ကိုးရီးယားကျွန်း၏ငြိမ်းချမ်းရေးသည် ကျွန်ုပ်၏အတွေးထဲ၊ ဆုတောင်းခြင်း၌အစဉ်ရှိဟုပုပ်ဖရန်စစ်မိန့်ကြား

ကိုးရီးယားကျွန်း၏ငြိမ်းချမ်းရေးသည် ကျွန်ုပ်၏အတွေးထဲ၊ ဆုတောင်းခြင်း၌အစဉ်ရှိဟုပုပ်ဖရန်စစ်မိန့်ကြား

စိန့်အန်ဒရူးကင်းမ်တေဂွန်သည် ကိုးရီးယားနိုင်ငံ၏ပထမဦးဆုံးကက်သလစ်ရဟန်းလည်းဖြစ်ပြီး ဓမ္မအာဇာနည်တစ်ပါးလည်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၄) တောင်ကိုးရီးယားသို့ကြွရောက်စဉ်က ဓမ္မအာဇာနည်ကြီး၏ဇာတိချက်ကြွေမြေသို့ကြွရောက်ဆုတောင်းခဲ့သည်။ ရဟန်းမင်းကြီးက ဓမ္မအာ ဇာနည်ကြီးအား ဧ၀ံဂေလိတရားဟောကြားသူတို့စံထားရမည့်သူဟုသူ၏တရားထောက်ရူချက်၌ထည့်သွင်းဂုဏ်ပြုမိန့်ကြားခဲ့သည်။

ယခုအခါ ဓမ္မအာဇာနည်ကြီးအားဂုဏ်ပြုသောအားဖြင့် သူ၏ဆင်းတုတော်ကို ရောမမြို့၊ ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်းကြီးပြင်ပ၌ ဘုရားဖူးများဖူးမြှော်နိုင်ရန်ထားရှိသည့်အခမ်းအနားကိုကျင်းပခဲ့သည်။ အ ခမ်းသို့ ကိုးရီးယားမှဘုရားဖူး (၃၀၀) ပါ၀င်ခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်က ကိုးရီးယားမှဘုရားဖူးအဖွဲ့နှင့်တွေ့ဆုံစဉ်၌ ဓမ္မအာဇာနည်ကြီးသည် သူလူလားမြောက်ကြီးပြင်းခဲ့ရသောကာလ၌ စစ်မြေပြင်ဖြစ်နေခဲ့သော်လည်း သူသည်အမုန်းတရား၏လောင်းရိပ်အောက်မရောက်ခဲ့ပေ။ ငြိမ်းချမ်းရေးမျိုးစေ့ကိုကြဲသူဖြစ်လာခဲ့သည်။

သူ၏စံပြုထိုက်သောအသက်တာသည် ကိုးရီးယားကျွန်းစွယ်အတွက်လည်းကောင်း၊ ကမ္ဘာကြီးတစ်ခု လုံးအတွက်လည်းကောင်း ကြိုတင်ဟောကိန်းတစ်ခုဖြစ်ခဲ့သည်။ သူနှင့်အတူခရီးသွားဖော်ဖြစ်ရခြင်း၊ ပြန် လည်‌ကြေအေးခြင်းကိုသက်သေခံခြင်းတို့သည်မက်လောက်စရာဖြစ်သသည်။ အနာဂတ်ကိုလက်နက်ကိုင်အကြမ်းဖက်ခြင်းဖြင့်မတည်ဆောက်ဘဲ သိမ်မွေ့သောအင်အားဖြစ်သည့် အိမ်နီးချင်းကောင်းပီသခြင်းတည် ဆောက်ခဲ့သည်မှာမယုံကြည်နိုင်လောက်အောင်ပင်ဖြစ်ခဲ့သည်။ ကိုးရီးကျွန်းဆွယ်၏ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် ဓမ္မအာဇာနည်စိန့်အန်ဒရူးကင်းမ်၏ကြား၀င်ဆုတောင်းပေးခြင်းကိုတောင်းခံကြပါစို့။ ကိုးရီး ယားကျွန်းဆွယ်၏ငြိမ်းချမ်းရေးသည် ကျွန်ုပ်၏အတွေးထဲ၊ ဆုတောင်းခြင်းထဲ၌အစဉ်ရှိနေသည်ဟုမိန့်ကြားခဲ့သည်။

ဓမ္မအာဇာနည်အန်ဒရူးကင်းမ်၏ဆင်းတုတော်ကို စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၏ပြင်ပ၍ထားရှိခြင်းသည် တောင်ကိုးရီးကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဓမ္မအာဇာနည်၏မွေးဖွားခြင်း နှစ် (၂၀၀) ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/V9N7

Add new comment

11 + 2 =