတ်ကြားခဲ့သည်။ သို့သော်သူသည် လူထုကြီးအား ဩ၀ါဒမိန့်ကြားခြင်းမပြုခဲ့ပေ။ ယခုတစ်ကြိမ်၌မူ Tawadros ကမိန့်ကြားရန်လက်ခံခဲ့သည်။

ဤအသင်းတော်နှစ်ခုကြား ပြေလည်သောဆက်ဆံရေးကို (၁၉၆၀) မှစတင်ဦးမော့လာခဲ့သည်။ (၁၉၆၈) ခုနှစ်၌ ကော့တစ်ပ်ဘာသာရေးခေါင်းဆောင် Cyril VI က
ရဟန်းမင်းကြီးပေါလ် (၆) အားကိုင်ရိုသို့ဖိတ်ခေါ်ပြီး အသစ်တည်ဆောက်ပြီးစီးခဲ့သော ကော့တစ်ပ်ခရစ်ယာန်တို့၏ကယ်သီဒရယ်ဘုရားကျောင်းကောင်းချီးပေးဖွင့်လှစ်သည့်အခမ်းအနားသို့တက်ရောက်စေခဲ့သည်။ သို့သော်ရဟန်းမင်းကြီးပေါလ် (၆) သည်ကိုယ်တိုင်ကိုယ်ကျမကြွရောက်နိုင်ခဲ့ပဲ စိန့်မာကု၏ဓာတ်တော်ကိုပေးပို့ခဲ့သည်။ စိန့်မာကုသည် အီဂျစ်နိုင်ငံ၌ဧ၀ံဂေလိတရားပြန့်ပွားအောင်သာသနာပြုခဲ့သောတမန်တော်ကြီးဖြစ်ခဲ့သည်။

စိန့်မာကု၏ဓာတ်တော်ကို Venetian ကုန်သည်တို့က (၉) ရာစုတွင်၄င်းတို့ထံမှယူလာခဲ့ခြင်းဖြစ်သည်။ ထိုသမိုင်း၀င်သောဆက်ဆံရေးသည် အသင်းတော်နှစ်ခုကြားပြန်လည်သင့်မြတ်ကြေအေးသောအသွင်ဆောင်သည့်လက္ခဏာကိုစတင်ပြသခဲ့ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးပေါလ် (၆) မှလည်း (၁၉၇၃) ၌ ကော့တစ်ပ်ဘာသာရေးခေါင်းဆောင် Shenouda အားဗာတီကန်သို့ဖိတ်ကြားခဲ့သည်။ ထိုနှစ်သည် အသင်းတော်နှစ်ခုလုံးမှ စိန့်အာသာနားစီအုစ့်၏ပျံလွန်ခြင်းနှစ် (၁၆၀၀) ပြည့်နှစ်ပတ်လည်ကိုအမှတ်ရကျင်းပသောနှစ်ဖြစ်သည်။ ထိုနှစ်၌ပင် Chalcedon အစည်းအ ဝေး ကြီး၌အခြေအတင်အငြင်းပွားခဲ့ကြသောယေဇူးသခင်၏ ဇာတိတော်နှင့်ဆိုင်သောသွန်သင်ချက်အကြောင်းကိုပြန်လည်ရေနူးမလုပ်ဆောင်တော့ရန်သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအချက်သည် ကက်သလစ်သာသနာနှင့်အရှေ့တိုင်းအသင်းတော်တို့ခွာကွဲခဲ့ရသည့်အကြောင်းတရားကြီးတစ်ခုဖြစ်ခဲ့သည်။

ထိုလက်မှတ်ရေးထိုးသောသဘောတူညီချက်၌ တမန်တော်ကြီးတို့မှဆင်းသက်လာသည့်အသင်းတော်များအားလုံးသည် ဘုရားစစ်မှဘုရားစစ်ဖြစ်သကဲ့သို့လူစင်စစ်လည်းဖြစ်သောယေဇူးသခင်၏တူညီသောသွန်သင်ချက်များကိုသာယုံကြည်လျှက်ရှိကြောင်းပါရှိသည်။ (Shalom World SWnews)

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3VpuGvT

Add new comment

3 + 6 =